Get Mystery Box with random crypto!

ကျောင်းသားတွေကို စာသင်ကျောင်းတစ်ကျောင်းမှာ ရဲတွေက ရိုက်နှက်နေတ | EDM 017's Channel

ကျောင်းသားတွေကို စာသင်ကျောင်းတစ်ကျောင်းမှာ ရဲတွေက ရိုက်နှက်နေတဲ့ဗီဒီယိုလို့ဆိုတဲ့ အဆိုနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပို့စ်အများအပြားမှ ပြန်လှည်မျှဝေနေကြပြီး ကြည့်ရှုတဲ့အကြိမ်ပေါင်း သန်းနဲ့ချီရှိနေပါတယ်။

အချက်အခြာကျတဲ့စကားလုံးများနဲ့ Facebook မှာရှာဖွေစစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ဒီဖြစ်စဉ်ကို ၂၀၂၀ခုနှစ်တုန်းက ရိုက်ကူးထားတဲ့ ၁၅ မိနစ်ကြာ Facebook တိုက်ရိုက် ဗီဒီယိုဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ရဲ့ Facebook စာမျက်နှာမှာ တင်ထားပါတယ်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဟာ ကြိုတင်အသိမပေးဘဲ စီတန်းလှည့်လည်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာ ဖြစ်တယ်လို့ သတင်းဆောင်းပါးတွေမှာ ဖော်ပြထားခဲ့ပါတယ်။ ဒီဗီဒီယိုကို ရန်ကုန်မြို့ ကမာရွတ်တရားရုံး ရှေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Source -
https://factcheckmyanmar.afp.com/2020-khunck-mnmaa-ttraarunremaa-rainaikeaangsaamaa-akheattng-phccnyk-biidiiyiusaaphc

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017