Get Mystery Box with random crypto!

လာမည့် ဇွန်လ ၁၀ရက်မှစ၍ ၂၃ရက် အင်တာနက်ဖြတ်မည်ဟုဆိုကာ သတင်းမှားရ | EDM 017's Channel

လာမည့် ဇွန်လ ၁၀ရက်မှစ၍ ၂၃ရက် အင်တာနက်ဖြတ်မည်ဟုဆိုကာ သတင်းမှားရေးသားခြင်းရှိလာကြောင်း သိရသည်။

ယခု အင်တာနက်အခြေ‌အနေမှာ ဖိုင်ဘာအင်တာနက်၊ Wireless Broadband အပြင် မိုဘိုင်းဒေတာများကိုပါ ၂၄နာရီ ပြန်ဖွင့်ပေးထားပြီး စစ်ကောင်စီမှ အသုံးပြုစေလိုသည့် ကွန်ရက်၊ ပလက်ဖောင်းများကိုသာ အသုံးပြုခွင့်ပေးထားကာ ကျန် Facebook စသော လူသုံးများသည့် လူမှုကွန်ရက်များအား ပိတ်ထားဆဲဖြစ်သည်။ အင်တာနက်များအားလုံး ကန့်သတ်ပိတ်ဆို့မှုများဖြင့် ပြန်ဖွင့်ထားပြီးနောက်ပိုင်း ဖြတ်တောက်မှုဟူ၍ NUG မှ သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် အချိန်ကသာ နာရီပိုင်းမျှ ဖြတ်တောက်ထားခဲ့ဖူးသည်။

ရှေ့အင်တာနက်ဖြတ်တောက်မှု ဖြစ်စဉ်များအား လေ့လာခြင်းဖြင့် ISP များမှ အတည်ပြုပေးမှသာ အင်တာနက်အမှန်တကယ် ဖြတ်တောက်မှုရှိခဲ့ပြီး ယခုရေးသားမှုမှာမူ ISP များထံမှ အတည်ပြုချက်မရသည့်အတွက် သတင်းမှားရေးသားမှုသာဖြစ်ကြောင်း ကောက်ချက်ချရသည်။ သတင်းမှားဖြန့်သူမှ ဖတ်ရှုသူများကို မလိုလားအပ်‌သော အ​ကြောက်တရားများ ဖြစ်လာအောင် ပို့စ်ကို အခါခါ ပြင်ဆင်ထားတတ်ကြောင်းကိုလည်း သတိပြုမိသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017