Get Mystery Box with random crypto!

လူထုရဲ့သောင်ပြိုကမ်းပြိုထောက်ခံမှုနဲ့ တရားဝင်အစိုးရ အဖြစ် ရပ်တ | EDM 017's Channel

လူထုရဲ့သောင်ပြိုကမ်းပြိုထောက်ခံမှုနဲ့ တရားဝင်အစိုးရ အဖြစ် ရပ်တည်နိုင်ခဲ့ပြီးကာမှ နောက်ထပ် ထပ်မံပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရဖို့ရှိနေချိန်မှာပဲ ပြန်လည်ထိန်းသိမ်းခံရတဲ့ ဖြစ်ရပ်မျိုးကို အမျိုးသမီးနိုဘယ်ဆုရှင်နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးကြုံတွေ့ရသူလည်းဖြစ်ပါတယ်။

ထိန်းသိမ်းခံကာလ ရက်ပေါင်း ၁၂၀ ကျော်ကို အရောက်မှာတော့ ထိန်းသိမ်းခံအခြေအနေမှာ ငွေကြေးအကျပ်အတည်းနဲ့ပတ်သက်လို့ ရှေ့နေကတစ်ဆင့်ပြောလာပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဆီကနေ ပေးမယ့် အထောက်အပံ့ကိုတော့ မလိုချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားပြောလာပါတယ်။ ပြောကြားချက်နဲ့ ပတ်သက်ပြီး အလှူငွေ ပေးပို့လိုတဲ့ ကမ်းလှမ်းချက်တွေ ရှိလာပေမယ့် လက်ခံမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ အဖွဲ့ကို ဦးဆောင်သူ ရှေ့နေ ဦးခင်မောင်ဇော်ကပြောကြားထားပါတယ်။

အပြည့်အစုံ ဖတ်ရှုရန် -
https://www.bbc.com/burmese/burma-57395652

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017