Get Mystery Box with random crypto!

တပ်ကြပ်ကြီး ဖိုးစီ🇲🇲

டெலிகிராம் சேனலின் சின்னம் phoesi789 — တပ်ကြပ်ကြီး ဖိုးစီ🇲🇲
டெலிகிராம் சேனலின் சின்னம் phoesi789 — တပ်ကြပ်ကြီး ဖိုးစီ🇲🇲
சேனல் முகவரி: @phoesi789
வகைகள்: அரசியல்
மொழி: தமிழ்
சந்தாதாரர்கள்: 8.05K
சேனலில் இருந்து விளக்கம்

I am just a nobody

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 6

2021-09-01 09:37:01 သမီးကောင်းဇာနည်

■ ရုရှားမှာ ကျင်းပတဲ့ ARMY ဂိမ်းပြိုင်ပွဲတွေမှာ တပ်မတော်အနေနဲ့ ဘက်ပေါင်းစုံက ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အထဲမှာ ဒီနှစ်ထူးထူးခြားခြား ဝင်ပြိုင်တာက AIRBORNE ပြိုင်ပွဲ ဖြစ်ပါတယ်။ အနုပညာပိုင်းအရဆိုရင်တော့ ဆိုကရေးတီးတွေနဲ့ ပြိုင်တာကတော့ သပ်သပ် ပေါ့။

■ ဒါပေမဲ့ ပြောစရာဖြစ်ရတာက မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆေးတပ်ဖွဲ့တွေရဲ့ “စစ်မြေပြင် ဆေးကုသခြင်းနဲ့အရေးပေါ်ကယ်ဆယ်ခြင်း ”ဆိုတဲ့ပြိုင်ပွဲပဲ ဖြစ် ပါတယ်။ ဘာလို့ ပြောစရာ ဖြစ်ရသလဲဆိုတော့ ပေါင်ချိန် ၁၁၀ ပတ်ဝန်းကျင် မှာ ရှိတဲ့ မြန်မာ့တပ်မတော်အမျိုးသမီး စစ်သည်က ပေါင်ချိန် ၁၈၀လောက်ရှိပြီး အရပ်အမောင်းကောင်းတဲ့ ယောကျ်ားသား စစ်သည်တစ်ဦးကို စစ်မြေပြင် သယ်ယူခြင်းအတိုင်း (သေနတ်နဲ့ကျောပိုးအိတ်အပါ) တွားတွားပုံစံ၊ ကျားသစ် ချောင်းပုံစံနဲ့ သယ်ယူခဲ့တဲ့ မြင်ကွင်းရုပ်သံဖြစ်ပါတယ်။

■ အဲလို ကျားသစ်ချောင်းပုံစံနဲ့သယ်ယူပြီးတဲ့နောက်မှာ စစ်မြေပြင်ဆေးကုသ မှုတွေကို အစီ အစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီးတော့ မီတာ(၃၀)လောက်အကွာ အဝေးကို ထမ်းပိုးပြီး သွားခဲ့တဲ့မြင်ကွင်းကလည်း ဂုဏ်ယူစရာကောင်း လှပါ တယ်။ ဒါမျိုး သာမန် အမျိုးသမီးတွေ မလုပ်နိုင်သလို သာမန် ယောကျ်ားလေး တွေလည်း လုပ်ဖို့မလွယ်ကူပါဘူး။ ဘာလို့လဲဆို တော့ ပြိုင်ပွဲ သဘောသဘာဝ အရ တဆက်တည်းလုပ်ရတာဖြစ်လို့ ခံနိုင်ရည်ရှိဖို့ အရမ်း လိုအပ်ပါတယ်။ “မော”တဲ့ဒဏ်ကိုလည်း အရမ်းခံရမှာဖြစ်ပါတယ်။


■ လူတိုင်းစစ်သားဖြစ်ဖို့ မလွယ်သလို ယောကျ်ားလေးတိုင်း စစ်သားမဖြစ်တဲ့ အခြေအနေ မှာ ယူနီဖောင်းဝတ်ပြီး နိုင်ငံဂုဏ်ဆောင်နေတဲ့ ဒီလိုအမျိုးကောင်း၊ အမျိုးသမီး စစ်သည်/အရာရှိလေးတွေကို မြင်ရတာ ကျက်သရေ ရှိပါတယ်။ ( မိန်းမတွေကိုပြစ်ပြီး ကိုယ့်ကိုကိုယ် ဂုဏ်ဖော်နေတဲ့ CDM တပ်ပြေးအရာရှိ ပြုတ်တွေနဲ့တော့ စကွဲနဲ့ဖွဲပါပဲ)



#ဖိုးစီ
1 view06:37
திற / கருத்து
2021-09-01 08:43:21
ထီပေါက်စဉ်
813 views05:43
திற / கருத்து
2021-09-01 08:04:57
ဆေးပညာဘွဲရ ဆရာဝန်(အမျိုးသမီး)နှင့်၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲရ ဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း များခေါ်ယူခြင်း။#ဖိုးစီ
1.3K views05:04
திற / கருத்து
2021-09-01 07:58:58
ဘော်လုံးဟာ ဘော်လုံးပါပဲ။ #ဖိုးစီ
1.3K views04:58
திற / கருத்து
2021-09-01 07:58:27 ဘော်လုံးဟာ ဘော်လုံးပါပဲ…

■ မောင်ချောနွယ်ရဲ့ ကဗျာတပုဒ်လိုပါပဲ…။ “လူတိုင်းရဲ့ရင်ဘက်ထဲမှာ ပင်လယ်တစ်ခု ရှိတယ်တယ်။ ဒါပေမဲ့ လူတိုင်းက တော့ အဲ့ဒီပင်လယ်ကို စီးဆင်းအောင် မလုပ်နိုင်ကြဘဲ မေ့နေတတ်ကြတယ်တဲ့။ တကယ်တမ်း ကြတော့ ကျွန်တော်တို့တွေ ဟာ ဒီကဗျာလေး အတိုင်း ပါပဲ။ တချို့တချို့ တွေကတော့ တမင်မေ့ချင်ယောင်တွေ ဆောင်ထားပြီး အတိတ်တွေကို မေ့ ချင်ယောင်ဆောင်ထားတတ်ကြသလိုပေါ့။

■ တွေ့ချင်သူတွေကို ချက်ခြင်းမြင်တွေ့ချင်လွန်းတဲ့အခါ ..ခုဆို နိုင်ငံတကာ ပွဲတွေကို အရမ်း မုန်းတတ်နေပါပြီ။ ရွေးချယ်စရာများတဲ့ နေ့ရက်တွေထဲမှာမှ စနေနဲ့တနင်္ဂနွေဟာ ကျွန်တော့်တို့အတွက် ပုန်းခိုချင်စရာသိပ်ကောင်း တဲ့နေရာ တစ်ခုပါပဲ။ လွတ်လွတ်လပ်လပ် ပျံသန်းကြတဲ့ ငှက်ငယ်တွေလိုပေါ့။ တချို့ အသိုက်ပြောင်းတာတွေက ကြေကွဲစရာကောင်း သလို တချို့ အသိုက်ပြောင်း ငှက်တွေ ဘဝကလည်း စိတ်ချမ်းမြေ့စရာ ကောင်းပါတယ်။


■ ဒီနှစ်လာလီဂါပိတ်ကားချပ်တွေကို ဆွဲဖွင့်ရင် အရင်နွေလို လူစည်ပါ့ဦးမလား ဆိုတာ သိပ်ကို သိချင်ကြတဲ့ မေးခွန်းတွေလည်းဖြစ်မယ်ထင်ပါတယ်။ မှော်ဆန်တဲ့ ခြေထောက် ပိုင်ရှင် မရှိတော့ဘူး။ ဒေဝါလီခံဖို့ ဟန်ပြင်နေတဲ့ နူးကန့်မှာ ကျွန်တော်တို့တွေက ဘာတွေ မျှော်လင့်နေဦးမှာလဲ?။ မက်ဆီ မရှိ တော့တဲ့ ဘာစီလိုနာကို ကြည့်ရမှာ တကယ့်ငရဲပါပဲ။ ဒါဆို အမ်ဘက်ဘီကို ငွေပုံပေးပြီး ဝယ်မရတဲ့ ရီးရဲလ်တို့ကရော ?။ ဘော်လုံးဟာ ဘော်လုံးနဲ့တူပြီး ခန့်မှန်းရခက်တယ်ဆိုတာထက် ပိုပြော ဖို့ခက်တဲ့ အခိုက်အတန့်တွေကြီးပါပဲ။


■ တစ်စုံတစ်ယောက်က သူရှင်သန်ကြီးပြင်းခဲ့တဲ့ အိမ်ကို သူရဲကောင်းဆန်ဆန် နဲ့ ခေါင်းမော့ရင်ကော့ပြီးပြန်လာခဲ့ပေမဲ့ တစ်စုံတယောက်ကတော့ နယ်မြေသစ် မှာ ကြိုဆိုသူ မဲ့ခဲ့ပြီး အမှားတွေကိုသာ ပိုက်ပြီး ပြန်လာခဲ့ရတာကို မြင်တွေ့ ခဲ့ရ တယ်။ တကယ်တော့ ဘယ်လိုပဲ ပြန်လာပြန်လာ….မာယာတော တွေထဲ မှာ မောတဲ့အခါ ကျွန်တော်တို့တွေက “အိမ်”တွေကိုပဲ တန်းတန်းမတ်မတ် ပြန်လာ ရတတ်တာကိုက သဘာဝ ပဲထင်ပါရဲ့။ သူစိမ်းတွေရဲ့ ခြောက်ကပ် ကပ်လှောင် ရယ်သံတွေထက်စာရင် အိမ်သားတွေရဲ့ မျက်စောင်းက ပိုပြီးနွေးထွေးစေနိုင်ဦး မှာပဲမဟုတ်လား။ ရင်ခုန်သံတွေနောက်လိုက်မိရင်း အသဲကွဲသွားတဲ့ သားတွေ အိမ်ကို ပြန်လာကြသလိုပေါ့။ “အိမ်”ဟာ အိမ်နဲ့တူတာကို “ဂရစ်စမန်း”တစ် ယောက် ခုချိန် သိလောက်ပါပြီ။


■ ကြည့်ပါဦး။ ၁၂ နှစ်ကြာပျောက်သွားတဲ့ ကလေးလေးတစ်ယောက်က အိမ်ကို တစိုက်မတ်မတ် ပြန်လာနေလေရဲ့။ ဒါဆို ကျွန်တော်တို့တွေက သူ့ဆီက ဘာတွေမျှော်လင့် နေသေး တာလဲ ဆိုပြီး မေးစရာရှိပါတယ်။ ပြီးတော့ရော DM စစ်စစ် ဒေါင်ဒေါင်မြည် မရှိတဲ့ မန်ချက်စတာကိုရော ဘယ်ဖလားတွေ မှန်းချင်နေသေးတာလဲ?လို့ မေးစရာရှိပါတယ်။ ထားလိုက်ပါဦး။ ကျားကို အတောင်ပံ တပ်ပေးမဲ့ “ဆောနီဂွတ်” အကြောင်းလှည့်ကြဦးစို့။ သူတို့မှာ စံချိန်တင်တိုက်စစ်မှူးရှိတယ်။ သူတို့မှာ UEFA ရဲ့ တနှစ်တာအကောင်းဆုံး ကစား သမားရှိတယ်။ UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ဂိုးသမားရှိတယ်။ UEFA ရဲ့ တနှစ်တာ အကောင်းဆုံးကွင်းလယ်သမားရှိတယ်။ ပြီးတော့တနှစ်တာ အကောင်းဆုံး မန်နေဂျာ တူချယ်ရှိ တယ်။ တကယ်ဆို ဒီနှစ် ပရီးမီယားလိဂ်မှာ “ဘာလိုသေးလဲ အချစ်ရယ်”လို့ မေးရမှာ တောင် ချလ်ဆီးအတွက်အားနာစရာ ကောင်းပါတယ်။


■ တကယ်တော့ ကိုဗစ်စိတ္တဇတွေနဲ့ ကုန်ဆုံးရတဲ့နေ့တွေ ကို မြန်မြန်ကျော် ဖြတ် ချင်နေမိပါပြီ။ ဘောလုံးပွဲတွေ ပြန်လာတာကောင်းပါတယ်။ ဘီယာဆိုင် တွေမှာ လွတ်လွတ်လပ်လပ် ပြန်အော်ရတာ ကြိုက်ပါတယ်။ ဒါပေမဲ့လို့ ကလေးတစ်ယောက်ရဲ့ သူဖြစ်ချင်တဲ့အိပ်မက်တွေကို ဖြစ်ခွင့်မပေးတဲ့ PSG ကို မုန်းရင်းနဲ့ မက်ဆီကစားတာကို စောင့်ကြည့်ရမှာ ရှက်စရာ ကောင်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်တွေကို မှ ငွေနဲ့အလဲထိုးရင် ဖလားယူတတ်တဲ့ ဘိုင်ယန် ထက်စာရင်…(၃)ပွဲရှုံး၊(၉)ဂိုးပေးထားပြီး အဆင့် (၂၀)မှာတန်းစီနေတဲ့ အာကြီး အကြောင်း ကို ပြောရတာက ပိုပြီး လိပ်ပြာ လုံရတယ်မဟုတ်လား။


■ မော်ရင်ဟိုလည်း ရိုမားမှာ အဆင်ပြေပါစေ၊ မပျော်တဲ့ကလေးတွေလည်း အိမ်ကို ဖြောင့် ဖြောင့်ကြီး ပြန်ရောက်ကြပါစေ။ တကယ်တော့ ဒီနှစ်နွေဟာ အရင်နွေတွေထက်တော့ ပို ပြီးပူလောင်ခဲ့တယ်ဆိုတာ…”မက်စ်”တွေ တပ်ထား ရင်းနဲ့ နိုင်ငံပွဲတွေ အပြီးကို စိတ်ရှည် ရှည်နဲ့စောင့်ကြပါစို့။ဒါတောင် “ဟာရီကိန်း နဲ့ဝီလီယံ”အကြောင်းမပြောသေးဘူး။ ဒါကပဲ ကျွန်တော်တို့စောင့်မျှော်နေတဲ့ သားရဲတွေရဲ့စီးချင်းတိုက်ပွဲမဟုတ်လား။ "ဘော်လုံးဟာ ဘော်လုံးပါပဲလေ"။



#ဖိုးစီ
1.3K views04:58
திற / கருத்து
2021-09-01 06:51:53
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ယနေ့ နေပြည်တော်မှ ထွက်ခွာ။ #ဖိုးစီ
1.7K views03:51
திற / கருத்து
2021-09-01 06:34:54
မိမိ အား ကုလမှ ပြန်ခန့်ရေး အတွက် စက်တင်ဘာ ၁၁ ရက်နေ့တွင် GZ လူငယ်များအနေဖြင့် အင်တိုက်အားတိုက် ဆန္ဒပြ တောင်းဆို ဝန်းရံပေးကြရန် ကျော်မိုးထွန်းတောင်းဆို။ #ဖိုးစီ
1.8K views03:34
திற / கருத்து
2021-09-01 04:37:01
PDF များ၏ နေ့စဥ်နှင့်အမျှ မိုင်းထောင် ဗုံးခွဲနေခြင်းများအပေါ် မျက်ကွက်ပြု၍ ဘာသာခြား ခေါင်းဆောင် တစ်ဦး က အိမ်စောင့်အစိုးရတခုတည်းအပေါ်တွင်သာ ကွက်ကြားမိုးရွာ၍ အပြစ်တင်ပြောဆို ဝန်ဖန်။ #ဖိုးစီ
2.2K views01:37
திற / கருத்து
2021-09-01 04:12:01
ကွမ်းလုံ-လောက်ကိုင်သွားကားလမ်းမပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသော ကားနှစ်စီးဖမ်းဆီးရမိ။
2.3K views01:12
திற / கருத்து
2021-09-01 03:07:00
အဲ့တော့ ငါတို့က လစာထုတ်ရမှာလား မထုတ်ရသေးဘူးလား ? ။#ဖိုးစီ
2.4K views00:07
திற / கருத்து