Get Mystery Box with random crypto!

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုထဲက 'ကျနော့်နာမည် မောင်အောင | EDM 017's Channel

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုထဲက 'ကျနော့်နာမည် မောင်အောင်ဟိန်း' ပါလို့ ပြောတဲ့သူဟာ တကယ်တော့ နာမည်ရင်း 'အောင်ဆက်' ဖြစ်ပြီး သူ့ကို ရန်ကုန်လေဆိပ်မှာ တက္ကစီမောင်းတဲ့သူတွေက သိကြပါတယ်။ ဗွီဒီယိုထဲမှာ သူပြောသလို သူမိန်းမက ကွမ်းယာရောင်းတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကသာ ကွမ်းယာရောင်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်း သူ့အမျိုးသမီး ကွမ်းယာရောင်းတာကို မတွေ့ရတော့ဘူးလို့ ပြောကြပါတယ်။

"ဒီကောင်က (ဗွီဒီယိုထဲ ပါသလို) ပိုက်ဆံသုံးသောင်းလောက်နဲ့ လုပ်စားမယ့်ကောင်မျိုး မဟုတ်ဘူး။ တခါတုန်းက (ပြည်လမ်း) အေဒီမီးပွိုင့်မှာ ကား ၆ စီးဆင့်တိုက်ခဲ့တုန်းကတောင် ဒီကောင်က အေးဆေးပဲ" လို့ သတင်းပေးလာသူတစ်ဦးက ဆိုပါတယ်။ အောင်ဆက်မောင်းသည့် တက္ကစီကုမ္ပဏီမှာ လှိုင်သာယာ ပန်းလှိုင်အိမ်ယာမှာဟု သိထားကြပြီး ၎င်း၏ တက္ကစီပိုင်ရှင် သူဌေးမှာ နှင်းဆီပါတီမှဟု ယူဆထားကြသော်လည်း Mratt's Channel က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

Source -
https://m.facebook.com/story.php?story_fbid=128910812667316&id=106652941559770

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017