Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 11

2021-05-28 09:58:51
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အရပ်သားရာပေါင်းများစွာ သေဆုံးခဲ့ရသော မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှုကို ရပ်ဆိုင်းထားရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို အာဆီယံကဖြုတ်ချပေးရန် လိုလားနေကြောင်း ဥရောပနိုင်ငံတစ်နိုင်ငံမှ သံတမန်တစ်ဦးက BenarNews သို့ပြောကြားခဲ့သည်။

နယူးယောက်ရှိ လစ်ခ်ျစတိန်းနိုင်ငံမှ ကုလအမြဲတမ်းကိုယ်စားလှယ် ဂျော့စပါဘာက “အာဆီယံက ကျွန်တော်တို့ဆီကို စာတစ်စောင်ပို့ပြီး စာထဲမှာ ကုလမှာအဆိုပြုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲက လက်နက်ရောင်းဝယ်ခြင်းပိတ်ဆို့မှုစာပိုဒ်ကို ဖြုတ်ပစ်ပေးဖို့ပါဝင်ပါတယ်” ဟုပြောကြားခဲ့သည်။

Source -
https://www.benarnews.org/english/news/indonesian/sea-asean-un-mn-resolution-05272021154026.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.2K views06:58
திற / கருத்து
2021-05-27 19:47:03
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၂၇ ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မုံရွာပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက “ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးရိုက်ခံထားတဲ့ ဒဏ်ရာများ သက်သာတာတွေ့ရတယ်။ ရုံးထုတ်လို့အပြီးမှာ အရေးတော်ပုံအောင်ရမည်ဟု လက်သုံးချောင်းထောင်ပြသွားခဲ့တယ်။ အခုချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသးဘူး။ ဒီနေ့ရုံးထုတ်ချိန်လည်း သူမိသားစုက အပြင်ကနေပဲ တွေ့ လိုက်ရတယ်။ နောက်ရုံးချိန်းကတော့ ဘယ်နေ့ဆိုတာမသိရသေးဘူး။ အခုရုံးထုတ်စစ်ဆေးတာက ၅၀၅(က)အမှုကိုပဲ စစ်ဆေးခဲ့တယ်” လို့ ပြောပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မများစွာနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

DVB TV News
http://burmese.dvb.no/archives/466426

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.5K views16:47
திற / கருத்து
2021-05-27 18:09:26
ကျောင်းမအပ်သည့်မိဘများအား ထောင်ဒဏ်သုံးနှစ်ဟူသည့်ရေးသားမှုမှာ သတင်းမှားဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ခံ သတင်းရုပ်သံများမှ ကြေညာသွားခြင်းမရှိပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.2K views15:09
திற / கருத்து
2021-05-27 17:13:34
CRPHနှင့် Kachin Political Interim Coordination Team (KPICT) တို့၏ ကြားကာလ သဘောတူညီချက် ကို မေလ ၂၇ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဤသဘောတူညီချက်သည် ကြားကာလအတွင်း ကချင်ဒေသအစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရေးတွင် CRPH နှင့် KPICTတို့အကြား ညှိနှိုင်းဆောင်ရွက်ကြမည့်မူအဖြစ် နှစ်ဘက်လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Source -
https://m.facebook.com/story.php?story_fbid=1206654359771908&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.2K views14:13
திற / கருத்து
2021-05-27 17:09:47
ချက်သမ္မတနိုင်ငံတွင် NUG အနေဖြင့် သံရုံးဖွင့်ခွင့်ရဟု ပြောဆို‌ရေးသားနေသည်မှာ မဟုတ်မှန်ပါကြောင်း NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးလင်းသန့်က ပြောသည်။ "သံရုံးဖွင့်ခွင့် မရသေးပါဘူး၊ သံရုံးဖွင့်ဖို့လည်း ဘတ်ဂျက်မရှိသေးဘူး" ဟု ၎င်းကဆိုသည်။

ချက်သမ္မတနိုင်ငံမှ နိုင်ငံခြားရေးဒုဝန်ကြီး မာကျင် တလာပါက NUG ၏ အထူးကိုယ်စားလှယ် ဦးလင်းသန့်ကို တရားဝင်အသိအမှတ်ပြု လက်ခံကြိုဆိုကြောင်း မေလ ၂၄ရက်က ထုတ်ပြန်ခဲ့သည်။

လွှတ်တော်အမတ်များ ဖြန့်နေသည့်သတင်းအမှား
https://m.facebook.com/story.php?story_fbid=3031044010552326&id=100009402709443

Source -
https://m.facebook.com/story.php?story_fbid=2830093597250916&id=1928543940739224

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.9K viewsedited  14:09
திற / கருத்து
2021-05-27 15:07:15
ဂျိုးဖြူပိုက်ကွဲတယ်ဆိုတဲ့ သတင်းမှားကို မေလ ၂၇ရက်နေ့မှာပဲ Myin Tun Naing အမည်ရှိတဲ့အကောင့်ကနေ တင်ထားပါတယ်။ သတင်းထဲမှာဆိုရင် ဒါဟာဆန္ဒပြတာမဟုတ်တော့ဘဲ ရေပိုက်လိုင်းကိုဖျက်ဆီးနေတာဖြစ်ကြောင်း၊ ဖျက်ဆီးလိုက်တာဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေဖြစ်ကြောင်း စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်စကားလုံးများနဲ့ ရေးသားထားတာကိုတွေ့ရှိခဲ့ရပါတယ်။

ပုံရဲ့သတင်းမှန်မှာ Water Resources and Water Supply Authority, YCDC Page က ဧပြီလ ၆ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ ဂျိုးဖြူရေပိုက်လိုင်းပေါက်ခဲ့ကြောင်း၊ ဂျိုးဖြူရေပိုက်လိုင်းကနေ တိုက်ရိုက်သုံးစွဲရတဲ့ မြို့တွေကို ရေပေးဝေမှုပြတ်တောက်ခဲ့ရကြောင်း နဲ့ ဧပြီလ ၇ရက်နေ့တွင် ပြန်လည်၍ ရေပေးဝေနိုင်ကြောင်း ၎င်းရဲ့ Page မှာပုံနှင့်တကွ ဖော်ပြခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှာ ယူသုံးထားတဲ့ ဓာတ်ပုံဟာ ပုံအဟောင်းသာဖြစ်နေပြီး ရေးသားထားတဲ့ သတင်းမှာလည်း ဝါဒဖြန့်ပြီး တိုက်ခိုက်တဲ့ သတင်းတစ်ခုသာဖြစ်နေပါတယ်။

Source - https://thinkbeforeyoutrust.com/2021/05/27/joephyufakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
14.9K views12:07
திற / கருத்து
2021-05-27 10:05:25
မြန်မာနိုင်ငံ၏အနာဂတ်ကို အာမခံချက်ပေးနိုင်ရန်၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကို အာမခံချက်ပေးနိုင်ရန်အတွက်၊ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှရေးတို့ကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမှာဖြစ်ပါကြောင်း NUG ဖယ်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ဖွဲစည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဒီမိုကရေစီအင်အားစုများက ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အကြား ရေးဆွဲထားခဲ့တဲ့၊ FCDCC လို့ခေါ်တဲ့ Federal Constitution Drafting and Coordinating Committee က ရေးဆွဲခဲ့တဲ့ ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကို ကျောရိုးအဖြစ်အသုံးပြုမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

FCDCC ၏ ဒုတိယမူကြမ်း ဖတ်ရှုရန် -
https://drive.google.com/file/d/1PXH0bNMlV3DXwfs9dc14qdBc3ZDf4bkt/view?usp=drivesdk

Source -
https://www.facebook.com/watch/?v=832303737692016

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.2K views07:05
திற / கருத்து
2021-05-26 19:23:45
ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TOTAL က မြန်မာစစ်ကောင်စီထံ ငွေပေးချေမှုများကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို မေ ၁၂ရက်က ပြုလုပ်ခဲ့သည့် MGTC ရှယ်ယာရှင်အစည်းအဝေးတွင် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ငွေပေးချေမှုရွှေ့ဆိုင်းရန် Chevron ကလည်း ထောက်ခံခဲ့သည်ဟု သိရသည်။

MGTC ခေါ် မုတ္တမ ဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်တွင် TOTAL အပြင် Chevron နှင့် စစ်ကောင်စီထိန်းချုပ်ခံ Myanmar Oil and Gas Enterprise တို့ပါဝင်ကြသည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ဓာတ်ငွေ့ကိုမူ ဆက်လက်ထုတ်လုပ်သွားမည်ဟု TOTAL ကပြောကြားခဲ့သည်။

Source -
https://www.frontiermyanmar.net/en/total-suspends-gas-linked-cash-payments-to-myanmar-junta/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.4K viewsedited  16:23
திற / கருத்து
2021-05-26 18:43:27
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖြစ် ဘယ်သူ့ကို အသိအမှတ်ပြုရမလဲ ဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သူတို့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ကို မတက်ရောက်ခိုင်းဖို့ ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

NUG အမျိုးသားညီလာခံ အစိုးရအဖွဲ့ကရော၊ အာဏာသိမ်း စစ်ကောင်စီကပါ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကို တက်ရောက်ခွင့်ပေးဖို့ ပန်ကြားခဲ့ကြတာပါ။

ကိုဗစ် ၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်ဖြစ်ပွားနေချိန်မှာ ဒီညီလာခံဟာ အရေးပါဆုံး အစည်းအဝေးကြီးတစ်ခုအဖြစ် ယူဆထားကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ပြင်ဆင်ဖွဲ့စည်းဖို့ကိုရော၊ အနာဂါတ်မှာ နောက်ထပ် ဘေးဆိုးအန္တရာယ်ကြီးတွေ ထပ် မကြုံအောင် ကမ္ဘာတဝန်းရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နည်းတွေကို ပြောင်းလဲကြဖို့ကိုပါ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဘီဘီစီ မြန်မာပိုင်း
https://www.facebook.com/166580710064489/posts/4164834276905759/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.4K views15:43
திற / கருத்து
2021-05-26 18:06:08
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ယနေ့မှာထုတ်ပြန်ခဲ့ပါတယ်။

https://www.facebook.com/105408625013111/posts/121454170075223/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.6K views15:06
திற / கருத்து