Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 33

2021-05-07 05:58:49
သြစတြေးလျရောက်မြန်မာတွေကို သြဇီအစိုးရက Visa Class တစ်ခုသတ်မှတ်ပေးလိုက်ပြီး သူ့နိုင်ငံသားအခွင့်အရေးတွေအတိုင်း ပေးတော့မယ်ဆိုတာ ချဲ့ကားပြောဆိုရေးသားချက် သာဖြစ်ပါတယ်။

အမှန်တကယ် သြစတြေးလျအစိုးရပြောတာက ဩဇီမှာရောက်နေတဲ့ မြန်မာတွေ Visa သက်တမ်းကုန်ရင် အတင်းပြန်လွှတ်မှာ မဟုတ်ဘဲ သင့်တော်ရာ Visa ကို “Case-by-case” စဉ်းစားမယ်လို့ ပြောတာပါ။

Source -
www.theguardian.com/australia-news/2021/apr/14/australian-government-tells-myanmar-nationals-they-wont-be-forced-to-return

သူပြောတဲ့ Safe Haven Enterprise Visa ဆိုတာက သြဇီကို ဗီဇာမရှိဘဲရောက်လာတဲ့သူတွေ Asylum ခံချင်ရင်လျှောက်ရတဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ်။ အသေးစိတ်ကို ဒီမှာဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။

https://immi.homeaffairs.gov.au/visas/getting-a-visa/visa-listing/safe-haven-enterprise-790

ခုလိုကာလမှာ သတင်းအစအနလေးတစ်ခုကို လိုရာဆွဲတွေးတာမျိုး၊ မစားရ ဝခမန်း ဖွတာမျိုးတွေကို သတိထားကြဖို့ အသိပေးလိုပါတယ်။

We Check မှ ကူးယူဖော်ပြသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.5K views02:58
திற / கருத்து
2021-05-06 20:15:07 ပုံအမှားအယွင်း ဖြစ်သွားတဲ့အတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ်ခင်ဗျ။ ပြင်ဆင်ပြီး ဖြစ်ပါတယ်ခင်ဗျ။
9.8K views17:15
திற / கருத்து
2021-05-06 19:49:45
ပဲခူး၌ စစ်တပ်မှဗိုလ်ကြီးကားနှင့် ရဲမှုးကား နှစ်စီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး တိမ်းမှောက်သွားသည့်ကားဟုဆိုကာ ပုံအမှားများကို ဖြန့်ဝေမှုများရှိကြောင်း သိရသည်။ အဆိုပါအချင်းချင်းပစ်ခတ်ကြသည့်သတင်းမှာ မှန်ကန်သော်ငြား တွဲတင်ထားသည့်ပုံများမှာ ယခုလက်ရှိမြန်မာနိုင်ငံနှင့် သက်ဆိုင်မှုမရှိသည့် USA Today, ABC7 Chicago နှင့် Loop Jamaica အစရှိသော နိုင်ငံခြားသတင်းဌာနများမှ သတင်းပုံများဖြစ်ကြကြောင်းသိရသည်။

Source -
https://myanmar.factcrescendo.com/these-images-from-2012-are-not-related-to-bago-shootings/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.4K viewsedited  16:49
திற / கருத்து
2021-05-06 19:42:25
လွန်ခဲ့သည့်ရက်ပိုင်းက ရဟတ်ယာဉ်တစ်စီး ပျံသန်းနေစဉ်အတွင်း မီးလောင်ပျက်ကျသွားသည့်ဗွီဒီယိုတစ်ခုကို KIA မှ ပစ်ချလိုက်သည့် ဗွီဒီယိုဟုရေးသားထားနေမှုများကို တွေ့ရသည်။ အမှန်တကယ်ရိုက်ကူးမိထားသည့် ဗီဒီယိုတွင်မူ မြန်မာစကားပြောဆိုများပါဝင်ပါသည်။

လူအများ မျှဝေနေသည်မှာ မြန်မာစကားပြောဆိုမှု ပါဝင်ခြင်းမရှိသည့် ဆီးရီးယားနိုင်ငံကအလက်ပိုမြို့လယ်မှ ပျံ့တက်လာသော ဆီရီးယားလေတပ်မှ Mi-17 ရဟတ်ယာဉ်တစ်စီးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က အလက်ပို(Aleppo)မြို့၏ Al-Nayrab ဒေသမှာ ပစ်ချခံခဲ့ရတဲ့ ဗွီဒီယိုဖြစ်ကြောင်း သိရသည်။ အစစ်အမှန်ရိုက်ကူးမိထားသည်နှင့် ဗီဒီယိုအတုတို့ ကွာခြားပုံအား အောက်ပါလင့်ခ်တွင်ကြည့်ရှုနိုင်သည်။

Source -
https://myanmar.factcrescendo.com/this-video-is-from-mi-17-shot-down-in-syria-and-not-related-with-myanmar/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.1K views16:42
திற / கருத்து
2021-05-06 17:45:40
ယနေ့ မေ ၆ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ထူးခြားသည်မှာ ယနေ့ထုတ်ပြန်ချက်တွင် ဆရာ၊ဆရာမများနှင့် ဆရာဝန်များသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.7K views14:45
திற / கருத்து
2021-05-06 17:22:33
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလတံတားအနီး ရာဇာဓိရာဇ်လမ်းမပေါ်ရှိ အမှတ် (၆၅၆) ရေတပ်အဝင်ဂိတ်တွင် မေလ ၆ ရက်၊ ည ၇ နာရီအချိန်ခန့်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

“၂ လုံးဆက်တိုက်ပေါက်တာ။ အသံတော်တော်ကျယ်တယ်။ တလုံးပေါက်ပြီး နောက် ၁ မိနစ်လောက်ပဲ ကြာမယ် ထပ်ပေါက်တာ။ အခုထိအငွေ့တွေ ထွက်နေတုန်းပဲ” ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

လက်ရှိတွင် စစ်သားနှင့် ရဲများ ရာဇာဓိရာဇ်လမ်းမသို့ ရောက်ရှိနေပြီး ဗုံးဖောက်သူကို လိုက်ရှာမည်ဟုဆိုကာ အဆိုပါလမ်းမကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

The Irrawaddy
https://m.facebook.com/story.php?story_fbid=4462406557136795&id=121507374560090

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.9K views14:22
திற / கருத்து
2021-05-06 16:36:08 EDM 017's Channel pinned a photo
13:36
திற / கருத்து
2021-05-06 16:34:46
မိုဘိုင်းလ်အင်တာနက်ကို Whitelist ပြုလုပ်ပြီးနောက် ပြန်လည် အသုံးပြုနိုင်ပြီဟု သိရသည်။ အဆိုပါ Whitelist ပြုလုပ်ပေးထားသည်တွင် အဓိကအားဖြင့် Mobile Banking နှင့် Pay App များ ပါဝင်သည်။ ထူးခြားသည်မှာ Ooredoo ဖြင့် Google နှင့် Youtube များကိုပါ အသုံးပြု၍ရနေသည်ဟုဆိုသည်။

(Facebook, Twitter, Telegram, Tik Tok အပါအဝင် လူမှုကွန်ရက်များနှင့် အခြား Website, Web App များကိုမူ အသုံးမပြုနိုင်အောင်ပိတ်ထားဆဲ ဖြစ်သည်။ သို့ရာတွင် အချို့ VPN ဖြင့် ပိတ်ပင်ထားသည်များကို ကျော်လွန်ကာအသုံးပြုနိုင်ကြောင်း ပြောဆိုနေသည်များကိုလည်း တွေ့ရသည်)

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.8K views13:34
திற / கருத்து
2021-05-06 16:21:13
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို တရားဝင်မိတ်ဆက်လာပြီးနောက် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ခင်မမမျိုးမှ DVB ထံ ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဖြေကြားပေးခဲ့ကြောင်း သိရသည်။

"စစ်ကြေညာတာမဟုတ်ပါဘူး၊ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့အတွက် အကြမ်းဖက်သူတွေကို နှိမ်နှင်းဖို့ခြေလှမ်း စတင်ခြင်းဖြစ်တယ်" ဟု ၎င်းကဆိုသည်။ အရပ်သားကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ကာကွယ်ရေးဦးစီးချုပ်ကိုထားပြီး စစ်တိုင်း၅ တိုင်းဖွဲ့မည့်အကြောင်းကိုလည်း ပြောကြားလာသည်။

အပြည့်အစုံ ကြည့်ရှုရန် -
https://www.facebook.com/pvtvmyanmar/videos/307859714054566/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.3K viewsedited  13:21
திற / கருத்து
2021-05-06 16:08:10
မေလ၆ရက်နေ့က ပြည်မြို့မှာ လူမှားပြီးဖမ်းခံရတဲ့ ကိုအောင်ခိုင်မြင့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ပြီးဖမ်းခေါ်ရာမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ ပြည်မြို့မှာဖြစ်ပွားခဲ့တဲ့ဗုံးပေါက်ကွဲမူဖြစ်စဉ်တွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓါတ်ပုံနဲ့တကွလူလိုက်ရှာရင်း အခုလိုရိုက်နှက်ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

"ဖမ်းသွားပြီး ဓာတ်ပုံနဲ့လူတိုက်ကြည့်တယ်။ မတူမှန်းလည်းသိတယ်။ လူမှားမှန်းလည်းသိရသားနဲ့ အခုလိုအသေရိုက်သတ်ပစ်တာ။ သူတို့မှာရဲစခန်းကိုဗုံးဖောက်တဲ့လူရဲ့ဓာတ်ပုံလည်းရှိတယ်။ ဓာတ်ပုံလည်းတိုက်ကြည့်တာမတူဘူး။ မတူတာကို ခေါ်သွားပြီး သိလားဆိုပြီးမေးပြီးရိုက်တာ လက်လွန်သွားရော အဲ့မှာသေသွားရော" လို့ ကိုအောင်ခိုင်မြင့်ရဲ့ညီက ဖြစ်စဉ်ကိုပြန်ပြောပြပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.2K views13:08
திற / கருத்து