Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 23

2021-05-15 16:01:39
နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ မေ ၂၁ ရက်မှာ တွေ့ဆုံဖို့ရှိပြီး အဲဒီတွေ့ဆုံပွဲကို NLD ပါတီကိုလည်း လိပ်မူဖိတ်ကြားထားဟု UEC ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက မေ ၁၅ ရက်မှာ ကျင်းပတဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ ယာယီရပ်ဆိုင်းထားတဲ့ ပါတီနှစ်ခုမှအပ တရားဝင်မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီ ၉၁ ခုလုံးရဲ့ ဌာနချုပ်တွေထံ ဖိတ်ကြားစာပေးပို့ထားပြီးဖြစ်ပြီး အဲဒီထဲမှာလည်း NLD ပါတီလည်း ပါဝင်ပါတယ်လို့ သူက ပြောကြားသွားပါတယ်။

အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ ပထမတစ်ကြိမ် တွေ့ဆုံထားပြီးဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို NLD ပါတီကိုဖိတ်ကြားခဲ့ပေမယ့် ထိုစဉ်ကတည်းက ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးနီးပါးကို ဖမ်းဆီးခံထားရတာဖြစ်ပြီး NLD ဘက်က တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.2K views13:01
திற / கருத்து
2021-05-15 15:53:00
မြို့နေပြည်သူတွေ၊ ဆိုင်တွေ၊ အိမ်တွေထိခိုက်မှာစိုးရိမ်လို့ နောက်ဆုတ်ပေးလိုက်ရကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

“လူတွေလိုက်ဖမ်းတယ်၊ ဖမ်းမိတဲ့လူတွေကို လူသားဒိုင်းအဖြစ်သုံးပြီး မြို့ကိုကျူးကျော်သိမ်းပိုက်တယ်။ မြို့တွင်းတိုက်ပွဲဆင်တယ်။ ဘယ်သူသေသေ၊ ဘယ်သူထိထိ မည်းမည်းမြင်ရာပစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေ၊ ဆိုင်တွေ၊ အိမ်တွေထိမှာစိုးလို့ ဆုတ်ပေးရတယ်” လို့ ရေးသားထားတာပါ။

မနက် ၇ နာရီကစလို့ ညနေ ၃ နာရီလောက်အထိ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေနဲ့ မနားတပ်းပစ်ခတ်တာကြောင့် ဗုံးဆံထိတဲ့ ဒဏ်ရာရပြည်သူတွေပါ ဆေးကုသခွင့်မရကြသေးဘူးလို့ ဆိုပါတယ်။

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4382511995117005&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.7K views12:53
திற / கருத்து
2021-05-15 15:43:19
တယ်လီနောမှ လာမည့် မေလ ၁၆ရက်မှ စတင်၍ မိုဘိုင်းဒေတာအသုံးပြုမှုအတွက် အခကြေးပြန်လည်ကောက်ခံမည့်အကြောင်း စာတိုပေးပို့ အသိပေးလာသည်။

လွန်ခဲ့သည့်ရက်ပိုင်းကလည်း အခကြေးပြန်ကောက်မည့်အကြောင်း စာပေးပို့ခဲ့သော်လည်း သတ်မှတ်ရက်တွင်အခမဲ့ဆက်လက်ပေးသုံးခဲ့ပြီး အခြေအနေများအပေါ်တွင် အပြောင်းအလဲမှုများ ရှိနိုင်မည်ဟု ပြောဆိုထားခဲ့ရာ ယခုတစ်ခါ ပြန်လည်ကောက်ခံတော့မည်ဖြစ်ကြောင်း စာပို့အသိပေးလာပြန်သည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.2K viewsedited  12:43
திற / கருத்து
2021-05-15 15:35:53
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ တော်တော်များများ မြို့ပြင်ထွက်ပြေးတိမ်းရှောင်ကြပြီး တချို့က ထွက်မပြေးနိုင်ဘဲ မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ မြို့ထဲမှာ လူစုလူဝေးရှိမယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်နေကြတာကြောင့် လူအများအပြားဟာ ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖမ်းမိထားတဲ့ပြည်သူ ၁၅ ယောက်ကို ရှေ့ကနေ လူသားဒိုင်းသဘောမျိုး အကာအကွယ်လုပ်ပြီးတော့မှ မြို့တွင်းကို ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့အဲသလို ဝင်လာပြီကြားကတည်းက မြို့ထဲမှာရှိတဲ့လူငယ်ယောက်ျားတွေအားလုံး မြို့ပြင်ထွက်ရှောင်လာကြတယ်" လို့လည်း ဆိုပါတယ်။

ဒီနေ့မေလ ၁၅ ရက်မနက်ပိုင်း ၆ နာရီကျော်ကျော်အချိန်မှာ စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ပါတယ်။ မင်းတပ်မြို့အနောက်ဖက် ၁၄ မိုင်မှာ ဗုံး၂ လုံးကျပြီး၊ တောင်ပုလုဘုန်းကြီးကျောင်းနဲ့ စံမင်းသီရိစေတီကုန်းတို့အနီးမှာ ဗုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/burma-57127285

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.8K views12:35
திற / கருத்து
2021-05-15 12:50:03
ယနေ့ ညနေပိုင်း ၃ နာရီ မင်းတပ်ပြည်သူတွေကြုံတွေ့တာနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အခုလိုဖော်ပြထားပါတယ်

မင်းတပ် မြို့ပေါ် မှာနေထိုင်တဲ့ CDM ဝင်ဝင် မဝင်ဝင် CDF မှာ ပါပါမပါပါ ယောက်ျားလေးမှန်သမျှ အကုန် လိုက်ဖမ်းနေတာပါဖြစ်ပြီး အိမ်တွေထဲအထိ တံခါးဖျက်ပြီး ဝင်ဖမ်းနေကြပါတယ်။ရဟတ်ယာဥ်နဲ့ အခေါက် ၃၀ လောက်သယ်ယူပြီး မြို့ထဲ လက်နက်တွေပို့၊ တပ်ဖြန့်နေကြတာပြီး ကျောက်ထုအမြှောက်တပ်ကနေလဲ အဆက်မပြတ်အမြှောက်နဲ့ပစ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စှတပ်ကလည်း လက်နက်ကြီး၊ စနိုက်ပါနဲ့ မြို့ထဲဝင်လာပြီး ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေပါတယ်။ကလေးသူငယ်တွေပါ ခြေထောက်မှာ၊ ခေါင်းမှာ ဒဏ်ရာရကြပြီး ဆေးကုသမှုခံယူနိုင်ခြင်းမရှိပါဘူး။ စံ​​ပြရပ်ကွက် ဝန်ထမ်းအိမ်ရာ ထဲမှာ လက်နက်ကြီးကျလို့ ဒဏ်ရာရ ပြည်သူတွေ ရှိပါတယ် လို့လည်း ပြောပါတယ်။

Zalen
https://m.facebook.com/story.php?story_fbid=3058385094382341&id=1722606901293507

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.2K views09:50
திற / கருத்து
2021-05-15 12:26:02
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက်အမှတ်(၂/၂၀၂၁) ကို ယနေ့ ၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက် မှာထုတ်ပြန်လာပါတယ်။

https://www.facebook.com/100335318887361/posts/111720737748819/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.0K views09:26
திற / கருத்து
2021-05-15 10:28:25
ဒေါ်​အောင်ဆန်းစုကြည်ဟာ NLD ပါတီဖျက်သိမ်း​ကြောင်း လက်မှတ်ထိုး​ပေးခဲ့ပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကိုလည်း တရားမဝင်ပါဟု လက်မှတ်​ရေးထိုးထားတယ်လို့ ​သတင်းမှားဖော်ပြရေးသားနေကြပါတယ်။ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ ​ကောလာဟလသာဖြစ်​နေ​ကြောင်း ​တွေ့ရှိခဲ့ပါတယ်။

အကြောင်းမှာ
- NLD ပါတီမှ ​ဗဟိုထိပ်တန်း ​ခေါင်း​ဆောင်တစ်ချို့သည် ယခုအချိန်ထိ လွတ်​မြောက်လျက်ရှိ​သော်လည်း ဒီသတင်းနဲ့ ပတ်သက်လို့ ပြည်သူသို့ အ​ကြောင်းကြားတာမျိုး မ​တွေ့ရ​သေးပါဘူး။

- ဒါ့အပြင့် အခုလို ထိပ်တန်း သတင်းတစ်ပုဒ်ကိုလည်း နိုင်ငံတကာမီဒီယာ​တွေနဲ့ ပြည်တွင်းက လွတ်လပ်တဲ့ မီဒီယာ​တွေမှာလည်း ​ဖော်ပြထားတာမျိုး မ​တွေ့ရ​သေးပါဘူး။

- ဒါအပြင် NLD ပါတီဝင် အနိုင်ရကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH နဲ့ NUG တို့ရဲ့ Facebook Page ​တွေမှာလည်း ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ​ဖော်ပြထားတာမျိုး မ​တွေ့ခဲ့ရပါဘူး။

တွေးပြီးမှယုံ
https://m.facebook.com/story.php?story_fbid=1654647578068627&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.3K viewsedited  07:28
திற / கருத்து
2021-05-15 09:31:49
တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု သဘောတူစာချုပ် (အန်စီအေ) ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပျက်ပယ်သွားပြီးဖြစ်ပြီး အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေအနေနဲ့ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌဟောင်း၊ လက်ရှိ KNU Concerned Group ရဲ့ နော်စီဖိုးရာစိန်က ပြောပါတယ်။

“NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြ တယ်။ လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။"

DVB TV News
http://burmese.dvb.no/archives/463915

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.7K views06:31
திற / கருத்து
2021-05-15 09:24:44
KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြဿနာတွေကို NCA စာချုပ်အတိုင်း ဆွေးနွေးအဖြေရှာဖို့ သဘောထားရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးက ဒီကိစ္စကို ဗဟိုကော်မတီဝင် အများစုက လက်ခံခြင်း မရှိပါဘူး။ နွေဦးတော်လှန်ရေးကို KNU က အပြည့်အဝ ထောက်ခံပြီး အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။

“ကရင်လူထုမှမဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားအားလုံး ပြည်သူတရပ်လုံးကတော့ စစ်ကောင်စီနဲ့ ပတ်သက်ရင် ပြတ်သားတဲ့ဆုံးဖြတ်ချက် ရှိပြီးသားပါ။ အခု ဥက္ကဋ္ဌကြီး စောမူတူးစေးဖိုး ပြောသွားတဲ့အချက်က လူထုတော်လှန်ရေးပေါ်မှာ မထိခိုက်ပါဘူး။ ကျနော်တို့သိသမျှ KNU ခေါင်းဆောင်ပိုင်းက လူထုတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ ပြတ်ပြတ်သားသား အကူညီပေးနေတာ လုပ်နေတာ ထင်ထင်ရှားရှား ရှိပြီးသားပါ” ဟုဆိုသည်။

RFA Burmese
https://www.rfa.org/burmese/program_2/knu-leader-and-military-coup-05142021182751.html/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.1K views06:24
திற / கருத்து
2021-05-15 07:56:27
သတင်းနောက်ဆက်တွဲ - တက္ကသိုလ်ဝင်ခွင့်နှင့် စပ်လျဉ်း၍ NUG အစိုးရ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းထားရာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် ကြားကာလပညာရေးအစီအစဉ်ရှိကြောင်းနှင့် ဝင်ခွင့်ဖောင်မလိုအပ်ပဲ အောင်လက်မှတ်ဖြင့် လျှောက်နိုင်ရန် ကြေညာပါမည်ဟု အကြောင်းပြန်လာသည်ကို သိရသည်။

သတင်းရင်းမြစ် : https://www.facebook.com/100054286594985/posts/276050197547865/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.7K viewsedited  04:56
திற / கருத்து