Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 24

2021-05-15 06:55:02
ဖေဖေါ်ဝါရီလ ကတည်းက စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုဒဏ်ကနေ လွတ်မြောက်အောင် ထွက်ပြေးလာသူတွေကို ထိုင်းအစိုးရက အတင်းအကြပ်ပြန်ပို့မှာ မဟုတ်ဖူးလို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို သောကြာနေ့မှာ ကတိပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် Parayuth ကလည်း ထိုင်းအစိုးရအနေနဲ့ မြန်မာနယ်စပ်က အခြေနေတွေကို အနီးကပ်စောင့်ကြည့်နေတာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ခိုလှုံဖို့နဲ့ ဆေးကုသပေးဖို့ နေရာ အတော်များများမှာ ပြင်ဆင်ထားကြောင်း မစ္စ Burgener ကို ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com/a/thai-pm-promise-not-to-send-refugees-back-home/5891290.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.6K views03:55
திற / கருத்து
2021-05-15 06:00:08
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ် ၅ စီးဖြင့် စစ်ကူများ လက်နက်များကို ချပေသွားပြီး ပြည်သူများနေထိုင်ရာ မင်းတပ်မြို့ထဲသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရှိရသည်။

စစ်ကောင်စီတပ်က ရဟတ်ယဥ် ၅ စီး ဖြင့် ၂၇၄ တပ်ရင်းအတွင်းသို့ စစ်ကူများ၊ လက်နက်များ ယနေ့နံနက် ချသွားပေးကြောင်း၊ ယနေ့နံနက်ပိုင်းမှာတင် မြို့ထဲသို့ ၁၅ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း၊ အနောက် နတလကျောင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ နေရာယူထားကြောင်း၊အကြမ်းဖက် စစ်ကောင်စီတပ်သားတချို့သည် အနောက် ၄မိုင် ဘုန်းကြီးကျောင်းဘက်ကို တက်သွားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Khit Thit Media
https://www.facebook.com/watch/?v=154172376674357

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.6K views03:00
திற / கருத்து
2021-05-15 05:28:25
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့မဈေးတွင် ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး တဈေးလုံးနီးပါး ပြာကျ ပျက်စီးခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်သည် အများပြည်သူများအား ညမထွက်ရ အမိန့်ထုတ်ထားသည့် အချိန်ဖြစ်သည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1195658014204876&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.5K views02:28
திற / கருத்து
2021-05-14 20:32:43
Chinland Defense Force _ Hakha က ဟားခါးစစ်ကောင်စီမှ ရဲမှူး အပါအဝင် ရဲအရာရှိ ၃ ဦး၊ ဒလန် တစ်ဦး ဖမ်းထားပြီး ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်​ပေးခြင်းဖြင့် အလဲအလှယ်လုပ်ရန် ကမ်းလှမ်းချက် ယ​နေ့ည ထုတ် ပြန်သည်။

ရဲမှူး ဦးစိုးလွင်၊ ဒုရဲမှူး ဦးစိုးဝင်းသန်း၊ ဒုရဲအုပ် ဦးဆုန်းကီးနှင့် ဦးစိုင်းထွန်း တို့ကိုဖမ်းဆီးထားပြီး CDF_Hakha တောင်းဆိုနေသော ဖမ်းဆီးခံ ဟားခါးပြည်သူများ တစ်ယောက်မကျန် မေလ(၁၅)ရက် မနက် ၈နာရီမတိုင်ခင် ​​ခြွင်းချက်မရှိ ​လွှတ်ပေးခြင်းမရှိပါက ဖမ်းဆီးခံထားရသူများအတွက် အာမခံချက်မရှိကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1195432784227399/?d=n

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.7K views17:32
திற / கருத்து
2021-05-14 20:02:22
အပြည်‌ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာနှင့် သူ၏ဝန်ထမ်းအကြီးအကဲတို့ ယူကေအထက်လွှတ်တော်အမတ်၊ ဒု-လွှတ်တော်ဥက္ကဌဟောင်း Baroness Cox နှင့်အဖွဲ့အား မြန်မာနိုင်ငံ၏လက်ရှိ အခြေအနေများ၊ အောင်ပွဲသို့ဦးတည်သည့် လမ်းကြောင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းသာ သတင်းထုတ်ပြန်ထားပြီး လက်နက်နှင့်ပတ်သက်၍ ပြောဆိုခြင်း မရှိပါ။

ထုတ်ပြန်ချက်
https://m.facebook.com/story.php?story_fbid=120967870140509&id=105838768320086

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
1.9K views17:02
திற / கருத்து
2021-05-14 19:16:20
မြန်မာစစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကိုဟာ ဒီနေ့ မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဂျပန်နိုင်ငံ ချီးဘာခရိုင် နာရီတာ လေဆိပ်ကိုပြန်လည်ရောက်ရှိလာပါတယ်။

ဂျပန်ကို ပြန်ရောက်ရောက်ချင်း လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ယူကီက သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်းနဲ့ လက်ရှိသူ့အနေနဲ့ သတင်းသမားတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ ပေးချင်တဲ့ သတင်းစကားတွေကို ဂျပန်အပါအဝင်တကမ္ဘာလုံးကသိအောင်လုပ်ဆောင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

DVB TV News
http://burmese.dvb.no/archives/463851

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.3K views16:16
திற / கருத்து
2021-05-14 19:02:09
ပုဂံဘုရားများကို နောက်ခံပြုပြီး သေနတ်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား လမ်းလျှောက်နေတဲ့ဓာတ်ပုံနဲ့ ညအမှောင်မှာ ဘုရားတစ်ဆူကို ဓာတ်မီးထိုးနေတဲ့ပုံတွေနှင့်အတူ ပုဂံဘုရားတွေက ပစ္စည်းတွေ ဖြုတ်နေဟန် လက်ရှိအဖြစ်အပျက်သဖွယ်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူရာဂဏန်း ပြန်လည်မျှဝေ လျှက်ရှိပါတယ်။

သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင် ၉ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းက ပုဂံမှာဘုရားသုံးဒါဇင်နီးပါးမှာ ဌာပနာတွေဖောက်ထွင်းခံရသည့် သတင်းမှ လုံခြုံရေးလာယူကြသည့် ရဲများ၏ပုံသာ ဖြစ်ကြောင်း သိရပါတယ်။

Source -
https://myanmar.factcrescendo.com/fact-check-police-looting-relics-in-bagan/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.4K views16:02
திற / கருத்து
2021-05-14 18:56:00
နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် NCA မူဘောင်ကို ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ ပြောဆိုချက်အပေါ် အောက်ခြေတပ်မဟာတွေမှာ အမြင်အမျိုးမျိုးကွဲနေပေမဲ့၊ KNU ဗဟိုကတော့ နဂိုမူဝါဒတွေအတိုင်း လူထုတစ်ရပ်လုံးနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ KNU ဗဟို နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီး က ပြောလိုက်ပါတယ်။

NCA မူဘောင်ကို ဆက်လက်ကျင့်သုံးပြီး နိုင်ငံရေးပြသနာကို တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းအတိုင်း ဆက် သွားမယ်ဆိုတဲ့ KNU ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကို၊ KNU ကရင်အမျိုးသားအစည်းရုံးအတွင်းမှာ လက်ခံသူတွေ ရှိသလို လက်မခံသူတွေလည်းရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/knu-stand-with-people-in-the-future-05142021051708.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.0K views15:56
திற / கருத்து
2021-05-14 18:50:39
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ မြန်မာစစ်တပ်နဲ့ ထိုင်းနိုင်ငံကပူးပေါင်းပြီး နည်းလမ်းတွေ ရှာပေးနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း မစ္စ Burgener က ထိုင်းဝန်ကြီး ပရာယုသ် ချန်အိုချာကိုပြောဆိုခဲ့တယ်ဆိုပြီး ထိုင်းအစိုးရရဲ့ကြေငြာချက်မှာပြောထားပါတယ်။

ထိုင်းအစိုးရဘက်ကလည်း မြန်မာအတွက် အကျိုးရှိမယ့်ကိစ္စတွေကိုနားထောင်ဖို့၊ သတင်းအချက်အလက်တွေ ဝေမျှဖို့ အသင့်ရှိကြောင်း ဝန်ကြီးချုပ်ချန်အိုချာက ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း ကြေငြာချက်မှာဖော်ပြပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကိုလည်း သူတို့နှစ်ဦးဆွေးနွေးခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com/a/thailand-pm-meet-with-un--christine-schraner-burgener/5890728.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.1K views15:50
திற / கருத்து
2021-05-14 18:43:38
အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန်က သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ္မဋ္ဌာန်းပွားများနေသူဖြစ်တဲ့အတွက် သေမယ်ဆိုလည်း သေရဲသွားပြီလို့ ပြောကြားခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

ဦးဝင်းထိန်အနေနဲ့ နေပြည်တော်အချုပ်ထောင်အတွင်း ကောင်းမွန်စွာနေရပြီး အစစအရာရာ အဆင်ပြေပါတယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။ ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီးနောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မေလ ၂၈ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

DVB TV News
http://burmese.dvb.no/archives/463846

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.4K views15:43
திற / கருத்து