Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 29

2021-05-09 17:08:26
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

TNLA တအာင်းပလောင်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က “မနေ့ကတော့ ဒီ ကွတ်ခိုင်မြို့နယ် နမ့်ဟူးနဲ့ နောင်ချိုရွာကြားမှာ ဖြစ်တယ်။ အချိန်ကတော့ နေ့လယ် ၂ နာရီ ၅၀ လောက်ကနေ ၆ နာရီခွဲအထိ ဖြစ်တယ်။ တပ်ဘက်ကတော့ တပ်မ ၃၃ ခမရ ၁၂ ဖြစ်တယ်။ ကျနော်တို့ ၃ ဖွဲ့ရှိတဲ့နေရာကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်တော့ ဖြစ်တယ်။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။” လို့ပြောပါတယ်။

ဒီဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

VOA Burmese
https://burmese.voanews.com/a/myanmar-army-tnla-mndaa-aa-fighting/5883840.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.7K views14:08
திற / கருத்து
2021-05-09 16:58:59
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာတင်မာအောင်က DMG သို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုလုပ်သည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ညှိုနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိနေသော်လည်း သူမအနေဖြင့် လိုအပ်သည်များကို ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။

လက်ရှိတွင် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ တဖြည်းဖြည်း ပျက်စီးဆုံးပါးလာနေသည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါက ပိုမိုကောင်းမွန်သည့် ထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

Development Media Group
https://m.facebook.com/story.php?story_fbid=2009460555873012&id=466648543487562

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.8K views13:58
திற / கருத்து
2021-05-09 16:11:27
မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မြန်မာစစ်တပ် ဝင်ငွေရစေရေးအတွက် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ထိတွေ့လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ ၁၀ ခုရှိကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။

ဂျပန်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အကူ ပြုနေသလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ ကျိုဒိုသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှု ထွက်လာတာပါ။

ဂျပန်နိုင်ငံက ကီရင်း ဘီယာကုမ္ပဏီဟာ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတွေ ပိုင်ဆိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မြန်မာ့အဖျော်ယမကာ ကုမ္ပဏီ လီမိတက်နဲ့ မန္တလေး အဖျော်ယမကာ လီမိတက်တို့နဲ့ ဖက်စပ်လုပ်ကိုင်နေတာကို ဥပမာတခုအနေနဲ့ ဖော်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com/a/japan-company-invest-myanmar-junta/5883780.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.6K views13:11
திற / கருத்து
2021-05-09 16:04:29
စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးစီမံကိန်းသစ် တစ်ခုကို လုပ်ကိုင်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဧရာဝတီတိုင်းအတွင်းမီးလင်းကြိုင်ဒေသမှာ တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီဖက်စပ် အကောင်ထည်ဖော်မယ့် ဒီစီမံကိန်းပြီးရင် မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မီဂါဝပ် ၁၃၀၀ ကျော်တိုးပြီးထုတ်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၂၀ခုနှစ်ကတည်းက သဘောတူညီချက်ရထားခဲ့တာဖြစ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း မြန်မာဘက်မှကုမ္ပဏီဘက်က ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.0K views13:04
திற / கருத்து
2021-05-09 08:27:30
ထိန်းချုပ်မှုကင်းမဲ့နေခဲ့သည့် တရုတ်ဒုံးပျံတစ်စင်း Long March 5 B ၏ ကြီးမားသော အပိုင်းကြီးတစ်ခုသည် ကမ္ဘာ့လေထုထဲ ပြန်လည်၀င်ရောက်ခဲ့ပြီး မေလ ၉ ရက်တွင် အိန္ဒိယသမုဒ္ဒရာထဲ ကျကာ တစ်စစီဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ် အာကာသအေဂျင်စီက ပြောသည်။

ယင်းမတိုင်မီက အလေးချိန် ၁၈ တန်ရှိ အဆိုပါ ဒုံးပျံအစိတ်အပိုင်း မည်သည့်နေရာသို့ ကျရောက်လာမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး စိတ်ပူပန်စရာ ကောလာဟလ ထင်ကြေးပေးမှုများ ထွက်ပေါ်ထားခဲ့သည်။ ကမ္ဘာမြေ၏ ၇၀ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားသည့်အတွက် မည်သည့် အာကာသအပျက်ထည်မဆို သမုဒ္ဒရာထဲသို့သာ ကျဆင်းလိမ့်မည်ဟု ကျွမ်းကျင်သူတစ်ချို့၏ ကြိုတင်ခန့်မှန်းချက်များနှင့် ယခု ဒုံးပျံ ဆင်းသက်မှုက တူညီနေခဲ့သည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/79917

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.4K viewsedited  05:27
திற / கருத்து
2021-05-09 08:08:08
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter - FDC) ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw - CRPH) ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီပဋိညာဉ်ကို ပြည်သူအားလုံး အလွယ်တကူဖတ်ရှုနိုင်ဖို့အတွက် The Insights မှ အပိုင်းလိုက်ခွဲပြီး နားလည်ရလွယ်အောင် ရုပ်ပုံတွေနဲ့ဖော်ပြပေး‌နေပါတယ်။

ပထမပိုင်း - https://www.facebook.com/103168104885891/posts/252178353318198/?d=n

ဒုတိယပိုင်း - https://www.facebook.com/103168104885891/posts/254114689791231/?d=n

တတိယပိုင်း - https://www.facebook.com/103168104885891/posts/256754776193889/?d=n

စတုတ္ထပိုင်း - https://www.facebook.com/103168104885891/posts/259835692552464/?d=n

ပဉ္စမပိုင်း -
https://m.facebook.com/story.php?story_fbid=266246478578052&id=103168104885891

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.7K views05:08
திற / கருத்து
2021-05-09 08:07:00
မြန်မာနိုင်ငံရှိ ၎င်းတို့၏ ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးမှ ၂၀၂၂ မတ်လအထိ အမြတ်အစွန်း ရမည်မဟုတ်ကြောင်း ဂျပန်ကုမ္ပဏီ ဆုမိတိုမို ကော်ပိုရေးရှင်းက ခန့်မှန်းထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန် KDDI နှင့် ဆုမိတိုမို ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။ “မြန်မာနိုင်ငံထဲက ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက် လည်ပတ်သွားမှာပါ” ဟု ဆုမိတိုမို ဘဏ္ဍာရေးမှူးချုပ် မာဆာရုရှိအိုမိက သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဖြေကြားသည်။

သူတို့၏ လုပ်ငန်းများအား အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။

Development Media Group
https://m.facebook.com/story.php?story_fbid=2009109759241425&id=466648543487562

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.4K views05:07
திற / கருத்து
2021-05-09 07:34:25
ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ ၊ အမျိုးသားညီညွတ်​ရေး အစိုးရအဖွဲ့ ၊ နိုင်ငံခြား​ရေးဝန်ကြီးဌာန က CDM ပြုလုပ်သည့် နိုင်ငံတကာ​ရောက် သံတမန်များ နှင့် ၄င်းတို့၏ မိသားစုဝင်များ အ​ပေါ် အကာအကွယ်​ပေး​ရေး ကိစ္စ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိနိုင်ငံခြား​ရေး ဝန်ကြီးဌာနများ၊ သံရုံးများသို့ ​ပေးပို့အ​ကြောင်း ကြားပြီးပြီ ဖြစ်ပါသည်။

https://www.facebook.com/105728294982770/posts/115611287327804/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.4K viewsedited  04:34
திற / கருத்து
2021-05-08 19:50:09
မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ​မေလ ၇ ရက်နေ့တွင်ဖွဲ့စည်းပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာသည်။

https://www.facebook.com/385165108587508/posts/1190814574689220/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.1K views16:50
திற / கருத்து
2021-05-08 18:52:49
စစ်ကောင်စီတပ်တွေက ကချင်ပြည်နယ် မိုးမောက်မြို့နယ်က အလော့ဘွမ်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဓာတုဗုံးသုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါကို အတည်မပြုနိုင်သေးဘူးလို့ ဒီစခန်းကို တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေရဲ့ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ နှစ် ၃၀ ဝန်းကျင် တပ်စွဲထားခဲ့တဲ့ အလော့ဘွမ်စခန်းကို လတ်တလော တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဒီလို ဗုံးမျိုး သုံးတယ်လို့ စွပ်စွဲနိုင်လောက်တဲ့ အထောက်အထား မတွေ့ရသေးဘူးလို့လည်း ဗိုလ်မှူကြီး နော်ဘူက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-56833883/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.6K views15:52
திற / கருத்து