Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 12

2021-05-26 17:20:16
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုကြောင်း မကြာသေးမီက တရုတ်သတင်းတိုက်တစ်ခုသို့ ပြောဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်ကို နေရပ်သို့ပြန်‌ပို့နိုင်ရန်ငှာ မြန်မာအား ပိုမိုဖိအားပေးနိုင်ဖို့ နိုင်ငံတကာကို အားကိုးလိုနေသည်။

မြန်မာစစ်ကောင်စီခေါင်းဆောင်က လွန်ခဲ့သည့်နှစ်များက ကောက်ထားခဲ့သည့် သန်းခေါင်စာရင်းများတွင် ရိုဟင်ဂျာဆိုသည့်အသုံး မပါကြောင်း၊ ဘင်္ဂါလီ စစ်တကောင်းသား စသည်တို့သာ ပါဝင်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

Source -
https://mobile.twitter.com/shafiur/status/1397430165098143747?s=25

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.4K views14:20
திற / கருத்து
2021-05-26 11:29:46
အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို ဒီနေ့ မေ ၂၆ ရက်မှာ ပြန်လွတ်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ ဒီနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးချိန်းရှိပေမယ့် တရားလိုပြသက်သေနဲ့ အမှုလိုက်ရဲအရာရှိတွေ တရားရုံးကို ရောက်မလာတဲ့အတွက် အမှုမစစ်ဖြစ်ဘူးလို့ ကိုအောင်မြတ်ကျော်တို့ဘက်က ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကို ဇွန် ၂ ရက်မှာ ပြန်လည်ချိန်းဆိုထားပါတယ်။ ဦးအောင်မြတ်ကျော်အပါအဝင် ၈ ဦးဟာ စင်ကာပူနိုင်ငံကနေပြန်ပို့ခံခဲ့ရပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတာဖြစ်ပြီး ဖမ်းဆီးတရားစွဲခံထားရသူတွေကတော့ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုထွန်းအေး(ခ) မောင်ပန်နဲ့ ကိုရွှေလှိုင်သန်းတို့ ဖြစ်ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.2K views08:29
திற / கருத்து
2021-05-26 11:05:03
စစ်တပ်ကို နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးယူခြင်းကို ပိတ်ပင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သူ တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုးသည် တနင်္လာနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ သူသည် အသက် ၉၆ နှစ်တွင် သေဆုံးခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းရေးဆွဲစဉ်က ကော်မရှင်သည် စစ်တပ်ကို အနာဂတ်နိုင်ငံတော်တွင် နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးခြင်း အပါအဝင် ဦးတည်ချက် ၆ ခုကို အတိအကျလိုက်နာကြောင်း ၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုကြောင်းပြောစဉ်က တရားသူကြီးချုပ် ဦးအောင်တိုးက အလေးထားပြောကြားခဲ့သည်။ နောင် ၁၃ နှစ်ကြာသောအခါ သူမသေမီ လအနည်းငယ်အလို ၂၀၂၁ ဖေဖေါ်ဝါရီလက နိုင်ငံတွင် နောက်ဆုံး စစ်အာဏာသိမ်းမှုကို တွေ့မြင်ရလောက်အောင် သက်ဆိုးရှည်ခဲ့သည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/26/242223.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.0K views08:05
திற / கருத்து
2021-05-26 10:55:58
မေလ ၂၄ရက်နေ့က ကယားပြည်နယ်၊ ဒီမောဆို့မှ ငွေတောင်ဒေသသို့ အင်အားဖြည့်ရန်သွားသည့် တင့်ကားတစ်စီးနဲ့ ခြေလျင်တပ်သားတွေကို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ သို့ပေမယ့် လူမှုကွန်ရက်ပေါ်က Account တွေ၊ Group တွေကနေ ပုံအမှားတွေကိုအသုံးပြု ဖြန့်ဝေလာတာရှိခဲ့ပါတယ်။

ပုံကိုစစ်ဆေးကြည့်ရာမှာတော့ 2003 ခုနှစ်က အီရတ်မှာ ဖျက်ဆီးခံလိုက်ရတဲ့ တင့်ကားရဲ့ပုံသာဖြစ်နေပါတယ်။

https://commons.m.wikimedia.org/wiki/File:Destroyed_Iraqi_T-72_tank.JPEG

https://www.alamy.com/stock-photo-a-destroyed-iraqi-t-72-main-battle-tank-mbt-lies-along-a-road-leading-129573486.html

ပုံအမှားတွေသုံးပြီး သတင်းတွေမဖြန့်ဝေမိဖို့ သတိပြုသင့်ပါတယ်။ မြေပြင်မှာတကယ်ဖြစ်ပေမယ့် ပုံအမှားတွေသုံးတဲ့အခါ သတင်းမှန်သော်ငြား အတုဟူ၍ ထင်လာကြနိုင်ပါတယ်။ ဒါ့ကြောင့် ပုံအမှားတွေရဲ့ အန္တရာယ်ကို သတိပြုသင့်ပါတယ်။

Source -
https://m.facebook.com/story.php?story_fbid=1662932417240143&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.2K views07:55
திற / கருத்து
2021-05-25 15:28:25
မြန်မာနိုင်ငံတွင်း စစ်ကောင်စီမှနောက်ဆုံးထုတ်ပြန်လိုက်သည့် Whitelist စာရင်းတွင် ဝဘ်ဆိုဒ်နဲ့ IP Address ပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး၊ Facebook နဲ့ Twitter တော့ မပါဝင်သေးကြောင်းသိရသည်။ သို့သော် Dating App ဖြစ်သည့် Tinder ကတော့ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည့်စာရင်းတွင် ပါဝင်နေသည်ဟု သိရသည်။

ပြန်လည်အသုံးပြုနိုင်မည့် Whitelist စာရင်းတွင် Instagram, Youtube, Netflix, Tinder, Whatsapp, Linkedin, Viber, Zoom, We Chat, Kakao Talk, LINE, VK စသည်တို့ ပါဝင်ကြောင်း သိရသည်။ The New York Times, CNN နှင့် Barron's တို့၏ Website, App များလည်း ပါဝင်ကြောင်းသိရသည်။

Source - https://asia.nikkei.com/Spotlight/Myanmar-Coup/Myanmar-allows-Tinder-but-axes-dissent-havens-Twitter-Facebook

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.2K views12:28
திற / கருத்து
2021-05-25 14:24:26
ဆိုင်ကလုန်းမုန်တိုင်း YASS နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်
ပုံတစ်ပုံချင်းတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/100188938917522/posts/114843050785444/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.4K views11:24
திற / கருத்து
2021-05-25 13:09:56
ယခင်ကတည်းက လူသစ်ရရှိရန် အခက်အခဲများ ရှိခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထု၏ ထောက်ခံမှု တဟုန်ထိုး ကျဆင်းလျက်ရှိရာ တပ်သားသစ် ရရှိရန် ပိုမိုခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

တပ်ရင်း၊ တပ်ဖွဲ့ အလိုက် ဖွဲ့စည်းပုံ အင်အားရှိရာ ရရှိသည့် အင်အားနှင့် ပြုန်းတီးအင်အား နှစ်မျိုးတွင် လက်ရှိ စစ်ကောင်စီတပ်များတွင် ပြုန်းတီးအင်အားက ရရှိသည့် အင်အားထက် အဆမတန် ပိုနေကြောင်း တပ်မတော်နှင့် နီးစပ်သူများက ပြောသည်။

ကမ္ဘာပေါ်ရှိ စစ်တပ်များအကြောင်း သုံးသပ်စိစစ်သော Global Firepower ဝက်ဘ်ဆိုက်၏ စာရင်းအရ စစ်တပ်တွင် စစ်သည်ဦးရေ စုစုပေါင်း ၅၁၅၀၀၀ ရှိရာ တိုက်ပွဲဝင်နိုင်သူ ၄၀၃၀၀၀ ရှိကြောင်း သိရသည်။ သို့သော် တိုက်ခိုက်ရေး အရံအင်အားမှာ လုံးဝ မရှိဟု ဆိုထားသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/25/242186.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.9K views10:09
திற / கருத்து
2021-05-25 09:56:56
စစ်ကောင်စီကို နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ဖို့ ၈၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ကပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူများတိုင်ကြားနိုင်ရန် Website လွှင့်ထားပေးရန် စီစဉ်နေသည့်အကြောင်းကိုလည်း ပြောပါတယ်။ ရရှိလာတဲ့သတင်းအချက်အလက်တွေနဲ့ နိုင်ငံတကာမှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

Source -




သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
3.5K views06:56
திற / கருத்து
2021-05-25 08:54:29 ဒီသတင်းနဲ့ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်း​တွေကို လုံး​ထွေးပြီး လိုအပ်သလိုပြင် ပုံ​ဖော်ဖြန့်​ဝေထားတာ​ကို ​တွေ့ခဲ့ရပါတယ်။ ယင်းတရားရုံးထုတ်စစ်​ဆေးမှု အပြီးမှာ ပြုလုပ်ခဲ့တဲ့ ​​ရှေ့​နေ​တွေရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာဆိုရင် ​ဒေါက်တာမျိုး​အောင်ရဲ့ ​ရှေ့​နေဦးသိန်းလှိုင်ထွန်း ဖမ်းဆီးခံခဲ့ရတယ်လို့ ​ရှေ့​နေတစ်ဦးဖြစ်သူ ​ဒေါ်မင်းမင်းစိုးက ​ပြောကြားခဲ့ပါတယ်။ ရှေ့​နေဦးသိန်းလှိုင်ထွန်းဟာ စစ်​ကောင်စီက​နေ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမှာ တရားစွဲဆိုထားတဲ့ ၅၀၅(က) နဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအ​ကြောင်းကို ​အောက်ကလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။

Link– https://www.facebook.com/khitthitnews/videos/886506371954021/ ​

နောက်တစ်ချက်အ​နေနဲ့ မ​နေ့ညတည်းက ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းနဲ့ ပတ်သက်လို့လည်း တရားဝင်မီဒီယာ​တွေမှာ ​ဖော်ပြလာတာမျိုး မ​တွေ့ရ​သေးပါဘူး။ ဒီလို ဖြစ်ရပ်မှန်​တွေကို စိတ်ကူးပုံ​ဖော်မိသလို လုံး​ထွေးဖြန့်​ဝေတတ်ကြတဲ့ သတင်း​တွေဟာလည်း မကြာခဏဆိုသလို ဖြန့်​ဝေတတ်ကြပါတယ်။ ဒီလိုသတင်း​တွေကို ရုတ်တရတ်ကြည့်မယ်ဆိုရင် မှန်သ​ယောင်ရှိ​ပေမဲ့ တကယ့်မှာ​တော့ သတင်းအမှားနဲ့ အမှန်ကို ​ရော​​ထွေးထားတာ ဖြစ်နေပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/05/25/dasskslawersfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

2/2
5.1K viewsedited  05:54
திற / கருத்து
2021-05-25 08:54:18
မေ၊ ၂၄ ရက်​နေ့ (မ​နေ့) က အာဏာသိမ်းစစ်​ကောင်စီက​နေ ဖမ်းဆီးထားတဲ့ ​နိုင်ငံ​တော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ​နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့ကို ​နေပြည်​တော်ရှိအထူးတရားရုံးမှာ ရုံးထုတ်စစ်​ဆေးခဲ့ပါတယ်။ ရုံးထုတ်စစ်​ဆေးခဲ့အပြီးမှာပဲ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​ရှေ့​နေ​တွေကို ဖမ်းဆီးသွားပါတယ်ဆိုပြီး သတင်းတချို့ ဖြန့်​ဝေလာခဲ့ကြပါတယ်။ ဒီပို့စ်ကို Phyoe Phyoe နာမည်နဲ့ Facebook သုံးစွဲသူတစ်​ယောက်က သတင်းမှန်၊ သတင်းစုံ အမည်ရှိ Facebook တစ်ခုမှာ စတင်ဖြန့်​ဝေခဲ့တာကို ​တွေ့ခဲ့ရပါတယ်။ ဒီ Group ဟာဆိုရင်လည်း မ​နေ့ကမှ စတင်တည်​​​ထောင်ထားပြီး အဖွဲ့ဝင် ၄၀၀ ​ကျော်ရှိ​နေပါတယ်။

1/2
5.6K viewsedited  05:54
திற / கருத்து