Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 27

2021-05-12 11:29:44
လာမည့် ဇွန် ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးမည့် (၂၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သော ထီဖွင့်ရက်မှာ မေ ၁ ရက်ဟု ပါရှိနေသည့်အတွက် ပြည်သူများအကြားဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“မေ ၁ ရက်မှာဖွင့်မယ်ဆိုတော့ ထီလက်မှတ်အဟောင်းတွေ ပြန်ရောင်းနေတာလားပေါ့။ ဒီတော့ နားလည်မှုတွေလွဲကုန်တာပေါ့။ ဒီနေ့ သတင်းစာမှာ ကြေညာပေးထားတာတော့ ထီလက်မှတ်မှာပါတဲ့ ဖွင့်မယ့် လနဲ့ရက် မှားနေတဲ့အစား ဇွန်တစ်ရက်လို့ ပြင်ဆင်သတ်မှတ်ပါသည်ဆိုပြီးတာကို အသီးသီးပြောင်းလဲဖွင့်လှစ်ပေးသွားပါမည်ဆိုတော့ ရုတ်တရက် ဇဝေဇဝါတွေဖြစ်ကုန်တာ။ မှားယွင်းနေတာကို မှားယွင်းနေတယ်လို့ တည့်တည့်ရေးပြီး ထုတ်ပြန်ပါလားဗျာ” ဟု ထီကံစမ်းသူ ပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အောင်ဘာလေထီ ကိုယ်စားလှယ်တစ်ဦးက“ အဲ့ဒီဟာက ထီဖွင့်ပွဲကို နောက်ဆုတ်တာမဟုတ်ဘူး။ ထီလက်မှတ်မှာ ရိုက်နှိပ်ထားတဲ့ ရက်တွေက မှားနေတော့ စကားတွေ အရမ်းပြောနေရတယ်" ဟု ဖြေသည်။

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4372478226120382&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.1K views08:29
திற / கருத்து
2021-05-12 09:15:03
အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မေ ၇ ရက်နေ့အထိ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ ငွေသားထုတ်ယူ၊ ပေးသွင်းမှုစာရင်းတွေကို လျှို့ဝှက်အဆင့်သတ်မှတ်ပြီး ဖြည့်စွက်ပေးဖို့ ဘဏ်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလိုက်ပါတယ်။

ကြေညာထားတဲ့ကာလအတွင်း လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေရဲ့ ငွေသားထုတ်ယူမှု၊ ပေးသွင်းမှုတွေကိုမေ ၁၄ ရက်နောက်ဆုံးထားပြီး ဗဟိုဘဏ်ထံ ပေးပို့ရမယ်လို့လည်း အဲဒီကြေညာချက်က ဆိုပါတယ်။

ပေးပို့ရမယ့်စာရင်းတွေကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ ကုမ္ပဏီတစ်ခုချင်းစီနဲ့ အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ ငွေသားထုတ်ယူမှုနဲ့ ပေးသွင်းမှုစာရင်းနဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ စာရင်းပြောင်း (Transfer) နဲ့ စာရင်းရှင်း (Clearing) ဆောင်ရွက်ချက်တွေကိုပါ ပေးပို့ရမယ်လို့ ပါရှိပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
1.8K views06:15
திற / கருத்து
2021-05-12 09:10:50
တပ်မတော် အရန်အင်အားသို့ ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အသစ်ပေါ်ပေါက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီမှ မနေ့က ကြေညာခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်အခါ ပြည်ထဲရေးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုး ထွဋ်က တာဝန်ယူပြီးနောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုလည်း ပြည်ထဲရေးအောက်သို့ ပြန်ထည့်လိုက်သည့်အခါ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနသည် အခွံသာကျန်တော့သည့် ဝန်ကြီးဌာနတခု ဖြစ်နေသည်။

NLD အစိုးရ လက်ထက်တွင် ကာကွယ်ရေး ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မြင့်နွယ်ကို မူလ စစ်ဘက် တာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်လင်းထွန်းကို ကာကွယ်ရေး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ကြောင်း သိရသည်။

The Irrawaddy
https://burma.irrawaddy.com/news/2021/05/12/241729.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.3K views06:10
திற / கருத்து
2021-05-12 09:02:16
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌက နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းဖို့ကြိုးစားတာ ဝမ်းနည်းကြောင်းနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်းလိုက်နာဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာဟာ အဖွဲ့အစည်းရဲ့ သဘောဆန္ဒမဟုတ်ပဲ တသီးပုဂ္ဂလအမြင်သာဖြစ်တယ်လို့ ကေအန်ယူတပ်မဟာ ခေါင်းဆောင်တွေက တုံ့ပြန်လိုက်ကြပါတယ်။ သူတို့က NCA အတိုင်းဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။

"အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း NCA အတိုင်းသွားနေတာ ကျနော်တို့ ၁၀ နှစ်လောက်တော့ ရှိပြီပေါ့နော်။ ၂၀၁၂ ကနေအခု ၂၀၂၁ ဘာမှအခွင့်ရေး မရခဲ့ဘူး။ NCA အတိုင်းသွားတယ်လို့သာပြောတယ်၊ ကျနော်တို့ တင်ပြတဲ့အခွင့်ရေးမှန်သမျှ အားလုံးပယ်ချခံရတယ်။ ပြီးရင် တပ်ချင်းတွေ့ဖို့တောင် လက်ခံလို့ မရတာ NCA သွားဖို့က ပိုအလှမ်းဝေးတာပေါ့" လို့ ကေအန်ယူတပ်မဟာ(၁) သထုံခရိုင်အတွင်းရေးမှူး ဖဒိုစောစိုးမြင့်က ပြောပါတယ်။

VOA Burmese
https://burmese.voanews.com/a/knu-chairman-statement-not-representing-all-knu-/5887404.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.7K views06:02
திற / கருத்து
2021-05-12 07:35:47
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အဝင်အထွက်တွင် စစ်​ကောင်စီတပ်များက မိုင်းများ​ထောင် ထားပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်လိုက်​ကြောင်း Chinland Defense Force_Hakha က ​ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် စစ်​ကောင်စီသည် အများပြည်သူနှင့်သက်ဆိုင်သော ဟားခါးတက္ကသိုလ်အပါအ၀င် ဘဏ်နှင့် ဟားခါးမြို့အ၀င်အထွက် လမ်း၊ ရွာလမ်းများတွင် လူ့အသက်ကို သေစေနိုင်သော နင်းမိုင်းများထောင်ထားသည်ကို ပြည်သူဘက်မှ ရပ်တည် ပေးသောအတွင်းလူ၏ သတင်းပေးချက်အရ သိရှိရ​ကြောင်း ​ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီထောင်ထားသော မိုင်းများ‌ကြောင့် အသက်အန္တရာယ်များထိခိုက်နိုင်သောကြောင့် တောထွက်ခြင်းများ ရှောင်ရှားကြရန်နှင့် ထိခိုက် သေဆုံးမှုများရှိပါက အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်၊ တရားခံသာဖြစ်‌ကြောင်း ကြိုတင်အသိပေးအပ်သည်ဟု ​ရေးသားထားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1193339097770101&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.3K views04:35
திற / கருத்து
2021-05-12 07:30:15
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ တပ်သား ၁၅ ဦး သေဆုံးကြောင်း တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၂၁ မေလ၁၂ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် တမူးမြို့နယ် ကွန်းတောင်းရွာရဲကင်းနေရာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့ TPDF တို့ကြား တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1193374027766608&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.9K views04:30
திற / கருத்து
2021-05-12 06:50:03
အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဘာလေထီ ထိုးသူမရှိလို့ တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ

စစ်ကောင်စီ၏ အောင်ဘာလေထီ ထိုးမည့်သူမရှိ၍ ယခင် သိန်း ၁၅၀၀၀ ဆုချီးမြှင့်ရာမှ ယခုအခါ အမြင့်ဆုံးဆု သိန်း ၅၀၀၀ သာ ချီးမြှင့်နိုင်တော့ကြောင်း စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1193357151101629/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.7K views03:50
திற / கருத்து
2021-05-12 06:01:13 Singapore Exchange နှင့် ပတ်သတ်သော နောက်ဆက်တွဲအခြေအနေ :

ယနေ့ မေလ ၁၂ရက် မနက်အထိ ငွေလဲလှယ်နှုန်းထားကို DBS Banking က ဖော်ပြလျက်ရှိပါတယ်။ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယခုအချိန်အထိ တရားဝင်ထုတ်ပြန်ချက် ထွက်ရှိလာခြင်းမျိုးမရှိသေးပါ။ ယခုအချိန်တွင် မည့်သည့် သတင်းရင်းမြစ်ကမှ အတည်မပြုနိုင်သော အကြောက်တရားဖြန့် သတင်းများကို အထူးသတိထားရန် အကြံပြုလိုပါသည်။

သက်ဆိုင်ရာ တာဝန်ရှိ လူပုဂ္ဂိုလ်တို့​၏ ကြေညာချက်တစ်စုံတရာရှိပါက အသိပေးသွားမည်ဖြစ်ပါသည်။
7.4K viewsedited  03:01
திற / கருத்து
2021-05-12 05:53:35
ကချင်ပြည်နယ်တွင် ၁၉၆၀ နောက်ပိုင်းတွင် အခြေချနေထိုင်နေသောသူများအနေဖြင့် ကချင်ပြည်နယ်အတွင်းမှ ပြောင်းရွှေ့ဖို့ ရေးသားထားသော စာမှာ အတုသာဖြစ်ကြောင်း KIO အသိုင်းအဝိုင်းမှ ပြောသည်။

"ယခုတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲဖြစ်လို့ ကချင်ပြည်နယ်အတွင်းနေထိုင်သော လူမျိုးများကြား သွေးခွဲသပ်လျှိုမှုများ ရှိလာနိုင်တာကြောင့် သတိထားကြဖို့" မေလ ၁၁ ရက် ညက KIA တပ်မဟာ အသီးသီးသို့ KIO ဗဟိုမှ စာပို့ထားကြောင်း သိရသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1193317344438943/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.5K views02:53
திற / கருத்து
2021-05-12 05:24:17
မြင်းခြံခရိုင် တလုပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံများအကြား မေလ ၁၂ ရက် ယနေ့မနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်နေပြီး စစ်ကောင်စီဘက်မှ တစ်ဦး ကျည်ထိဒဏ်ရာရသွားသည်ဟု တလုပ်မြို့ခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ယနေ့မနက်အထိ အနည်းဆုံးရွာသား ၄ ဦး ကျည်ထိမှန်ထားပြီး အခြေအနေမစိုးရိမ်ရဟု တလုပ်မြို့ခံမှ ဆက်ပြောသည်။ မေလ ၁၁ ရက် ညနေပိုင်းတွင် တလုပ်မြို့ ရဲတိုင်ရွာအနီးမှာ ဒေသခံများ၏လက်လုပ်မိုင်းကြောင့် စစ်ကောင်စီတပ်သား ၇ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်ဟု တလုပ်မြို့ခံမှ ဆက်ပြောသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ရွာအတွင်းသို့ မဝင်နိုင်သေးပဲ ရွာအစွန်က တိုက်မြင့်တွေပေါ်မှာ နေရာယူခါးကြသည်ဟု သိရသည်။

ယနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်မှ တပ်ကူများရောက်ရှိဘာပြီး စုစုပေါင်း စစ်ကောင်စီတပ်သား သုံးရာကျော်ရှိပြီဟု တလုပ်မြို့ခံက ခန့်မှန်းပြောဆိုသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1193294017774609/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.9K views02:24
திற / கருத்து