Get Mystery Box with random crypto!

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း သေဆုံးခြင်းမရှိဘဲ ကျန်းမာစွာ | EDM 017's Channel

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း သေဆုံးခြင်းမရှိဘဲ ကျန်းမာစွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက မီဒီယာသို့ ထုတ်ဖော်ပြောဆိုပြီး ယနေ့ညသတင်းများတွင်လည်း သက်ရှိထင်ရှားရှိနေသည်ကို ပြသသွားသည်။

စိုးဝင်းသည် သေဆုံးခြင်းမရှိဘဲ ကျန်းမာလျက်ရှိသည့်အပြင် ယနေ့ အမျိူးသားမြေယာ မူဝါဒအစည်းဝေးတက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဈေးကုန်းဆရာတော်ကြီးရုပ်ကလပ်ကိုကြည်ညိုခဲ့ကြောင်း၊ သတင်းများတွင် ပါမည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်ဟု သိရှိရသည်။

ယနေ့ည ၈ နာရီ ကြေညာသော စစ်ကောင်စီ ဝါဒဖြန့်သတင်းများတွင် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးလည်း သက်ရှိထင်ရှားရှိနေသည်ကို ပြသသွားပြီး စိုးဝင်းလည်း မြေယာ အစည်းအဝေးတက်ရောက်သည့်သတင်းကိုလည်း ကြေညာသွားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1219702438467100&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017