Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 28

2021-05-11 22:05:24 EDM 017's Channel pinned a photo
19:05
திற / கருத்து
2021-05-11 22:02:13
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် UEC က နိင်ငံရေးပါတီတွေကို အစည်းအဝေးထပ်မံခေါ်ယူနေတာကိုတွေ့ရပါတယ်။

Zalen
https://www.facebook.com/1722606901293507/posts/3055711204649730/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.6K viewsedited  19:02
திற / கருத்து
2021-05-11 20:09:15
Singapore Exchange မှာ မြန်မာငွေကို ဖယ်ရှားမယ်ဆိုတဲ့ သတင်းကို လက်ရှိမှာအတည်မပြုနိုင်သေးပါ။ ဖြစ်လာမည်များ၊ သက်ဆိုင်ရာမှ ထုတ်ပြန်လာမည်များကိုသာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

DBS Banking မှ ယနေ့ည ၈နာရီအထိ စင်ကာပူဒေါ်လာနဲ့မြန်မာငွေ လဲလှယ်နှုန်းထားကို ပြသပေးနေခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက စင်ကာပူနိုင်ငံက Exchange တွေမှာ မြန်မာငွေလဲလို့ မရဘူးလို့တော့ ငွေလဲလှယ်ဖို့ကြိုးပမ်းခဲ့သူတွေက ဆိုကြပါတယ်။ သည့်အတွက် စင်ကာပူဒေါ်လာနဲ့ မြန်မာငွေ ဆက်လက်‌လဲလှယ်လို့ရ၊ မရကိုတော့ အတည်ပြုနိုင်ရန် ခဲယဉ်းနေရာ စောင့်ကြည့်ရုံသာရှိပြီး တစ်ခုခုအကြောင်းထူးလာပါက အသိပေးမှာဖြစ်ပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.0K viewsedited  17:09
திற / கருத்து
2021-05-11 17:31:38
ယနေ့ မေ ၁၁ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ထူးခြားသည်မှာ ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.9K views14:31
திற / கருத்து
2021-05-11 17:25:35 သတင်းနောက်ဆက်တွဲ - ဘဏ်တွေကနေ‌ငွေထုတ်ယူတာတွေ ကန့်သတ်လိုက်လို့ လူတွေဟာ ATM စက်တွေ ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ထုတ်နေရပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ရွှေစျေး ဒေါ်လာစျေးတွေပါ ရိုတ်ခက်မှုတွေရှိနေပါတယ်။ အခုလိုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်တော့ အဆင်ပြေမှာပါလဲ၊ ဘဏ်စနစ်ကို ပုံမှန်ပြန်ရအောင် ဘယ်လိုလုပ်ဖို့ရှိပါသလဲ ဆိုတာတွေကို လက်ရှိ စစ်ကောင်စီကခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်ကို ဘီဘီစီက မေးကြည့်တော့ သူကအခုလို စပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/burma-57064909

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.3K views14:25
திற / கருத்து
2021-05-11 17:17:19
မြန်မာပြည်ရှိဘဏ်များကို Sanction ချမှတ်သည်ဟုဆိုကာ ရေးသားနေမှုများသည် သတင်းမှားသာဖြစ်ပြီး လွန်ခဲ့သည့် မတ်လက မြန်မာစစ်တပ်အတွက် တစ်ဆင့်ခံဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ်များအား ထုတ်ပြန်ထားခြင်း ကိုတည်၍ မဟုတ်မမှန်ရေးသားနေကြခြင်းသာဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သမဂ္ဂအဖဖွဲ့ချုပ် ITUC မှ မတ်လတွင်ထုတ်ပြန်ခဲ့သည့် Sanction ချမှတ်ခံထားရသည့် မြန်မာစစ်တပ်မှ ခေါင်းဆောင် ၁၁ဦးအတွက် တစ်ဆင့်ခံဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ် ၂၃ဦး စာရင်းတွင် ဘဏ်များကိုချုပ်ကိုင်ထားသူများ ပါဝင်နေခြင်းဖြစ်ပြီး အဆိုပါစာရင်းကိုမူ ITUC က ပြန်လည်ဖြုတ်ချထားသည်။

ITUC မှ ထုတ်ပြန်ချက် (ဖြုတ်ချထားပြီဖြစ်၍ Error 404 ပြပါသည်)
https://www.ituc-csi.org/list-of-proxies-for-myanmar

လက်ရှိအချိန်အထိ အီးယူနှင့် အမေရိကန်နိုင်ငံတို့မှ Sanction ချမှတ်အရေးယူမှုတွင် မြန်မာပြည်ရှိ ဘဏ်များ မပါဝင်သေးပါ။

ပြန့်နေသည့်သတင်းရင်းမြစ် (မတ် ၂၃)
https://www.facebook.com/100004761301703/posts/1908082189360473/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.8K views14:17
திற / கருத்து
2021-05-09 19:11:13
KNU တပ်မဟာ ၅ လှုပ်ရှားရာ နယ်မြေ ဖာပွန်ခရိုင်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များ မေလ ၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည်ဟု သတင်းရရှိသည်။

BGF တပ်ဖွဲ့ဝင်များမှာ ဖာပွန်ခရိုင်အတွင်း လမ်းလုံခြုံရေးဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ပြီး KNU တပ်မဟာ ၅ ကို တိုက်မည်မဟုတ်ကြောင်း BGF ခေါင်းဆောင် စောချစ်သူက KIC သို့ ပြောဆိုထားခြင်းတော့ ရှိသည်။

Khit Thit Media
https://www.facebook.com/watch/?v=1151698421999264 (ဗီဒီယိုဖိုင်)

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.8K views16:11
திற / கருத்து
2021-05-09 18:07:49
လက်ရှိ ပြည်သူများ ဘဏ်များမှငွေထုတ်များ
နေမှုကို ရပ်တန့်ဖို့အတွက် ငွေကျပ်တန်အသစ်
များထပ်မံရိုက်နှိပ်မယ်လို့ ကောလဟလများ
ထွက်ပေါ်လာနေပါတယ်။

ဒီနေ့မေလ၉ရက်နေ့မှာပြုလုပ်တဲ့ ရွှေစျေးနှုန်းတည်ငြိမ်စေရေး YGEA လေးလပတ်အစည်းအဝေးမှာ နှစ်သောင်းတန်၊ ငါးသောင်းတန်နှင့် အခြားကောလာဟာလ သတင်းများကို အသင်း၀င်များအနေဖြင့် လုံး၀မယုံကြည်ကြဖို့ အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ထွက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ ဧရာ၀တီဘဏ်ကနေ တစ်နေ့ကို
ငွေသား သုံးဘီလီလျံကျပ်၊ ကမ္ဘောဇဘဏ်က
နေ တစ်နေ့ကို ငါးဘီလီလျံကျပ်ခန့် ထုတ်ပေး
နေရပြီး မေလ ၇ ရက်နေ့ ဘဏ်များ အစည်း
အဝေးများအရ ငွေသားထုတ်ခွင့်ကို ထပ်မံ
လျော့ချခဲ့ကြတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာတော့ အကြမ်းအားဖြင့် ဘီလီယံ ငါးဆယ်ခန့် ငွေသား ကျန်ရှိနေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း နေကြပြီး ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေကို ငွေသားထပ်မံပေးခြင်းကို ကန့်သတ်လိုက်ကြတယ်လို့ သိရပါတယ်။

Delta News Agency
https://m.facebook.com/story.php?story_fbid=1392610404449987&id=662575584120143

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.8K views15:07
திற / கருத்து
2021-05-09 17:52:28
ယနေ့ မေ ၉ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ထူးခြားသည်မှာ ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.0K views14:52
திற / கருத்து
2021-05-09 17:13:57
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာတဲ့ ကရင်စစ်ဘေးဒုက္ခသည်တွေထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က မေလ ၉ ရက်နေ့က မြန်မာပြည်ဘက်ကို ပြန်ပို့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ဘေးရှောင် ထောင်ဂဏန်းထဲက ရာဂဏန်းလောက်ကို ထိုင်းဘက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး မေလ ၉ ရက်နေ့ကစပြီး နေရပ်ပြန်ပို့နေပါတယ်။

ကရင်ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထောင်နဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးလာပေမယ့် ထိုင်းနိုင်ငံဘက်က အဝင်မခံတာကြောင့် သံလွင်မြစ်ကမ်းနားမှာပဲ နေထိုင်နေကြရပါတယ်။ ဒါပေမယ့် တချို့ဒုက္ခသည် အနည်းငယ်ကိုတော့ ထိုင်းဘက်က လက်ခံပေးထားတာ ရှိပါတယ်။

VOA Burmese
https://m.facebook.com/story.php?story_fbid=10159131335755170&id=351574300169

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.2K views14:13
திற / கருத்து