Get Mystery Box with random crypto!

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပု | EDM 017's Channel

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် အတူနေ ၈ ဦးတို့ထံ အစားအသောက်ရိက္ခာ ၄ သိန်းဖိုးအား ရဲတပ်ဖွဲ့ဝင်များကတဆင့် ပို့ပေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယမန်နေ့က နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ်ရှိ သီးသန့်တရားရုံးတွင် ရုံးထုတ် ရာ၌ ၎င်းနှင့်အတူနေသူများ စားသောက်ရေးအတွက် ငွေနှင့် လိုအပ်သည့်ဆေးဝါးများ ကူညီပေးဆောင်ရွက်ပေး ရန် ရှေ့နေများအား ပြောကြားခဲ့သည့်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းနေရစဉ်အတွင်း စစ်ကောင်စီဘက်က ပေးပို့သည့်ပစ္စည်းများအား လက်မခံလို ကြောင်းလည်း ၎င်းကပြောခဲ့သည်ဟုရှေ့နေများကပြောသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/06/08/242653.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017