Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 16

2021-05-20 19:41:23 EDM 017's Channel pinned a photo
16:41
திற / கருத்து
2021-05-20 19:41:10
မြန်မာနိုင်ငံတွင်း ‌တစ်ရက်တစ်ခြား နိုင်ငံ့အရေးနှင့် ပတ်သက်၍ များစွာဖြစ်ပျက်နေပြီး အဆိုပါအကြောင်းအရာများကို လူမှုကွန်ရက်များတွင် သတင်းမျှဝေသူ ဒုနှင့်ဒေးရှိပါတယ်။ သို့ရာမှာ မိမိသိရှိထားသည်အား သတင်းမှား၊ သတင်းမှန် ခွဲခြားတတ်ဖို့ အထူးလိုအပ်သလို၊ တစ်ပါးသူကို သတင်းမှားထပ်မဖြန့်မိဖို့ အရေးကြီးပါတယ်။

Reuters သတင်းဌာန နဲ့ Facebook Journalism Project တို့ပူးပေါင်းတင်ဆက်တဲ့ နှစ်နာရီစာ အခမဲ့ Course အတိုလေးမှာ သတင်းရယူခြင်း၊ စိစစ်ခြင်း၊ လူမှုကွန်ရက်ပေါ်ပြန်လည် မျှဝေခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိဖို့ စတဲ့ အကြောင်းအရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

Course - reutersdigitaljournalism.com

အသေးစိတ် ဖတ်ရှုရန် -
https://www.facebook.com/journalismproject/training/reuters-digital-journalism-course

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.2K views16:41
திற / கருத்து
2021-05-20 17:44:38
ယနေ့ မေ ၂၀ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.1K views14:44
திற / கருத்து
2021-05-20 17:41:08
ချောဆွဲခံရသည့် ဒရိုင်ဘာ စစ်ကောင်စီတပ်သားများပါသောကားကိုမောင်းခိုင်းခံရရာ ချောက်ထဲထိုးဆင်းလိုက်ဟူ‌သော သေချာမှုမရှိသည့်သတင်းနှင့်အတူ အမျိုးသားတစ်ဦး၏ ပုံနှင့် စစ်ကားတိမ်းမှောက်နေသည့်ပုံနှစ်ခုနှင့်တွဲ၍ လူမှုကွန်ရက်ပေါ်‌တွင် မျှဝေရေးသားနေကြကြောင်းသိရသည်။

အဆိုပါ စစ်ကားတိမ်းမှောက်နေသည့်ပုံမှာ ၂၀၁၂ခုနှစ်က ဩစတြေးလျနိုင်ငံတွင် စစ်ကားတိမ်းမှောက်ခဲ့သည့် သတင်းပုံသာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံနှင့် သက်ဆိုင်ခြင်း လုံးဝမရှိပါ။ သတင်းပုံအမှားဖြစ်ပါသည်။ ထို့အတူ အဆိုပါ စစ်ကောင်စီတပ်သားပါကား ချောက်ထဲထိုးဆင်းသည်ဆိုသော သတင်းကို မည်သည့်ယုံကြည်ရသော သတင်းဌာနကမျှ တင်ပြခြင်းမတွေ့ရသေးပါ။

မူရင်းသတင်း (၂၀၁၂ ခုနှစ်)
https://www.abc.net.au/news/2012-10-11/soldier-dies-after-army-truck-rollover/4307808

ရုပ်သံ
https://www.smh.com.au/national/holsworthy-soldier-found-not-guilty-20170302-4r7zs.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.2K views14:41
திற / கருத்து
2021-05-20 16:41:44
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဒုတိယအကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီတက်ရောက်မည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

“ကျနော်က အရင်ကတည်းက မတက်လို့ပြောပြီးသားပါ။ အရင်က ပွဲကို မတက်တာကို ဒုတိယပွဲကို တက်မှာလား၊ ကျနော်တို့ မတက်ဘူး ” ဟု ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မနက်ဖြန် မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ပါတီတစ်ခုမှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ပါတီတာဝန်ရှိသူ တစ်ဦးကျစီ တက်ရောက်မည်ဖြစ်သည်။

Development Media Group
https://m.facebook.com/story.php?story_fbid=2018396264979441&id=466648543487562

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.4K views13:41
திற / கருத்து
2021-05-20 14:37:39
ပြည်သူလူထုအားလုံးနှင့် အချိန်နဲ့တ​ပြေးညီ ဆက်သွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရမှ လူ့အခွင့်အ​ရေးဆိုင်ရာဝန်ကြီးဌာန လူမှုစာမျက်နှာ ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရားဝင် လူမှုစာမျက်နှာ -
https://www.facebook.com/mohrmyanmar/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.0K views11:37
திற / கருத்து
2021-05-20 14:33:29
ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး စစ်ကောင်စီက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ကို ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YPTC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးကမူ YPTC ဖွဲ့စည်းလိုက်ပြီးနောက် ယခင် ငွေကျပ် ၂၀၀ သာ ပေးစီး နေရသော ဘတ်စ်ကားခများသည် ယခုအခါ ငွေကျပ် ၃၀၀ ပေးစီးနေရကြောင်း ညနေ ၄ နာရီ‌ကျော်သည်နှင့် ဘတ်စ်ကားများ မရှိတော့ဘဲ တရားမဝင် ပြေးဆွဲနေသည့် ကားများကိုသာ အားထားနေရကြောင်း ဧရာဝတီသို့ ပြောသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/20/242012.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.4K views11:33
திற / கருத்து
2021-05-20 12:28:40
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် အသက် ၆၅ နှစ်အထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ချက်အား အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ပယ်ဖျက်ကြောင်း စစ်ကောင်စီက ညွှန်ကြားလွှာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၁/၂၀၂၁ ဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့အား အသက်ကန့်သတ်ထားသည့် ညွှန်ကြားလွှာ ၄/၂၀၁၄ အား ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခုထုတ်ပြန်သည့် ညွှန်ကြားလွှာ ၁/၂၀၂၁ အရ ယခင်ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာအမှတ် ၄/၂၀၁၄၊ ၁/၂၀၁၆၊ ၅/၂၀၁၆၊ ၁/၂၀၁၇ တို့အား ပယ်ဖျက်လိုက်ကြောင်းလည်း ဖော်ပြထားသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/20/242000.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.4K views09:28
திற / கருத்து
2021-05-20 12:14:55
စစ်သင်တန်းတွေပို့ချတာတွေ မလုပ်ဖို့ ကရင်အမျိုးသားအစည်းရုံး(ကေအန်ယူ)ကို ကရင်ပြည်နယ် အကြမ်းဖက်စစ်ကောင်စီက မေလ ၁၈ ရက်နေ့စွဲနဲ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။ ကရင်ပြည်နယ် စစ်ကောင်စီက ကေအန်ယူ ဗဟိုနဲ့ တပ်မဟာများ ဆက်ဆံရေးရုံးကို ကန့်ကွက်လွှာပေးပို့တာဖြစ်ပါတယ်။

ဒီကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက ကေအန်ယူနယ်မြေအတွင်းမှာ လွှတ်တော် Youth Camp ဖွင့်လှစ်ထားတာရှိပေမယ့် စစ်သင်တန်းပို့ချတာမရှိဘူးလို့ ပြောပါတယ်။

“ဒီမှာ စစ်သင်တန်းပေးတာ ရှိမှ မရှိဘဲ၊ ကျနော်တို့ လူငယ် Youth Camp တွေ အဲဒါပဲ ရှိတာပေါ့။ တပ်မဟာ ၆ ၊ တပ်မဟာ ၇ အဲဒါတွေလုပ်တဲ့အတွက် အဲဒါနဲ့ သွားမှားတာလား။ ကေအန်ယူကတော့ အဲဒီလူငယ်တွေ Youth Camp သင်တန်းပေးတာကလွဲ ပြီး တခြားဘာမှရှိပါလား”

DVB TV News
http://burmese.dvb.no/archives/464816

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.9K views09:14
திற / கருத்து
2021-05-20 09:37:56
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ်လမ်းညွှန်ပေးရန် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကော်မရှင်ကို ဖွဲ့စည်း။

https://www.facebook.com/105408625013111/posts/119492633604710/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.7K views06:37
திற / கருத்து