Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 13

2021-05-24 19:53:28
ပီကင်းရဲစခန်းမှ ရဲများ လက်နက်ချပြီး ကယန်းပြည်သစ်အဖွဲ့ထဲပူး​ပေါင်းတယ်ဆိုတဲ့ သတင်းမှားဟာ မေ ၂၄ ရက်​နေ့ (ဒီ​နေ့) ရဲ့ ​ည​နေပိုင်း​က​နေ စတင်ပြီး ပျံ့နှံ့ကြောင်းသိရပါတယ်။

ကယားပြည်နယ်ရဲ့ ပြည်သူ့တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး သတင်း​မှန်တွေကို စဥ်ဆက်မပြတ်တင်ဆက်​ပေး​နေတဲ့ Karenni Guys က​နေ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းအမှား တစ်ခုသာဖြစ်​နေ​ကြောင်း မျှ​ဝေအသိ​ပေးထားပါတယ်။
ဒါ့အပြင် ​ကယားပြည်မှ ​တော်လှန်​ရေးအင်အားစုဖြစ်တဲ့ တိုးတက်​သောကရင်နီပြည်သူ့အင်အားစု – PKPS ရဲ့ Facebook Page က​နေလည်း ဒီသတင်းဟာ သတင်းမှား တစ်ခုသာဖြစ်​ကြောင်း မျှ​ဝေထားပါတယ်။

ကယားပြည်နယ်ရဲ့ သတင်း​တွေကို စဥ်ဆက်မပျက် သိချင်ရင်လည်း
Karenni Guys Page – https://www.facebook.com/karenniguys/
တိုးတက်​သောကရင်နီပြည်သူ့အင်အားစု – PKPS – https://www.facebook.com/ProgressiveKarenniPeopleForce/
​​တွေမှာ ​​စောင့်ကြည့်နိုင်ပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.4K views16:53
திற / கருத்து
2021-05-24 19:28:52
မေ ၂၄ရက်နေ့ (ဒီနေ့) မှာပဲ အလုံအမှတ်(၄)ကျောင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အနီးမှာရှိတဲ့ ပြည်သူအချို့ကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးပြီးတဲ့အချိန်ကနေ အခုထိ ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ယောက်ရဲ့ သတင်းတွေဟာ လူမှုကွန်ရက်ပေါ် သို့ ဓာတ်ပုံနဲ့တကွ ပြန်နှံ့လာခဲ့ပါတယ်။ အမျိုးသား ၄ယောက်အနက်မှ ကိုထက်အောင်ခိုင်စိုး ပုံမှာ ပို၍ ပြန့်နှံ့​နေပြီး ပုံနှင့်အတူ သေဒဏ်ချမှတ်ခံလိုက်ရကြောင်းကို Facebook သုံးစွဲသူ အတော်များများ ဖြန့်ဝေလာကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှ ယုံက အချက်အလက်စစ်ဆေးခဲ့ရာရာ ကာယကံရှင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းမှားဖြစ်ကြောင်း အတည်ပြုထားတာတာကိုတွေ့ရှိခဲ့ရပါတယ်။ သေဒဏ်သတင်းမှား ဖြန့်ဝေမိသူ‌တွေကလည်း သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်တင်ပေးပါတယ်။

အခုလို ရင်းမြစ်ကို ​ဖော်ပြမထားတဲ့ သတင်း​တွေဟာ မကြာခဏဆိုသလို ပျံ့နှံ့​နေပြီး လူတွေက သတင်းကို မှန်မမှန် မစစ်ဆေးနိုင်တော့ပဲ မျှဝေမိနိုင်ပါတယ်။

တွေးပြီးမှယုံ
https://m.facebook.com/story.php?story_fbid=1661692780697440&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.5K views16:28
திற / கருத்து
2021-05-24 17:46:48
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသည့်အမှုများကို တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုနှင့်ပတ်သတ်သည့် မြ၀တီ ည၈နာရီ သတင်းကြေညာချက်အပြည့်အစုံ

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.2K viewsedited  14:46
திற / கருத்து
2021-05-24 17:34:05
ယနေ့ မေ ၂၄ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.1K views14:34
திற / கருத்து
2021-05-24 16:52:05 EDM 017's Channel pinned a photo
13:52
திற / கருத்து
2021-05-24 16:51:20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဒေါက်တာမျိုးအောင် ယနေ့ ရုံးထုတ် ပုံ မြင်ကွင်း
(MRTV ၈နာရီသတင်းမှ)

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
19.1K views13:51
திற / கருத்து
2021-05-24 13:54:28
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေသလဲဆိုတာ ဘာမှမသိနေရဘူးလို့ သူမရဲ့ ရှေ့နေဖြစ်သူက ဒီကနေ့လူချင်းတွေ့ဆုံခွင့်ရပြီးနောက် ပြောပါတယ်။ CRPH, NUG တည်ထောင်တာတွေနဲ့ပတ်သက်ပြီးလည်း မသိသလို ဘယ်သတင်းအချက်အလက်မျှ သူမစီ မစီးဝင်အောင် ကန့်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

Source -
https://twitter.com/zaw_athens/status/1396761902483603456?s=20

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
17.8K views10:54
திற / கருத்து
2021-05-24 09:58:46
နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့တာလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

''ဒီနေ့မနက် ၈ နာရီမှာ ကျမတို့ ရှေ့နေ ၆ ယောက်ပေါ့၊ ဒေါက်တာမျိုးအောင်အတွက် ရှေ့နေ တစ်ယောက်အပါအဝင် အားလုံး အမှတ် ၁ ရဲစခန်းကို သွားရတယ်။ အဲဒီကနေ သူတို့ခြံရံနဲ့ရဲကားနဲ့ နေပြည်တော်ကောင်စီထဲမှာရှိတဲ့ ခြံတစ်ခြံကို ကျမတို့ကိုခေါ်သွားပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရပါတယ်။ အဲဒီမှာ အမှုသွားအမှုလာအတွက် ရှေ့နေနဲ့ အမှုသည်ကြား နာရီဝက် instruction ယူရပါတယ်'' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ instruction ယူဖို့ ရှေ့နေနဲ့ အမှုသည် နာရီဝက်ပဲ တွေ့ဆုံခွင့်ရတာ အချိန်နည်းတယ်ဆိုပြီး ပြောတာမျိုး ရှိတယ်လို့ ဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.9K views06:58
திற / கருத்து
2021-05-24 09:01:18 EDM 017's Channel pinned a photo
06:01
திற / கருத்து
2021-05-24 08:59:34
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပါတီဖြစ်သည့်အတွက် ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတင်းစကားပါးလိုက်သည်။

“အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်လို့ပြောတယ်။ ပါတီထောင်တာတာလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ပါတီရှိနေပါမယ်လို့ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကယနေ့ပြုလုပ်သည့် ရုံးချိန်းအပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ကောင်စီရုံးအတွင်းရှိ အဆောက်အဦတစ်ခုတွင် ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

https://www.facebook.com/563568467156425/posts/1793307170849209/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.3K viewsedited  05:59
திற / கருத்து