Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 26

2021-05-12 20:18:29
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဒေါ်နီနီမေမြင့်၏ သားဖြစ်သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တဆင့်လွဲပြောင်းပေးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

"ဖမ်းသွားတာကတော့ သေချာတယ်။ သူ့ကိုဖမ်းသွားတယ်ဆိုတဲ့အကြောင်းကို သူ့အစ်မက ကျနော့်ကိုလာပြီးဖုန်းဆက်တယ်။ သားလေးကို ကျောင်းသွားပို့တဲအချိန်မှာပေါ့။ ကလေးကို လာပို့သွားတယ်လို့ပြောတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ဖမ်းသွားတာ"ဟု ဒေါ်နီနီမေမြင့်၏ ခင်ပွန်းဖြစ်သူကပြောသည်။

Western News
https://m.facebook.com/story.php?story_fbid=288880289585149&id=102405104899336

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.6K views17:18
திற / கருத்து
2021-05-12 18:59:08
တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါဝင်သည့် "ယခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် မလျှောက်သူများကို နောင်ပညာသင်နှစ်များတွင် ပုံမှန်နေ့ကျောင်းသားအဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တက်ရောက်ခွင့်ပြုမည်မဟုတ်" ဆိုသည့် အကြောင်းအရာမှာ နှစ်စဉ်ထုတ်ပေးသော စာအုပ်များ၌ အမြဲထည့်သွင်း‌ထားခဲ့ပြီး ယခုမှထပ်တိုးထည့်ထားခြင်းမျိုးတော့ မဟုတ်ပါ။

အဆိုပါ သတ်မှတ်ချက်မှာ ပညာသင်နှစ်တစ်ခုအတွက် စာအိတ်ထုတ်ပေးရာ ‌ကျောင်းလျှောက်ခြင်းမရှိပါက နောင်ပညာသင်နှစ်တွင် နေ့ကျောင်းသားအဖြစ်လက်ခံတော့မည်မဟုတ်ဘဲ အဝေးသင်အဖြစ်သာ ပညာသင်ယူနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သိနားလည်သူများက ပြောပါတယ်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.9K views15:59
திற / கருத்து
2021-05-12 17:27:20
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဖိအားအမြောက်အမြားနဲ့ ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့လယ်ခေါင်က Sule Square အဆောက်အအုံမှာ ရုံးနေရာငှားရမ်းထားတဲ့ နိုင်ငံတကာလုပ်ငန်းကြီးအချို့ အခုဆိုရင် ရွှေ့ပြောင်းနေကြသလို၊ အချို့လုပ်ငန်းတွေကတော့ ငှားရမ်းမှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့လည်ကောင်မှာရှိတဲ့ Sule Square ဟာ စစ်တပ်က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည် ဆောက်ထားတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာအဖွဲ့က ပြောဆိုထားပါတယ်။

Sule Square က ရုံးခန်းနေရာ ငှားရမ်းထားသော McKinsey & Company ကတော့ ၂၀၂၁ ခုနှစ် အစောပိုင်းမှာဘဲ ၄င်းတို့ရဲ့ ငှားရမ်းမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။။ Coca-Cola ကလည်း လာမယ့် ဇွန်လလယ်ပိုင်းမှာ သူတို့ရဲ့စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပြီး ထပ်ပြီးမငှားတော့ဘူးလို့ အီးမေလ်းမှတဆင့် ပြောကြားထားပါတယ်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1193718247732186&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.2K views14:27
திற / கருத்து
2021-05-12 17:18:43
ယနေ့ မေ ၁၂ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.0K views14:18
திற / கருத்து
2021-05-12 17:03:35
66kV အင်းဝ-ကျန်စစ်သား ဓာတ်အားလိုင်းနှင့် 66kV ဧရာဝဏ်-ဒဂုံအရှေ့ စက်မှုဇုန်ခွဲရုံ(၁) ဓာတ်အားလိုင်း အဆင့်မြင့်တင်တည်ဆောက်ခြင်းကိုဆောင်ရွက်လျှက်ရှိရာ လာမည့် မေလ ၁၃ရက်နှင့် ၁၆ရက်နေ့ နှစ်ရက်တွင် (10:00)နာရီမှ (14:00)နာရီ အချိန်အတွင်း၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များရှိရပ်ကွက် နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဟုသိရသည်။

YESC
https://www.facebook.com/658054670964545/posts/3365491736887478/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.0K views14:03
திற / கருத்து
2021-05-12 16:31:13 သတင်းနောက်ဆက်တွဲ - ဓာတ်အားပေးလိုင်းနှင့် မလွတ်သည့် သစ်ပင်အစရှိသည်များကို ရှင်းလင်းမည်ဖြစ်၍ လာမည့် မေလ ၁၃ရက်နေ့တွင် (09:00)နာရီမှ (12:00)နာရီ အချိန်အတွင်း၌ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဉက္ကလာ၊ တောင်ဉက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဟုသိရသည်။

YESC
https://m.facebook.com/story.php?story_fbid=3365436156893036&id=658054670964545

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.6K viewsedited  13:31
திற / கருத்து
2021-05-12 15:11:50
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင် အမှတ် (၅၁) အနီးတွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က နယ်ခြားစောင့်ရဲတပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဆာတစ်ဦးသေဆုံးသွားခဲ့သည်ဟု  သတင်းရရှိသည်။

“အာဆာအဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ကြတာပါ။ အာဆာအဖွဲ့က အလောင်းတစ်လောင်းနဲ့ သေနတ်တစ်လက်ရပါတယ်။ နယ်ခြားစောင့်အဖွဲ့ကလည်း ရဲတပ်သားတစ်ယောက် ဒဏ်ရာရပါတယ်။ အဲဒီ ရဲသားမှာတော့ ခါးမှာနှစ်ချက်၊ လက်မောင်းမှာ နှစ်ချက်၊ လေးချက် ဒဏ်ရာရသွားတယ်” ဟုပြောသည်။ ဒဏ်ရာရရှိသွားသော ရဲသားအား မောင်တောဆေးရုံသို့  ယူဆောင်သွားသည်ဟု သူကဆက်ပြောသည်။

Narinjara
https://burmese.narinjara.com/news/detail/609bb7957ac0b1046055f315

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.6K views12:11
திற / கருத்து
2021-05-12 15:03:26
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်ကောင်စီတပ်၏ သီးမူထာနဲ့မယ်ရထာစခန်း ၂ ခုကို ကေအန်ယူ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် နောက်ထပ် စခန်း ၄ ခုမှာ လက်နက်နဲ့ ကျည်ဆံတချို့ ထားခဲ့ပြီး စစ်တပ်က အခိုင်အမာ ခြေကုတ်ယူထားတဲ့နေရာတွေက ဆုတ်ခွါသွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက အခုလိုပြောပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ နယ်ခြားစောင့်တပ် BGF တွေလည်း ကေအန်ယူကို ထိုးစစ်ဆင်တာတွေရှိနေပြီး ဖာပွန်အောက်ပိုင်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

VOA Burmese
https://burmese.voanews.com/a/knu-kayin-myanmar-military-conflict/5887541.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.1K views12:03
திற / கருத்து
2021-05-12 14:46:22
တယ်လီနော် မှ မိုဘိုင်းဒေတာအတွက် အခမဲ့သုံးစွဲခွင့်ပေးထားရာမှ လာမည့် မေလ ၁၄ရက်မှစတင်၍ ကျသင့်ငွေကောက်ခံမည့်အကြောင်း အသိပေးစာတိုပေးပို့သည်ကို သိရသည်။ အော်ပရေတာအား ဖုန်းဆက်မေးမြန်းကြည့်ရာအောက်ပါအတိုင်းဖြေကြားပေးသည်။

များမကြာမီက မိုဘိုင်းဒေတာများကို Whitelist ဖြင့် ပြန်လည်ဖွင့်ထားပေးခဲ့ရာ လက်ရှိတွင်မူ အခမဲ့ အင်တာနက်အသုံးပြုခွင့်ပေးထားပြီး ကျသင့်ငွေ ပြန်လည်ကောက်ခံမည့်အကြောင်းကို စာတိုပို့အကြောင်းကြားခြင်း ဖြစ်ပါလိမ့်မည်ဟု ဆိုသည်။ Whitelist ဖြင့် အသုံးပြုခွင့်ပေးထားသည်များတွင် Office 365, Banking ဝန်ဆောင်မှုများ၊ Google API များနှင့် အခြားသတ်မှတ်ပေးထားသည်များပါဝင်ပြီး လူသုံးများသည့် လူမှုကွန်ရက်များကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.1K views11:46
திற / கருத்து
2021-05-12 13:36:10
ဗဟိုဘဏ်မှ ယနေ့ရက်စွဲဖြင့် ကန်ဒေါ်လာ ၆သန်းကို စျေးပြိုင်လေလံ ဖြင့်ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၅၀.၆ ကျပ် ဖြစ်ကြောင်းသိရသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.4K views10:36
திற / கருத்து