Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 21

2021-05-17 14:23:12
မေလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ခေတ်မီလက်နက်များ စမ်းသပ် ပစ်ခတ်မည်ဟု ဆိုကာ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ ၁၀ ကျော်မှ ဒေသခံများအား အနီးအနားရှိ တောတောင်များသို့ မသွားကြရန် မြို့နယ်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာ ၁၀ ကျော်မှာ ရွာဟောင်းတောကျေးရွာ၊ မောင်သာကုန်း၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ကြာချေရွာ၊ ချောင်းသစ်၊ ရော်မနီ၊ ပီပင်ကုန်း၊ သရက်အုပ်နှင့် သင်္ဘောဆိပ် (ချင်း) ကျေးရွာအပြင် မြောက်ဦးမြို့ပေါ်ရှိ လက်ကောက်စျေးရပ်ကွက်လည်း ပါဝင်ကြောင်း ရွာဟောင်းတောကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းကျော်က ပြောသည်။

ယခုလ မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ တည်ရှိသည့် (၃၁) ရဲတပ်ရင်းမှ ခေတ်မီလက်နက်ကြီး၊ လက်နက်ငယ် များအား အဆိုပါ ကျေးရွာများ အနီးရှိ ခေါင်းဖြူတောင်ကွင်းဘက်သို့ စမ်းသပ် ပစ်ခတ်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

Narinjara
https://burmese.narinjara.com/news/detail/60a248997ac0b1046055f344

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.7K views11:23
திற / கருத்து
2021-05-17 13:09:13
ရန်ကုန်ရှိမြို့နယ်များအတွင်း ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေရာ လာမည့် မေလ ၁၈ ရက်နေ့၊အင်္ဂါနေ့တွင် မနက် ၉နာရီမှ နေ့လည် ၁၂နာရီ အချိန်အတွင်း မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ သန်လျင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှည်းကူးမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဖြစ်ပါကြောင်း YESC မှ ထုတ်ပြန်လာသည်။

https://m.facebook.com/story.php?story_fbid=3379171448852840&id=658054670964545

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.6K views10:09
திற / கருத்து
2021-05-17 10:39:45
မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းရောင်းချမှု ချက်ချင်းဆိုင်းငံ့ဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်ပေါ်လာစေရေး ကုလသမဂ္ဂညီလာခံခေါ်ဖို့ရှိနေတယ်လို့ ကုလသမဂ္ဂအရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။

တရားဝင်တာဝန်ခံရမယ့် မူကြမ်းမဟုတ်ပေမယ့် ဒီမူကြမ်းကို အထွေထွေညီလာခံမှာ ဘုံသဘောတူညီချက်မရနိုင်ဘူးဆိုရင်တော့ ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံက မဲပေးပြီး အတည်ပြုကြရမှာဖြစ်ကာ မေလ ၁၈ ရက် အင်္ဂါနေ့မှာ ညီလာခံလုပ်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

မူကြမ်းဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံထဲကို လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို တိုက်ရိုက်နဲ့တနည်း၊ သွယ်ဝိုက်ပြီးတဖုံ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ထောက်ပံ့မှုကို ချက်ချင်းဆိုင်းငံ့ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.1K views07:39
திற / கருத்து
2021-05-17 05:40:26 EDM 017's Channel pinned a photo
02:40
திற / கருத்து
2021-05-17 05:40:18
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ  ဒီကနေ့ ကျင်းပတဲ့ ၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်မှာ မြန်မာအလှမယ် သူဇာဝင့်လွင်က   National Costume နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံဆု ရရှိသွားပါတယ်။ မြန်မာအလှမယ် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် အမျိုးသားဝတ်စုံကတော့ ကံမကောင်းစွာနဲ့ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက်ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။

မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ အရိုးရှင်းဆုံး ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ မြန်မာအလှမယ်ကို ခုလိုဆုရှိစေခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး  ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

http://burmese.dvb.no/archives/464221

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.7K viewsedited  02:40
திற / கருத்து
2021-05-16 18:59:58
စစ်ကိုင်းတိုင်း၊ ကသာမြို့၊ ရပ်ကွက် ၇၊ ရွှေသီဟလမ်းတွင် မေ ၁၆ရက်၊ ည ၁၀နာရီကျော်က မီးလောင်နေကြောင်းသိရသည်။

ဓါတ်ပုံ - CJ

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4386765774691627&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.7K views15:59
திற / கருத்து
2021-05-16 18:33:01
စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ ဇာတ်ကားကို ဆက်ရိုက်ဖို့ပြင်ဆင်တဲ့အစည်းအဝေးကို သာသနာရေးဝန်ကြီး ဦးကိုကို နဲ့ မြန်မာ့သမိုင်းပညာရှင်တွေ ရုပ်ရှင်ပညာရှင်တွေတက်ရောက်ခဲ့တယ်လို့ ဒီကနေ့ မြဝတီရုပ်မြင်သံကြားကထုတ်လွှင့်သွားပါတယ်။ ဒုဝန်ကြီး ဦးထွန်းအုံနဲ ဒါရိုက်တာ ပန်းချီစိုးမိုးတို့က ဆက်လက်ဆောင်ရွက်ကြမယ့်လုပ်ငန်းများကို တင်ပြခဲ့ကြပြီး အကယ်ဒမီ ဓိရာမိုရ်က လည်းသက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်းထုတ်လွှင့်သွားခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကြီးကို (၂၀၁၆-၂၀၂၁)ခုနှစ်၅နှစ်တာ သက်တမ်းကာလအတွင်း တာဝန်ယူရိုက်ကူးဖို့ပြင်ဆင်ခဲ့ပြီး ဒါရိုက်တာလူမင်း ကတာဝန်ယူကာ ပန်းချီစိုးမိုးက ပရောဂျက်များကို ဝန်းရံပံ့ပိုးသူ အဖြစ်တာဝန်ယူခဲ့ပါတယ်။ ကိုဗစ်ကာလကြောင့် ရိုက်ကူးမှုတွေရပ်နားထားရပြီး ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ က ထုတ်ပြန်ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.7K viewsedited  15:33
திற / கருத்து
2021-05-16 17:00:27
ယနေ့ မေ ၁၆ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.9K views14:00
திற / கருத்து
2021-05-16 16:13:19
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ခေတ်မှီလက်နက်အင်အား ပြည့်စုံအောင်တပ်ဆင်နိုင်ရေးအတွက်ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေ ၁၆ ရက်တွင် ပြည်သူများထံသတင်းစကားပါးခဲ့သည်။

သို့သော်လည်း ခေတ်မီတပ်မတော်တစ်ခုဖြစ်စေရန် နှင့်ပြည်သူလူထုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန်အတွက် ထိုက်တန်သည့်အချိန်တစ်ခုလိုအပ်သည်ဟု ၎င်းကဆိုသည်။

"ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ နည်းစနစ် စုဖွဲ့မှုပုံစံကစပြီးလိုအပ်တာတွေစနစ်တကျလေ့ကျင့်သင်ကြားပေးရတာ၊စစ်အင်အားလက်နက်အင်အား ပြည့်စုံအောင်ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်တန်တဲ့အချိန်ကာလတစ်ခုလိုအပ်တယ်ဆိုတာ ပြည်သူလူထုအားလုံးလည်း လက်ခံနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

(Burma Associated Press မှ ကူးယူဖော်ပြသည်)

ရုပ်သံဖိုင် -




သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.2K views13:13
திற / கருத்து
2021-05-16 15:15:03
စစ်ကောင်စီတပ်များက မတရားဖမ်းဆီးထားတဲ့ အနုပညာရှင်များ ဘယ်ကိုရောက်ရှိနေတယ်ဆိုတာကို Delta News Agency က စုံစမ်းသိရှိရသမျှကို တင်ပြထားပါတယ်။

သရုပ်ဆောင်ပြေတီဦးဟာ အင်းစိန်သီးသန့်ထောင် အဆောင် ၂ အခန်း ၆ မှာ ရောက်ရှိနေပြီး သုံးရက်လောက် ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။သရုပ်ဆောင် ရဲတိုက်တို့ ပိုင်တံခွန် တို့နဲ့ အတူတူထားရှိထားတာလို့ သိရပါတယ်။ သရုပ်ဆောင်လူမင်း နိုင်ငံရေးပညာရှင် ဦးမြအေး တို့ကို တော့ အင်းစိန် ထောင်မကြီးရဲ့ အဆောင် ၂မှာထားထားတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ အဆိုတော် ပိုပို၊ Beauty Blogger ၀င်းမင်းသန်း တို့ကိုတော့ အမျိုးသမီး စာသင်ဆောင်မှာထား ရှိထားတယ်လို့ ထောင်တာ၀န်ရှိသူတွေ ဆီကနေ သိရှိရပါတယ်။

Delta News Agency
https://m.facebook.com/story.php?story_fbid=1397361227308238&id=662575584120143

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.6K views12:15
திற / கருத்து