Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 32

2021-05-08 01:22:18 အကြမ်းဖက်စစ်ကောင်စီဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မယ့် သင်တန်းတခုကို နယ်ခြားဒေသ တနေရာမှာ ဒီကနေ့ စနေနေ့မနက် စတင်လိုက်ပြီဖြစ်ပါတယ်။ ဦးဆောင်သင်ကြားမယ့် သူကတော့ တပ်မ ၉၉ ဦးစီးအရာရှိဘဝကနေ အာဏာရှင်တွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦးပါ။…
8.7K views22:22
திற / கருத்து
2021-05-08 01:20:51 အကြမ်းဖက်စစ်ကောင်စီဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မယ့် သင်တန်းတခုကို နယ်ခြားဒေသ တနေရာမှာ ဒီကနေ့ စနေနေ့မနက် စတင်လိုက်ပြီဖြစ်ပါတယ်။ ဦးဆောင်သင်ကြားမယ့် သူကတော့ တပ်မ ၉၉ ဦးစီးအရာရှိဘဝကနေ အာဏာရှင်တွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦးပါ။
“အကုန်လုံး အဆင့်အတန်းခွဲခြားလို့ မရဘူး။ စည်းကမ်းသေဝပ်စွာ သွားရမယ်။ သက်ဆိုင်ရာ နေရာတွေမှာ လိုအပ်တဲ့သူတွေရဲ့ ခေါင်းဆောင်မှုအပိုင်းကို လက်ခံပြီးတော့၊ ခေါင်းဆောင်တွေ အနေနဲ့လဲ ခေါင်းဆောင်တွေဆိုပြီး မာန်တက်လို့မရဘူး။ အကုန်လုံး အတူတူ တိုက်ပွဲဝင်တယ်ဆိုတဲ့ ရဲဘော်ရဲဘက်စိတ် နဲ့ ဒီတိုက်ပွဲကြီးကို ရောက်အောင်သွားရမယ်။ မနက်ဖြန် စနေနေ့ မနက် ၅ နာရီကနေ ၇ နာရီအတွင်း တရားဝင်စပြီး တည်ထောင်တယ်လို့ ခံယူတယ်။ ကြိုတင်ပြင်ဆင်လာခဲ့တာတော့ ၁ လ လောက်တော့ ရှိလာပြီပေါ့။ မနက်ဖြန်စပြီး လိုအပ်တဲ့ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ ဆေးပညာ၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ပညာရော စတဲ့ နည်းပညာတွေ ပါလာသလို စက်မှုပိုင်းဆိုင်ရာတွေလဲ ပါလာမယ်။ လူ့ရဲ့အသိတရားနဲ့ပတ်သက်တဲ့ လူကိုလူလို တန်ဖိုးထားတတ်တဲ့ သင်တန်းတွေလဲ ပါလာမှာပေါ့၊ ဒါကတော့ ဒီဘက်မှာ ကိုယ့်နိုင်ငံကို တကယ်ကောင်းစားစေချင်တဲ့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့အဖွဲ့တွေ စုစည်းမိသွားပြီ။”
ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်ကလည်း ဒီလူငယ်တွေကို မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိက သင်ပေးဖို့လိုတယ်လို့ အကြံပြုပါတယ်။

(2/4)
8.8K viewsedited  22:20
திற / கருத்து
2021-05-08 01:19:44
အာဏာရှင်စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုနဲ့ ပူးပေါင်းလာခဲ့တဲ့ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က စစ်ဦးစီးအရာရှိ ဗိုလ်မှူး ဟိန်းသော်ဦးက နယ်ခြားဒေသ လွတ်မြောက်နယ်မြေ တနေရာမှာ အခြေခံစစ်ပညာသင်တန်းတခုကို ဒီကနေ့ စနေနေ့က စတင်လိုက်ပါတယ်။ ဒီသင်တန်း ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာတွေနဲ့ ၁ လကြာကြိုတင်ညှိနှိုင်း ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။

(1/4)
9.0K viewsedited  22:19
திற / கருத்து
2021-05-07 17:25:49
ယနေ့ မေ ၇ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ထူးခြားသည်မှာ ယနေ့ထုတ်ပြန်ချက်တွင် ဆရာ၊ဆရာမများနှင့် ဆရာဝန်များသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.2K views14:25
திற / கருத்து
2021-05-07 11:08:57
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်း နဲ့ ၃၅ ကြားရှိ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံးကို မေလ ၆ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။

အခုချိန်ဟာ မြန်မာ့အာမခံလုပ်ငန်းရုံးမှာ အာမခံ သက်တမ်းလာတိုးတဲ့ လူတွေအများအပြားရှိနေကြပြီး ဗုံးကွဲမှုဖြစ်ပွားခဲ့ပေမဲ့ လုပ်ငန်းမပျက် ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၂ ရက်နေ့ကလည်း အလားတူလက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

DVB TV News
http://burmese.dvb.no/archives/462576

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
697 views08:08
திற / கருத்து
2021-05-07 10:52:28
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိဖြစ်သူ ဦးဝင်းထိန်အမှုအား နောက်တစ်ကြိမ်ရုံးချိန်းတွင် နေပြည်တော်အချုပ်ထောင်အနီးရှိ သီးသန့်တရားရုံးတွင် လူချင်းတွေ့ဆုံစစ်ဆေးနိုင်တော့မည်ဟု ၎င်း၏ရှေ့နေဒေါ်မင်းမင်းစိုးကပြောသည်။ အမှုအားစတင်ကြားနာသည့် အချိန်မှစပြီး ယနေ့ မေ၇ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ခုနှစ်ကြိမ်မြောက်ရုံးချိန်းအထိ ဒက္ခိဏခရိုင်တရားရုံးတွင် Video Conferencing စနစ်ဖြင့်သာ ပြုလုပ်ခဲ့သည်။

ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမည်ဟု ရုံးတော်က ချမှတ်ထားပြီး လက်ရှိတွင်ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်တွင်ထိန်းသိမ်းထားသည်။

ဖရွန်းတီးယားမြန်မာ
https://m.facebook.com/story.php?story_fbid=1780966695416590&id=563568467156425

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.2K views07:52
திற / கருத்து
2021-05-07 10:12:43
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေးရှိ အူးသူးထာ့(ဥသုတ) စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းတစ်ခု ယမန်နေ့(မေ ၆ရက်) ညက ဆုတ်ခွာသွားသည်ဟု သိရသည်။ အဆိုပါ ဆုတ်ခွာသွားသည့်စခန်းကို ယနေ့နံနက် ၉နာရီခန့်တွင် ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်သွားရောက်ရှင်းလင်းမှုလုပ်ဆောင်ရွာ လက်နက်ကြီး ကျည်အဟောင်းတစ်ချို့သာ တွေ့မြင်ရသည်ဟု၎င်း နယ်ခံက ပြောသည်။

အဆိုပါ ဥသုတ ခြေကုတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သာ စခန်းထိုင်သည်ဟု သိရသည်။

Karen Information Center - KIC
https://m.facebook.com/story.php?story_fbid=1674909479360533&id=225522737632555

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
3.6K views07:12
திற / கருத்து
2021-05-07 09:18:43
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မီဒီယာများနှင့် အနုပညာရှင်များကို ထိန်းသိမ်းဆောင်ရွက်ရန် ဥပဒေများ ထပ်မံ ထုတ်ပြန်ရန် ပြောဆိုသွားသည်။ အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံ စီမံခန့်ခွဲရေးဆိုင်ရာ တရားမဝင် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် အချို့မီဒီယာများသည် တစ်ဖက်သတ် မဟုတ်မမှန်သည်များကို ပြောဆို ရေးသား ထုတ်လွှင့်မှုများရှိနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ရန် လိုအပ်သည့် ဥပဒေများရှိပါကလည်း ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်၍ ထုတ်ပြန်ရန်လိုကြောင်း၊ အနုပညာရှင်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် အနုပညာရှင်များသည် နိုင်ငံရေးတွင် ပါဝင်မှု မရှိကြောင်း၊ အနုပညာသည်များနှင့် ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်ရန်သွားရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1189592004811477&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.4K views06:18
திற / கருத்து
2021-05-07 07:32:27
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တောင်ကိုးလုံးရွာနဲ့ ပဲကင်းရွာကြား၊ ကင်းရွာအောက်ဘက်က ချင်းတွင်းမြစ်အတွင်းမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ မေလ ၆ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်ကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အဲ့ဒီနေရာဟာ မုံရွာကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းလာရင် ကနီမြို့ အကျော်နဲ့ ကင်းရွာကြား ချင်တွင်းမြစ်ဘေးက ရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီနယ်ထဲ ကပိုင်နဲ့ ဝင်းကုန်းတို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးရွာတွေမှာ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/burma-57014997

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.5K views04:32
திற / கருத்து
2021-05-07 07:21:57
မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ လွှဲပြောင်းပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာ ထောက်ပံ့တာတွေ မလုပ်ပဲ ဆက်လက် ပိတ်ပင်တားမြစ်ဖို့ သန္နိဋ္ဌာန်ချမှတ်ကြောင်း G7 စက်မှုထိပ်သီး ၇ နိုင်ငံ- နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မေလ ၅ ရက်နေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်နိုင်ငံကပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ပစ္စည်းတွေ ရောင်းချတာ ထောက်ပံ့တာ မလုပ်ဖူးလို့ ဂျပန်က ပထမဆုံးအကြိမ် အဖြစ် လူသိရှင်ကြား ကတိပြုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအပေါ် လက်နက်ရောင်းချမှုပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်က ၄၃ နိုင်ငံမြောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တဲ့ အာရှနိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ဖြစ်ပြီး ဒီ ၂ နိုင်ငံစလုံးဟာ မြန်မာစစ်တပ်ကို အရေးယူလေ့မရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com/a/japan-sanction-armed-embargo-on-myanmar-/5881082.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.4K viewsedited  04:21
திற / கருத்து