Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 20

2021-05-17 19:48:45
စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမပြုရေး (CDM) ပြုလုပ်လို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ မြန်အောင်မြို့ရဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဌဖြစ်သူ ဦးသန်းဌေးရဲ့ ညီမအရင်းဖြစ်သူ မြန်အောင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းပြဆရာမအဖြစ် ဓာတုဗေဒဘာသာကို သင်ကြားပေးနေတဲ့ ဆရာမ ဒေါ်အမာကြူလဲ ပါဝင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် မြန်အောင်မြို့က ပညာရေးဝန်ထမ်း ၁၆၁ဦးနဲ့ အတူတူ CDMမှာ ပါဝင်ခဲ့တာကြောင့် တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရပါတယ်။

Mizzima - News in Burmese
https://m.facebook.com/story.php?story_fbid=4390084701026401&id=216265185075061

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.2K views16:48
திற / கருத்து
2021-05-17 19:24:10
ယခုလက်ရှိ ‌စစ်ကောင်စီရဲ့ ဗဟိုဌာနလို့ပြောလို့ရတဲ့ နေပြည်တော်ရဲ့ အခြေအနေကို အဲ့မှာရောက်ရှိနေတဲ့ ဘီဘီစီသတင်းထောက်က တင်ပြပါတယ်။

မော်တော်ယာဉ်တွေဟာ ‌ပုံမှန်အတိုင်း သွားလာနေပြီး ဈေးတွေ၊ ညဘက်ဆိုဖွင့်တဲ့ စားသောက်ဆိုင်တွေဟာလည်း လူစည်းကားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော်ရဲ့ မြို့လယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သပြေကုန်းအဝိုင်းအလွန် တခြား မျက်နှာစာမှာတော့ လုံခြုံရေးတွေ၊ သံဆူးကြိုးတွေ အပြည့်ပါ။ ၎င်းနေရာဟာ နေပြည်တော်မှာ အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ရာ၊ ပထမဆုံးလူသေဆုံးမှုဖြစ်တဲ့ မမြ‌သွဲ့သွဲ့ခိုင် သေဆုံးခဲ့တဲ့ နေရာဖြစ်ပါတယ်။

လူနေရပ်ကွက်တွေကနေ ဝန်ကြီးရုံးတွေစီသွားတဲ့ လမ်းမကြီးကို ပိတ်ထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားရာ မြနန်းဘုံသာလမ်းဘက်ကိုလည်း လုံခြုံရေးချလမ်းပိတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်ရုံးမှ သမ္မတရုံးသို့ ရုံးတက်သွားရာ လမ်း၂၀သွား လမ်းမကြီးကလည်း လုံခြုံရေးအပြည့်ချထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.facebook.com/BBCnewsBurmese/videos/1202172736895107/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.0K views16:24
திற / கருத்து
2021-05-17 19:07:08
မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ခိုင်လုံမှုမရှိဘူးလို့ "Asian Network for Free Elections" (ANFREL) (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အာရှကွန်ရက် အဖွဲ့)က ဒီကနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

"ရွေးကောက်ပွဲ မဲရလဒ်ကို ကျေနပ်ကြောင်း ကန့်ကွက်လွှာတွေ တစ်ပုံတစ်ခေါင်းကြီး ပေါ်ထွက်လာတာဟာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးမယ့် ယန္တရားလုပ်ငန်းတွေ မနိုင်မနင်းဖြစ်သွားအောင် အကွက်ချကြံစည် လုပ်ဆောင်မှုတစ်ခု ဖြစ်နိုင်ပြီး ဒီကန့်ကွက်လွှာတွေကိစ္စကို ဖြေရှင်းခွင့်မရခင်မှာဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်တယ်"လို့ ဘန်ကောက်မြို့ အခြေစိုက် ANFREL အဖွဲ့က ကျွမ်းကျင်သူ အမေလ် ဗီယာ က ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.8K viewsedited  16:07
திற / கருத்து
2021-05-17 18:59:37
စစ်ကောင်စီအပေါ် ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ယူကေအစိုးရက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေအရ ယူကေနိုင်ငံမှာ ရှိတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းက ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်တဲ့ စီးပွားရေးအရင်းအမြစ်တွေကို ငွေကြေးထောက်ပံ့ ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်နေသူ မှန်သမျှကို တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရာ့ဘ်က ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.6K views15:59
திற / கருத்து
2021-05-17 18:43:27
ယနေ့ မေ ၁၇ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.3K views15:43
திற / கருத்து
2021-05-17 18:42:32
ဗဟိုဘဏ်မှ ဒေါ်လာ ၃ သန်း ထပ်မံထုတ်ရောင်း
______________
ယနေ့ မေလ ၁၇ ရက် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာ (၃,၀၀၀,၀၀၀) စျေးပြိုင်လေလံစနစ်ဖြင့် ထပ်မံထုတ်ရောင်းခဲ့ပါသည်။

လေလံအတွက် ပျှမ်းမျှ ငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁,၆၆၅.၀ ကျပ်ဖြစ်ပါသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.6K views15:42
திற / கருத்து
2021-05-17 17:15:25
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြားချက်ကို ထုတ်ပြန်လာသည်။

ထုတ်ပြန်ချက်
https://m.facebook.com/story.php?story_fbid=118655140355126&id=105408625013111

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.0K views14:15
திற / கருத்து
2021-05-17 16:37:37
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်လာသည်။

ထုတ်ပြန်ချက်
https://www.facebook.com/105408625013111/posts/118634603690513/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.7K views13:37
திற / கருத்து
2021-05-17 15:25:26
ဗန်းမော်လေဆိပ်တွင် ယနေ့ မေလ ၁၇ ရက်နေ့ ညနေငါးနာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနှင်းလာသည့် လေယာဥ် ၂ စီး ဆင်းသက်ကြောင်း သိရသည်။ လေယာဉ်နှစ်စီးပေါ်မှ စစ်သားများဆင်းလာသည်ကိုတွေ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

"ညနေခုနလေးတင်ဆင်းခဲ့တာ၊ နှစ်စီးရှိပြီ ဗန်းမော်လေဆိပ်ကိုဆင်းတာ၊ တစ်စီးတစ်စီး ၂၅ မိနစ်လောက် ခြားတယ်၊ စစ်သားတွေ ဆင်းလာတာတွေ့တယ် ၄၀ ကျော်လောက်ရှိမယ်၊ လေယာဥ်က နှစ်စီးရပ်ထားတာ တွေ့တယ်” ဟု ပြောသည်။

The 74 Media
https://m.facebook.com/story.php?story_fbid=331071045079090&id=111407293712134

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.4K views12:25
திற / கருத்து
2021-05-17 14:28:56
စစစ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ စျေးနှုန်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက်တစ်ရက် မေလ ၁၇ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၅ သိန်း ၈သောင်းကျော် အထိ ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေစျေးတွေ တက်လာရင် ကမ္ဘာ့ရွှေ စျေးတက်လို့ဆိုပြီး ရွှေကုန်သည်တွေ ပြောလေ့ရှိပေမဲ့ ကမ္ဘာ့ရွှေစျေးကတော့ ဆက်တက်နေပြီး ပြည်တွင်းစျေးပဲ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းက ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းဒေါ်လာစျေး ကျရင် ရွှေစျေးပြန်ကျနိုင်တယ်လို့ ဘီဘီစီကိုပြောခဲ့ပါသေးတယ်။

မေလ ၁၇ ရက်နေ့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၈၅၃ ‌ဒေါ်လာစျေးပေါက်ပြီး ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းက တစ်ဒေါ်လာကို ၁၆၇၅ ကျပ် ပေါက်စျေးရှိတယ်လို့လည်း ရွှေအသင်းက ဒီနေ့ မေလ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.1K views11:28
திற / கருத்து