Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 25

2021-05-14 18:39:37
၂၀၂၀ ခုနှစ်၊ ဇွန်လထဲမှာ ပျံ့နေခဲ့ပြီးဖြစ်တဲ့ တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခြင်းခံရသော မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ဓာတ်ပုံကို လက်ရှိအဖြစ်အပျက်သဖွယ် ရေးသားနေကြကြောင်းသိရပြီး ၎င်းပြောဆိုနေမှုများမှာ သတင်းအမှားသာ ဖြစ်ပါတယ်။

သတင်းအမှန် (၂၀၂၀ ခုနှစ်၊ DVB)




Source -
https://myanmar.factcrescendo.com/misleading-claim-on-two-police-arrested-by-tnla-in-2020/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.8K views15:39
திற / கருத்து
2021-05-14 17:07:03
ယနေ့ မေ ၁၄ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.6K views14:07
திற / கருத்து
2021-05-14 16:57:07
မေလ ၁၂ ရက်နေ့မှာပဲ "မြင်းခြံဆေးရုံ တပ်စွဲထားတဲ့ ရဲများ သေနတ် ၁၃ လက်ကို သိန်း ၃၀ နဲ့ ရောင်းပြီး CDM ဝင်သွားဟု သတင်းထွက်ပေါ်နေ" လို့ Credit ပေးပြီး ရေးသားထားတဲ့ ပိုစ့်တစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါ ပိုစ့်ကိုတော့ react ပြုလုပ်သူ 1.7K နဲ့ ပြန်လည်မျှဝေသူ 411 ဦးရှိနေပါပြီ။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေကိုလဲ အများအပြားတွေ့နေရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးချက်တွေအရ
- မြင်းခြံဒေသခံ ၂ ဦးကို ဆက်သွယ်မေးမြန်းခဲ့ပြီး ၂ ဦးလုံးဟာ သတင်းတုသာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
- အဆိုပါသတင်းတုကို တင်ခဲ့တဲ့ ခင်မောင်ဌေးဆိုတဲ့ အကောင့်ကို တွေးပြီးမှယုံက ဆက်သွယ်ကြည့်ရာ အကြောင်းပြန်ထားခြင်း မရှိသေးပါဘူး။
- ဒါ့အပြင် တခြားလွတ်လပ်တဲ့ မီဒီယာတွေကနေလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာမျိုး မရှိပါဘူး။
ဒါကြောင့် ဒီသတင်းဟာ ကောလဟာလ အဖြစ်သာ ပြန့်နှံ့နေတဲ့ သတင်းတုသာ ဖြစ်ကြောင်း ဖော်ပြပေးလိုပါတယ်။

တွေးပြီးမှယုံ
https://m.facebook.com/story.php?story_fbid=1652541321612586&id=598185483714847

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.6K viewsedited  13:57
திற / கருத்து
2021-05-14 16:27:42
အခု အွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့ ငွေသွင်းသီးသန့်ဘဏ် (Deposit Bank) ဟုဆိုကာ စာကပ်ထားတာနဲ့ပတ်သက်ပြီး လူပြောများနေကြောင်းသိရသည်။ ကြေညာစာပါပုံထဲမှ ဝက်ဆိုက်လိပ်စာအရ CB bank ဆိုပြီး တွေ့ရသည်။

အဆိုပါ ကြေညာချက်မှာ CB ဘဏ်၏ ငွေအထုတ်/အသွင်းပြုလုပ်နိုင်သည့်ဘဏ်ခွဲများ ရှိရာမှ ဘဏ်ခွဲတစ်ခု၏ ငွေအသွင်းသီးသန့်အခွဲ (Deposit Branch) ဖြစ်ကြောင်း ကြေညာတာဖြစ်နိုင်သည်ဟု သိနားလည်သူများမှ ဆိုကြသည်။

Deposit Branch နှင့် ပတ်သက်၍ CB Bank ၏ ထုတ်ပြန်ချက်
https://m.facebook.com/story.php?story_fbid=4135300203179939&id=157847024258630

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.3K views13:27
திற / கருத்து
2021-05-14 15:19:33
ဒဂုံတက္ကသိုလ် နားနေဆောင်အနီး​မေလ ၁၄ ရက်​နေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်သည်ဟုဆိုကာ ဓာတုဗေဒဌာနတွင် ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသား နှင့် သူငယ်ချင်း ၂ ဦး စုစု​ပေါင်း ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

နားနေဆောင်အနီးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ နယ်မြေဝန်ထမ်း ထွန်းဇော်မြင့်ဆိုသူက စွပ်စွဲသတင်းပို့သဖြင့် ရန်ကင်းဆောင်အနီး နှင့် ဓာတုဗေဒ အဆောင်အတွင်းတို့တွင် မွန်းတည့် ၁၂ နာရီခန့်က စစ်တပ်နှင့်ရဲက ဝင်ရောက်၍ အသီးသီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု သိရှိရသည်။ ဖမ်းဆီးခံရသူ ၃ ဦးကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1195240940913250&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.1K views12:19
திற / கருத்து
2021-05-14 15:15:44
ယနေ့ မေလ ၁၄ရက်တွင်ကျင်းပသည့် ဧရာဝတီဘဏ်၏ ဒါရိုက်တာအစည်းအဝေးသို့ ဥက္ကဌ ဦးဇော်ဇော် (Chairman) မှ လူကိုယ်တိုင် တက်ရောက်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း ဦးဇော်ဇော်ကို လူမြင်ကွင်းမှာ ပထမဆုံး တွေ့မြင်ရခြင်းဖြစ်သည်။

အဆိုပါအစည်း‌အဝေးတွင် ဘဏ်များစည်းဝေးဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဌအဖြစ် တင်မြှောက်ခံရသည့် ဧရာဝတီဘဏ်၏ အမှုဆောင်ဥက္ကဌ (Executive Chairwoman) ဖြစ်သူ ဒေါ်‌ခင်စောဦး အ‌တွက် ဧရာဝတီဘဏ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆိုခဲ့သည်။

ဘီဘီစီမြန်မာပိုင်း
https://m.facebook.com/story.php?story_fbid=4125705190818668&id=166580710064489

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.5K views12:15
திற / கருத்து
2021-05-13 07:23:35
မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်လာသူအချို့ စုပေါင်းပြီး မွန်တိုင်းရင်းသားလူမျိုးများအတွက် မွန်ရေးရာ အဖွဲ့သစ်တစ်ခုကို ယခုလ မေလအတွင်း အပြီးတိုင် ဖွဲ့စည်းတည်ထောင်သွားမည်ဟု ပါတီမှနုတ်ထွက်ခဲ့သူ နိုင်မွန်ရာဇာ ပြောကြားသည်။ ယခု မေလအတွင်း အပြီးသက်ဖွဲ့စည်းမည့် မွန်ရေးရာအဖွဲ့ အတွက် ဖွဲ့စည်ပုံအခြေခံစည်းမျဉ်း ရေးဆွဲနေပြီးဖြစ်ကြောင်း အဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်သည့် နိုင်မွန်ရာဇာက ပြောသည်။

လက်ရှိအချိန်တွင် မွန်ရေးရာအဖွဲ့ဟု အမည်တက်ထားပြီး ညှိနှိုင်ပြင်ဆင်မှု လုပ်ဆောင်ရန်လိုအပ်ပါက ဆွေးနွေးညှိနှိုင်းပြီးမှ အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။ အဆိုပါအဖွဲ့ကို မော်လမြိုင် အခြေစိုက်ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်းသားများ ပါဝင်လာနိုင်အောင် မြို့နယ်အဆင့်သို့တိုင် ဖွဲ့စည်တည်ထောင်သွားမည်ဟုလည်း နိုင်ရဲဇော်ကဆိုသည်။

RISE News
https://m.facebook.com/story.php?story_fbid=4563032380377890&id=2741985585815921

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.6K views04:23
திற / கருத்து
2021-05-13 06:59:13
စစ်ကောင်စီမှ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ (၅/၂၀၂၁) ကို လာမည့် မေလ ၁၅ရက်နေ့ နေ့လည် ၁နာရီတွင် ကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ရှိ သတင်းဌာနများမှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.8K views03:59
திற / கருத்து
2021-05-13 06:48:30
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲက လမ်းပိုင်းတချို့မှာ ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ ဆက်သွယ်သွားလာတာမပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဆောမြို့နယ်)က မေလ ၁၂ ရက်နေ့စွဲနဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။

အများပြည်သူတွေအနေနဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့ကစလို့ ဆော-ကျောက်ထုလမ်းပိုင်း၊ ဆော- ဆိပ်ဖြူလမ်းပိုင်း၊ ကျောက်ထု-ပခုက္ကူ လမ်းပိုင်းတွေကို လုံခြုံရေးအရ ဆက်သွယ်သွားလာတာ မပြုလုပ်ဖို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

DVB TV News
http://burmese.dvb.no/archives/463518

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.7K views03:48
திற / கருத்து
2021-05-13 06:44:51
မေလ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က အမေရိကန်ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ငွေလဲကောင်တာတွေကတစ်ဆင့် ရောင်းချပေးသွားမယ်လို့ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေထံက သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ရောင်းဈေးအတိုင်း တစ်ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ ဝယ်ယူသူ တစ်ဦးကို ဒေါ်လာ ၁၀၀၀စီ စတင်ဖြန့်ဝေရောင်းချသွားမယ်လို့ သိရပါတယ်။

အရင်က ပုဂ္ဂလိက ဘဏ်တွေကိုသာ ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချခဲ့ရာကနေ အခု ပထမဆုံး အကြိမ်အဖြစ် Money Changer တွေကို ဒေါ်လာရောင်းချပေးခဲ့တာဖြစ်ပါတယ်။ ဒီလို Money Changer တွေကတဆင့် ဒေါ်လာရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မူကြောင့် ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြီး ဈေးအတက်ကြမ်းနေတဲ့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းဟာ ပြန်လည်ကျဆင်းခဲ့ပါတယ်။

DVB TV News
http://burmese.dvb.no/archives/463498

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.1K views03:44
திற / கருத்து