Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 22

2021-05-16 14:06:56
မင်းတပ်မြို့ စစ်ကောင်စီတပ်များ၏ဖိနှိပ်မှု ခံနေရခြင်းအပေါ် CPRH မှ ရှုတ်ချကြောင်းနှင့် ၎င်းဖြစ်ရပ်အတွက် စစ်ကောင်စီမှ တာဝန်ခံရန် သတိပေးလိုက်ကြောင်း ထုတ်ပြန်လာသည်။

ထုတ်ပြန်ချက်
https://m.facebook.com/story.php?story_fbid=179659817493331&id=102780861847894

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K views11:06
திற / கருத்து
2021-05-16 14:02:57
စစ်ကောင်စီခန့် မြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့က လက်ကားဈေးကြီးတွေမှာ ဆိုင်ခန်းတွေ မေလ(၂၄)ရက် နောက်ဆုံးထား ဖွင့်ဖို့အကြောင်းကြားတဲ့စာတွေ ထွက်လာကြောင်း စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ဘီဘီစီက မေးကြည့်ခဲ့တဲ့ ဈေးဆိုင်ရှင်အများစုကတော့ ဆိုင်တွေပြန်မဖွင့်ဘူးလို့ လည်းပြောပါတယ်။

"တည်ငြိမ်မှု မရှိမခြင်းကတော့ ဖွင့်လို့မရဘူး၊ တစ်ခုခုဖြစ်တယ်ဆိုရင်တောင် ဗုံးခွဲလိုက်မှာ၊ လုယက်တာ၊ တွေဖြစ်မှာစိုးလို့ ဆိုင်ခန်းရှင်တွေ ထွက်ဖို့မရှိပါဘူး" လို့ ဈေးချိုတော်က ဆိုင်ခန်းရှင် တစ်ဦးကပြောပါတယ်။

မေလ ၂၄ရက်နေ့မှာ ဈေးကြီးတွေအတွင်း ဈေးခင်းရောင်းချတာ မရှိရင် ဈေးဆိုင်ခန်းငှားရမ်း အသုံးပြုတာကို စည်းကမ်းချက် အပိုဒ်(၁၄)အရ ဈေးဆိုင်ခန်းတွေကို ကော်မတီပိုင်အဖြစ် ပြည်လည်သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီခန့် ဈေးနှင့်သားသတ်ဌာန ဌာနမှူးက လက်မှတ်ရေးထိုးပြီး မေလ ၁၅ရက်စွဲနဲ့ အကြောင်းကြားစာတွေ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.9K views11:02
திற / கருத்து
2021-05-16 13:59:15
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မယ့်အိုင်းမြို့နယ်ထဲမှာ ဖမ်းမိတဲ့ စိတ်ကြွဆေး ၅ သန်းလောက်ဟာ ရှမ်းပြည်နယ် မိုင်းယောင်း ဝလက်နက်ကိုင်တွေ ထိန်းချုပ်ရာဒေသကလာကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီလိုပြောဆိုချက်အပေါ် UWSA ဝတပ်ဖွဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ အခုလို ငြင်းဆိုသွားပါတယ်။

“ဒီလိုပဲ စွပ်စွဲနေကြပါပဲ။ ဘာမှ အခြေအမြစ်လည်း မရှိဘူးနော်။ ဘာမှ သက်သေအထောက်အထားလည်း မပြနိုင်ဘူး။ ကျနော်တို့ဘက်က ဖြတ်သွားတယ် ဆိုပေမယ့်လည်း ကျနော်တို့ ပိုက်စိတ်တိုက် ဖမ်းဆီးနှိမ်နင်းတယ် ဆိုတာလည်း အားလုံးအသိပါပဲ။ ရာနှုန်းပြည့် ပိတ်ဆို့နိုင်ဖို့ ဆိုတာလည်း အခက်အခဲရှိပါတယ်။တကယ်လို့ သက်သေအထောက်အထား ပြနိုင်တယ်ဆိုရင်တော့ အရေးယူဖို့ အဆင်သင့်ပါပဲ"

VOA Burmese
https://burmese.voanews.com/a/thai-seized-methamphetamine-uwsa/5892379.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.5K views10:59
திற / கருத்து
2021-05-16 13:52:39
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဖားကန့်ရတနာနယ်မြေမှာ စစ်ကောင်စီရဲ့တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဒေသခံလုပ်ငန်းရှင်တချို့ရဲ့ တရားမဝင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေကို ဧပြီ ဒုတိယပတ်ကစပြီး လစဉ်ကြေးယူပြီး လုပ်ဆာင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေခံတပ်မ ၃၃ နဲ့ တိုက်ခိုက်ရေးရဲတပ်ရင်းတွေဟာ ငွေကြေးအမြောက်အများကို လစဉ်ကြေးသဘောမျိုး ကောက်ခံပြီး ဒေသခံရေမဆေး လောပန်တွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တချို့ကို စက်ယန္တရားတွေ အသုံးပြုပြီး တရားမဝင်ကျောက်စိမ်းတူးဖော်တာတွေကို လုပ်ဆောင်ခွင့် ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို မှော်စီစာ၊ မှော်မောင်းလျံ၊ မန၊ ရှရော်ခ၊ စပျစ်ခူး၊ မမုံကျေးရွာနောက်ကျောနဲ့ မက်လင်ချောင်ကျေးရွာနားက ဒေသအခေါ် YTT ကုန်းတို့မှာ တရားမဝင်တူးဖော်နေကြပါတယ်။

DVB TV News
http://burmese.dvb.no/archives/464181

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.5K views10:52
திற / கருத்து
2021-05-16 13:05:30
စစ်ကောင်စီ၏ ဝင်ငွေရလမ်း ၉၀ ရာခိုင်နှုန်းကို ပြည်သူနှင့်အတူ လက်တွဲ၍ ပိတ်ဆို့ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ပြောဆိုသည်။ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က BBC မြန်မာပိုင်းနှင့် အင်တာဗျူးတွင် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

"အဓိကဝင်ငွေရလမ်းက ၃ ခုရှိတယ်၊ နံပါတ် ၁ က အခွန်အကောက်၊ နံပါတ် ၂ က လျှပ်စစ်ဓာတ်အားရောင်းချတာ၊ နံပါတ် ၃ က ရေနံနဲ့သဘာဝဓာတ်ငွေ့ရောင်းချတာရယ်။ ကျနော်တို့တိုင်းပြည်ရဲ့နိုင်ငံခြားဝင်ငွေက ကျပ်ငွေအားဖြင့် ဘီလီယံ ၂၅၀၀၀ နဲ့ ၃၀၀၀၀ ကြားမှာရှိတယ်၊ အဲ့ဒီကမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ကရတာက ဘီလီယံ ၂၀၀၀ ကျော်လောက်ဘဲရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းပေါ့။ ဒီ ၁၀ ရာခိုင်နှုန်းလောက်ကိုတော့ မပိတ်ဆို့နိုင်သေးဘူး။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက ပြည်သူနဲ့အတူလက်တွဲပြီး ပိတ်ဆို့ထားနိုင်ပြီးဖြစ်တယ်"ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

Ayeyarwaddy Times
https://m.facebook.com/story.php?story_fbid=1889753031182689&id=508784185946254

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.9K views10:05
திற / கருத்து
2021-05-16 12:57:47 စစ်ကိုင်းတိုင်း ကလေးမြို့မှာ တောင်ဖီလာ ရပ်ကွက်ထဲက အထက်တန်းကျောင်းခွဲ ( အ.လ.က ၁) မီးရှို့ခံရပြီး ကျောင်းဆောင် ၂ ဆောင် မီးလောင်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းမှာ လျှပ်စစ်မီးသွယ်တန်းထားတာလည်း မရှိတဲ့အတွက် ရှို့မီးလို့ ယူဆရတဲ့အကြောင်း ကလေးမြို့ မီးသတ်တပ်ဖွဲ့ အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။

မီးရှို့ခံရတဲ့ ကျောင်းရဲ့ အုတ်နံရံမှာ CDM ကျောင်းဖြစ်တဲ့အကြောင်း၊ CDM မဝင်တဲ့ ဆရာ၊ ဆရာမ နာမည် တွေကို ဆေးတွေနဲ့ရေးချယ်ထားတာကို စစ်ကောင်စီတပ်တွေက လာစုံစမ်းပြီး မီးရှို့ပစ်မယ့်အကြောင်း ပြောသွားတာတွေ ရှိခဲ့ဖူးတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/bomb-explosion-in-ygn-05162021052300.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017

2/2
9.7K viewsedited  09:57
திற / கருத்து
2021-05-16 12:57:41
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်း မြို့နယ်အုပ်ချုပ်ရေးရုံးဘေးက Denko ဆီဆိုင်မှာ ဒီနေ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသားတစ်ယောက် သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဟာ ဆိုင်ကယ်ဆီဖြည့်ဖို့လာတဲ့သူဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးခေါင်းနဲ့ မေးရိုးတွေ ပျက်စီးပြီး မင်္ဂလာဒုံခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် Denko ဆီဆိုင်က အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

1/2
9.6K views09:57
திற / கருத்து
2021-05-15 16:23:29 သတင်းနောက်ဆက်တွဲ - ဘဏ်များတွင် တစ်ပတ်အတွင်း အပ်နှံငွေ ကျပ်ဘီလီယံ ၂၀၀ ရှိလာဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောဆိုမှု လိမ်လည်ခြင်းဟု ဘဏ်အသိုင်း အဝိုင်းပြောဆိုလာသည်။

"ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောသွားတဲ့ ပြီးခဲ့တဲ့ အပတ်မှာ ဘဏ်တွေကိုလာအပ်တာ ကျပ်ငွေ ဘီလီယံ ၂၀၀ ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဘဏ်တွေ ဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာ ကျနော်တို့ အသိဆုံးပါ။ ပြောချင်တာက သူက အဲလို ထွက်ပြောလေ လူတွေက မယုံကြည်ပြီး ငွေလာ ထုတ်လေလေ ဖြစ်တော့ အဲဒီလို အလိမ်အညာတွေ ဖီးလုံး လိမ့်လုံးတွေက အခြေအနေကို ပိုဆိုးစေပါတယ်" ဟု ဆိုကြသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1196131074157570/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
3.5K views13:23
திற / கருத்து
2021-05-15 16:09:09
ပြီးခဲ့သည့်ရက်သတ္တပတ်တစ်ပတ်အတွင်း ဘဏ်များသို့ အပ်ငွေ ကျပ်ဘီလျံ ၂၀၀ ကျော် ပြန်လည်အပ်နှံလာကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က မေလ ၁၅ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် စိတ်ချယုံကြည်စွာဖြင့် Digital Banking Application များ အသုံးပြုရသွားပါက တန်းစီငွေထုတ်နေရသည့် ရာခိုင်နှုန်း လျော့သွားမည်ဖြစ်ကြောင်း၊ ယုံကြည်စွာဖြင့် ငွေသားများ ပြန်လည်အပ်နှံနေပါက ယင်းအချက်အလက်များအပေါ် မူတည်၍ ကန့်သတ်ချက်များ တိုတောင်းမည်ဖြစ်ကြောင်း ဦးဝင်းသော်က ပြောကြားသေးသည်။

Eleven News
https://news-eleven.com/article/208339

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.4K views13:09
திற / கருத்து
2021-05-15 16:04:57
"ဝ" ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းရဲ့ ဇနီးဖြစ်သူ အသက် ၆၉ ဟာ မေလ ၁၁ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ “ဝ” ပြည်နယ်သတင်းဌာနမှာဖော်ပြပါတယ်။

သူဟာ “ဝ” အမျိုးသမီးရေးရာအဖွဲ့ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတစ်ယောက်လည်းဖြစ်ပြီးတော့ “ဝ” အဖွဲ့ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်တစ်ချို့က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့တာကိုတွေ့ရပါတယ်။ တရုတ်ပြည်က ဒေသအာဏာပိုင်တစ်ချို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့ခဲ့ကြောင်းကိုလည်း “ဝ” အခြေစိုက်မီဒီယာတွေက ဖော်ပြပါတယ်။

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4382551001779771&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.3K views13:04
திற / கருத்து