Get Mystery Box with random crypto!

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ | EDM 017's Channel

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။

အဆိုပါဓာတ်ပုံကို Tineye မှ စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၇ ရက်စွဲနဲ့ ဧရာဝတီသတင်းဌာနက အနောက်မြောက်ပိုင်းမှ ဗုဒ္ဓဘာသာဝင်ရခိုင်များနဲ့ ဟိန္ဒူထောင်ပေါင်းများစွာကို ကယ်ထုတ်လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာလည်း ဒီဓာတ်ပုံကိုအသုံးပြုထား တာတွေ့ ရပါတယ်။

Source -
https://myanmar.factcrescendo.com/this-photo-is-an-evacuation-of-rakhine-buddhist-and-hindu-in-2017-not-related-with-current-kyone-pyaw-clashes/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017