Get Mystery Box with random crypto!

နိုင်ငံတော်အတိုင်ပင်ခံအား စစ်ကောင်စီမှ အဂတိလိုက်စားမှုပုဒ်မတစ် | EDM 017's Channel

နိုင်ငံတော်အတိုင်ပင်ခံအား စစ်ကောင်စီမှ အဂတိလိုက်စားမှုပုဒ်မတစ်ခု ထပ်တိုးပြန်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ငွေကြေးနှင့်ရွှေ လက်ခံရယူသည်ဟုလည်းကောင်း၊ ရန်ကုန် ဗဟန်းရှိ ဒေါ်ခင်ကြည် ဖောင်ဒေရှင်းနေရာနှင့် နေပြည်တော်ရှိ လရောင်တော်စိုက်ပျိုးသက်မွေးပညာကျောင်း စီမံကိန်း တို့၌ လုပ်ထုံးကိုဖောက်ဖျက်သည့်အတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အမြား နစ်နာရသည်ဟုလည်းကောင်း စွတ်စွဲကာ အမှုထပ်တိုးခြင်းဖြစ်သည်။

အဆိုပါ အမှုထပ်တိုးခြင်းနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယခုလိုထပ်တိုးတာဟာ အခြေအမြစ်မရှိဘူးဟု ပြောသည်။ ‌နိုင်ငံတော်အတိုင်ပင်ခံဟာ ယခုပုဒ်မပါဆိုလျှင် စစ်ကောင်စီမှ အမှုဖွင့်စွတ်စွဲသည့် ပုဒ်မပေါင်း ၇ခုရှိပြီဖြစ်သည်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/institutional-57433532

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017