Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 31

2021-05-08 10:33:26
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဆူရ်ခွားမြို့ရှိ အကြမ်းဖက်စစ်​ကောင်စီတပ်စခန်းကို Chinland Defense Force ချင်းပြည်နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-ဟားခါးက ယ​နေ့ နံနက် ၁၁ နာရီခွဲတွင် ဝင်ရောက်စီးနင်းကာ စစ်ကောင်စီတပ်အသုံးမပြုနိုင်တော့စေရန် စခန်းကိုဖျက်စီးလိုက်သည်ဟု CDF က လူမှုကွန်ရက်မှတစ်ဆင့်ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းစဉ်တွင် ရဲတပ်သားနှင့် စစ်သားများ ကြောက်လန့်ပြီး အကုန်ထွက်ပြေးကြကြောင်း CDF ၏ သတင်းထုတ်ပြန်ချက်တွင် ​ဖော်ပြချက်အရသိရသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1190513304719347&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.2K views07:33
திற / கருத்து
2021-05-08 10:28:27
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက စပါးထားကျေးရွာမှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး လူ ၃ ဦး ဒဏ်ရာရခဲ့လို့ သူတို့ထဲက ၂ ဦးကို စစ်တွေဆေးရုံကို ပို့လိုက်ရပါတယ်။

တောထဲ ထင်းခုတ်သွားချိန် တောင်ပေါ်မှာတွေ့တဲ့ အဲဒီကျည်ကို ဒဏ်ရာရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးစိန်လှိုင်ဆိုသူက ယူလာပြီး ပေါက်ကွဲမှု ဖြစ်မှာစိုးလို့ ချောင်းထဲ ပစ်ချဖို့ အသွားမှာ ကျည်ပြုတ်ကျပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်ကလည်း စပါးထားကျေးရွာမှာ မပေါက်သေးတဲ့ကျည်တစ်ခုကို ကလေးတစ်ယောက်က တွေ့ပြီး ခွဲမိလို့ လူ ၁ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.4K viewsedited  07:28
திற / கருத்து
2021-05-08 07:58:01 အသိပေးခြင်း - ယမန်နေ့ညက တင်ပြခဲ့သော "စစ်ကောင်စီမှ KIA အား ဓာတုလေယာဉ်ဗုံးအသုံးပြုကြောင်း သတင်းရေးသားမှုများပြားနေကြောင်း" တင်ပြခဲ့သည်အား ပြန်လည်ဖြုတ်ချထားပါသည်။
8.6K viewsedited  04:58
திற / கருத்து
2021-05-08 07:52:44
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်အတွင်း၌ လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ကမ္ဘာက တားမြစ်ထားသည့် လေယာဉ်ဓါတုဗုံးများ အသုံးပြုတိုက်ခိုက်နေသည်ဟု သတင်းများထွက်ပေါ်နေမှုကို အတည်ပြု၍ မရနိုင်သေးကြောင်း နှင့် စစ်ဆေးဆဲ ဖြစ်ကြောင်း KIA သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သံလွင်ခက်ကို ပြောသည်။

"တွေ့ရှိချက်တွေ ကျွန်တော်တို့ဆီမှာ ဘာမှ မရှိခဲ့ပါဘူး။ Social Media မှာ အရပ်ဖက်က ကြေညာတဲ့ သတင်းပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ အတည်ပြုတဲ့သတင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့က အတည်ပြုလို့မရဘူး။ စစ်ဆေးနေတုန်း ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

ယ‌မန်နေ့ညက စစ်ကောင်စီ၏ ဓာတုလေယာဉ်ဗုံး အသုံးပြုမှုရှိသည်ဟုဆိုကာ သတင်းရေးသားမှုများ ပြန့်နေခဲ့သည်။

သံလွင်ခက် - Than Lwin Khet News
https://m.facebook.com/story.php?story_fbid=1218882785210951&id=202214196877820

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.9K views04:52
திற / கருத்து
2021-05-08 07:08:50
၈.၅.၂၀၂၁ ရက်နေ့၊ ၁၀ ၂၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုံ(၂)၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

၁၀ ၃၀ အချိန်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

၁၀ ၅၈ အချိန် မီးထိန်းပါသည်။

၁၁ ၁၂ အချိန် မီးငြိမ်းပါသည်။

https://www.facebook.com/1192490930890978/posts/3120440531429332/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.5K viewsedited  04:08
திற / கருத்து
2021-05-08 06:41:20 G7 အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့သမျှ အကြောင်းအရာတွေဟာ တရုတ်ကို အကြောင်းမဲ့သက်သက် ပုတ်ခတ်စော်ကားတိုက်ခိုက်တာတွေသာ ဖြစ်နေပြီး သမိုင်းနောက်ကြောင်း ပြန်လှည့် လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေဖြစ်လို့ အခြေအမြစ် ကင်းမဲ့လွန်းကြောင်း ဝမ်ဝင်ဘင်း က ထောက်ပြသွားခဲ့ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ ဆွေးနွေးပွဲမှာ တရုတ်နဲ့ပတ်သက်လို့ ရှင်ကျန်းအရေး၊ တိဘက်အရေး၊ ဟောင်ကောင်အရေး၊ အရှေ့တရုတ်ပင်လယ်အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေကို အဓိကထား ဆွေးနွေးသွားခဲ့ပြီး ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ပါဝင်စေဖို့ကိုလည်း G7 အဖွဲ့က ထောက်ခံသွားခဲ့ပါတယ်။

ရှင်ကျန်း၊ တိဘက်နဲ့ ဟောင်ကောင်အရေးတွေဟာ တရုတ်ရဲ့ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ပြီး ဒိုင်ယူးကျွန်းနဲ့ဆက်နွှယ်ကျွန်းတွေ၊ တောင်တရုတ်ပင်လယ်နဲ့ကပ်လျက် ရေပိုက်နက်တွေက အချုပ်အခြာအာဏာတွေအတွက် တရုတ်ဆီမှာ အခွင့်အရေးဆိုင်ရာ တရားဝင်အခြေခံအချက်အလက် ခိုင်ခိုင်မာမာရှိကြောင်း ဝမ်ဝင်ဘင်း က ပြောကြားသွားခဲ့ပါတယ်။

https://www.facebook.com/599363770175581/posts/3662473017197959/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

(2/2)
8.7K views03:41
திற / கருத்து
2021-05-08 06:41:08
G7 နိုင်ငံခြားရေးဝန်ကြီးအဖွဲ့ကနေပြီး သိပ်မကြာခင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝင်ဘင်း က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး တရုတ်ကို ဖျက်လိုဖျက်ဆီးပြုဖို့ G7 အဖွဲ့ကနေပြီး အားထုတ်နေတာတွေအားလုံးဟာ ကျရှုံးပျက်စီးရမှာသာဖြစ်ကြောင်း ဝမ်ဝင်ဘင်း က ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာ၊ တရုတ်ရဲ့အချုပ်အခြာအာဏာကို အားနည်းစေတာ၊ ဆင်ခြေအမျိုးမျိုးအောက်မှာ တရုတ်ရဲ့ပုံရိပ်ကို ပျက်ပြားစေအောင် ကြိုးပမ်းအားထုတ်တာ စတဲ့လုပ်ရပ်တွေကို သူတို့အနေနဲ့ ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ဝမ်ဝင်ဘင်း က အသိပေးသွားခဲ့ပါတယ်။

(1/2)
8.1K views03:41
திற / கருத்து
2021-05-08 06:34:26
ကာလအတန်ကြာ လှုပ်ရှားမှုသတင်းများမတွေ့ရဘဲ ယခုမှ ပြန်လည်ပေါ်ထွက်လာသည့် ANC/AA ကို အူးသူးထာ စခန်းသိမ်းပိုက်လိုက်မှုအခြေအနေနှင့် စစ်အာဏာသိမ်းမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်သဘောထားအား သိရှိနိုင်ရန် ANC/AA မှ ဗိုလ်မှူးကြီး မင်းထွန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

https://www.facebook.com/theirrawaddyburmese/videos/549963965989843/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.3K views03:34
திற / கருத்து
2021-05-08 01:37:55
ယနေ့မနက်စောစော ၄:၃၀ နာရီ ကနေ ၄:၄၄ နာရီအတွင်း ရန်ကုန်မှာ ပေါက်ကွဲသံ ၄ ကြိမ်ကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကြားရသော အဆိုပေါက်ကွဲအသံများထဲမှ အချို့အသံများဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းမပေါ်နဲ့ သိမ်ဖြူလမ်းထိပ်ရှိ အထက ၁ ကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်ပွါးမူမှ ဖြစ်ကြောင်း ဆိုနေကြပါတယ်။

ထပ်မံ၍သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

https://twitter.com/cape_diamond/status/1390793067569958912?s=21

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.7K viewsedited  22:37
திற / கருத்து
2021-05-08 01:23:57 “ကျနော်တို့ Gen Z တွေ နဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေ ပေးနေတာရှိပါတယ်။ ဒီသင်တန်းတွေကို တပ်ကထွက်လာတဲ့ CDM အရာရှိတွေလဲ တတ်နိုင်တဲ့နေရာက ပူးပေါင်းဆောင်ရွက်ပေးနေတယ်။ အဓိကထား သင်ကြားပေးသင့်တာက ကြံ့ခိုင်ရေးတွေ၊ နည်းဗျူဟာတွေ ပေါ့။ အဓိကတော့ အကြမ်းဖက်စစ်တပ်ကို တိုက်တဲ့အချိန်မှာ…
9.4K viewsedited  22:23
திற / கருத்து