Get Mystery Box with random crypto!

ဒုတိယမြောက် လူတွေ့ရုံးချိန်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ | EDM 017's Channel

ဒုတိယမြောက် လူတွေ့ရုံးချိန်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့အဖွဲ့က လွတ်လပ်သောသတင်းမီဒီယာများနှင့်တွေ့ဆုံဖြေကြားရာတွင် ရှေ့နေဒေါ်မင်းမင်းစိုးပြောသည်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုထိ သူ့စရိတ်နဲ့သူပဲနေနေတယ်ဆိုသည်ကိုမျှဝေလိုခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းတင်ပြချက်ကို တွေ့ရသည်။ သူမ၏ငွေရေးကြေးရေးအခြေအနေက သူမနဲ့ရင်းနှီးတဲ့ရှေ့နေတွေကိုတိုင်ပင်တာ ဖြစ်ပြီး လူထုကိုပြောစေတာလဲမဟုတ်၊ သိစေတာလဲမဟုတ်ဘူးလို့ ဆိုပါတယ်။ ထို့အပြင် သူမရဲ့ ရှေ့နေတွေကလဲ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီးအလှူငွေ စသည်ပေးပို့တာကို လက်ခံရယူမှာမဟုတ်သည့်အတွက် လုံးဝမပို့ရန် အပြတ်ပြောထားသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ပံ့ရန်အလှူခံခြင်း မပြုရန်နှင့် ထိုကဲ့သို့ အလှူခံသည်မှာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းခြင်းသာဖြစ်နိုင်ကြောင်း ပြောဆိုခြင်းဟု နားလည်သဘောပေါက်မိ၍ ပြန်လည်တင်ပြလိုက်ပါသည်။

Source -
https://m.facebook.com/story.php?story_fbid=2038844192921156&id=100003867865400

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017