Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 8

2021-06-03 11:22:31
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စာသင်‌ကျောင်းတွေကို ပစ်မှတ်ထားပြီး ဗုံးဖောက်ခြင်း၊ မီးရှို့ခြင်းစသော အဖျက်အမှောင့်လုပ်ငန်းများကို အကွက်ကျကျ လုပ်နေတာကို တွေ့ရှိနေရကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ က ဒီကနေ့ မှာ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။

စာသင်ကျောင်းတွေမှာ တပ်စွဲခြင်း စစ်ရေးအခြေစိုက်စခန်းအသုံးပြုခြင်း နှင့် ပစ်မှတ်ထား တိုက်ခိုက်ဖောက်ခွဲနေခြင်းစတဲ့ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ မည်သည့် အဖွဲ့အစည်းမဆိုအမျိုးသား ညီညွတ်ရေး အစိုးရ ပညာရေး ဝန်ကြီးဌာန အနေနဲ့ ပြင်းထန်စွာ ရှုံချကြောင်း လည်းထုတ်ပြန်လိုက်ပါတယ်။

Source -
https://www.facebook.com/109386154653912/posts/118762717049589/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
1.5K views08:22
திற / கருத்து
2021-06-03 11:15:15
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)/ဂ နဲ့တရားစွဲဆိုထားတာအတွက် ဒီနေ့ရုံးချိန်းရှိပေမယ့် အမှုတွဲဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မရှိတော့တာကြောင့် ဘာမှမစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကို ဇွန်လ (၁၇)ရက်ကို ချိန်းဆိုခဲ့တာပါ။

"ရန်ကုန်မှာ အမှုတွဲမရှိတော့ ဘာမှမရှိဘူး။ ရုံးချိန်းပဲပေးတာ။ နေပြည်တော်မှာ လူချင်းတွေ့ခွင့်ရတုန်းက နေပြည်တော်ကအမှုတွေအတွက်ပဲပြောဖြစ်တာ။ နာရီဝက်ပဲအချိန်ရခဲ့တာလေ။ ရန်ကုန် ဒီအမှုအတွက်လည်း သီးသန့်လူချင်းတွေ့ခွင့်ရဖို့လည်း တင်ထားတာလည်းရှိတယ်" လို့ ဒီအမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57242648

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.3K views08:15
திற / கருத்து
2021-06-02 16:44:54
တော်လှန်ရေးသမားများအတွက် လှူဒါန်းခြင်းကို Cryptocurrency ဖြစ်သည့် Bitcoin ခေါ် BTC ဖြင့် ပထမဆုံး ပေးချေနိုင်ပြီဆိုသည်အား သိရသည်။ ယခု BTC ဖြင့် အ‌လှူငွေလက်ခံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးထံ တင်ပြပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

အသေးစိတ် ဖတ်ရှုရန် -
https://www.facebook.com/watch/?v=2293292350803646

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.6K views13:44
திற / கருத்து
2021-06-02 11:46:41
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို အမြန်ဆုံး ခန့်အပ်ရလိမ့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးက ဇွန်လ ၂ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အဓိက သံတမန်ရေးဆိုင်ရာ အားထုတ်မှုများကို အာဆီယံက ဦးဆောင်လုပ်ဆောင်နေသည်။

"အထူးသံတမန် တစ်ဦး ခန့်အပ်မှုကို အမြန်ဆုံး ပြီးစီးအောင် လုပ်ရပါလိမ့်မယ်၊ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းထားရပါလိမ့်မယ်" ဟု အင်ဒိုနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို မာဆူဒီက ဂျကာတာရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ "မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ မြန်မာနိုင်ငံရေး နယ်ပယ်ထဲ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် အလုံးစုံပါ၀င်တဲ့ ညှိနှိုင်းဆွေးနွေးမှုကို အားပေးသင့်ပါတယ်" ဟု ရက်တ်နိုက ပြောသွားခဲ့သည်။

Mizzima - News in Burmese
http://www.mizzimaburmese.com/article/81085

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.4K views08:46
திற / கருத்து
2021-06-02 11:41:30 EDM 017's Channel pinned a photo
08:41
திற / கருத்து
2021-06-02 11:40:48
နိုင်ငံ‌‌တော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ သူတို့နေအိမ်တွေကနေ မသိရတဲ့နေရာကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်လို့ သူတို့လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေရတယ်လို့ ယုံကြည်ရတဲ့ အနီးစပ်ဆုံး သတင်းရင်းမြစ်တွေကို ကိုးကားပြီး BLOOMBERG သတင်းမှာ ရေးထားပါတယ်။

ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ကို အခုလို နေရာရွှေ့ပြောင်းထားတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စိုးရိမ်ပူပန်တဲ့အကြောင်း မေလ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၄ ရက်က တရားခွင်မှာ မကြားနာသေးခင်အချိန်အတွင်း ရှေ့နေတွေနဲ့ ခဏစကားပြောကြရာမှာ သူ့ကို အရင်ကတည်းက မရင်းနှီးထားတဲ့ နေရာတစ်နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပြခဲ့တယ်လို့ သူ့ရဲ့ ဥပဒေအကူအညီပေးရေး အဖွဲ့ခေါင်းဆောင် ရှေ့နေဦးခင်မောင်ဇော်က ပြောပြပါတယ်။

DVB TV News
http://burmese.dvb.no/archives/467619

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
5.8K views08:40
திற / கருத்து
2021-06-01 18:41:11
ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရသည်ဆိုသော သတင်းမှားကို ဓာတ်ပုံတစ်ခုအားယူသုံးလျက်တင်ထားသည်အား ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ ယခုလို သတင်းမှားတွေရေးလာကြတာဖြစ်ပါတယ်။

ဒီဓာတ်ပုံအင်တာနက်မှာပျံ့နှံ့ခဲ့မှုမှတ်တမ်းတွေကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ The Bharat Military Review အမည်နဲ့ ဘလော့စာမျက်နှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှာရေးသားတဲ့ အိန္ဒိယလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mil Mi-35 Hind-E အကြောင်းပို့စ်မှာ ဒီဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။

Source -
https://myanmar.factcrescendo.com/old-photo-being-shared-as-a-military-helicopter-shot-down-in-kayah-state/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.5K views15:41
திற / கருத்து
2021-06-01 17:08:21
ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားဆိုတဲ့ သတင်းတုကို Hanlin အမည်ရှိအကောင့်က ဒီနေ့ ဇွန်လ ၁ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုမှာဆိုရင် Fast And Furious ကဇာတ်ဝင်ခန်းမဟုတ်ကြောင်းနဲ့ ဆူးလေးမှာ ပစ်ခတ်မှုဖြစ်ပွါးတဲ့ပုံတွေဖြစ်ကြောင်း တင်ခဲ့တာဖြစ်ပါတယ်။ ခုအချိန်မှာဆိုရင်တော့ ပြန်လည်မျှဝေသူပေါင်း ၂၄၆ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်ရာမှာတော့ သတင်းတုမှာ သုံးထားတဲ့ ပုံ‌တွေဟာ Line Walker 2 ရိုက်ကူးရေးကပုံတွေဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ရန်ကုန်မြို့ ဆူးလေအနီးမှာရိုက်ကူးထားတဲ့ပုံတွေဖြစ်နေကြောင်းကို လွတ်လပ်တဲ့မီဒီယာများက ဖော်ပြပေးထားတာ တွေ့ခဲ့ရပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/06/01/sulaeshootfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.4K views14:08
திற / கருத்து
2021-06-01 15:35:07
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက်ကို ထုတ်ပြန်လာသည်ကို တွေ့ရသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.5K views12:35
திற / கருத்து
2021-06-01 15:23:29
ငွေသား‌ကို ရာခိုင်နှုန်းဖြင့် ပေးချေလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ မေလ ၂၀ရက်နေ့တွင် သူမ၏နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်သည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.3K views12:23
திற / கருத்து