Get Mystery Box with random crypto!

ဇွန် ၉ရက်နေ့ညက ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အစ္စလာမ်ဘာသာ​ရေးစာသ | EDM 017's Channel

ဇွန် ၉ရက်နေ့ညက ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အစ္စလာမ်ဘာသာ​ရေးစာသင်ကျောင်းတခု မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီသတင်းတက်လာပြီးချိန် မရှေးမနှောင်းမှာပဲ ဒလက ကမာကသွယ် ဗလီထဲမှာ သိုဝှက်ထားသော လက်လုပ်မှိုင်းများ ပေါက်ကွဲမီးလောင်ဆိုတဲ့သတင်း ပျံ့နှံ့လာပါတယ်။ ဒီသတင်းကို ပြန်လည်မျှဝေသူ 600 ကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

"မီး​လောင်ချိန်ဟာ ည ၁၁ နာရီ​ကျော်ဖြစ်ပြီး ကာဖျူးထုတ်ထားတဲ့အချိန်ဖြစ်တယ်။ အရပ်ဝတ်စစ်သားတွေနဲ့ စစ်ကား​တွေ လှည့်ပတ်​နေတာသာ ရှိ​နေတဲ့ကြားက​နေ မီးထ​လောင်တာပါ။ ​ကျောင်း​တော်မှာလည်း ​လောင်စရာ ​လောင်စာဆိုလို့ ဘာမှမရှိပါဘူး။ ဒီမီး​လောင်မှုဟာ ဘာသာ​ရေးပဋိပက္ခဖြစ်​အောင် လုပ်​နေတယ်လို့ သုံးသပ်တယ်" လို့ ​ဖြေဆိုပါတယ်။ တခြားလွတ်လပ်တဲ့ သတင်းမီဒီယာ​တွေမှာလည်း လက်လုပ်မိုင်း​တွေပေါက်ကွဲမီးလောင်တယ်ဆိုတာမျိုး ဖော်ပြထားတာ မရှိပါဘူး။

Source -
https://thinkbeforeyoutrust.com/2021/06/11/dala-mosque-fake/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017