Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 14

2021-05-24 08:00:10
"ကယားပြည်နယ်တစ်ခုလုံးအား စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်လိုက်တယ်" ဆိုပြီး မနေ့ညကထွက်ပေါ်ခဲ့တဲ့သတင်းများဟာ လက်ရှိအထိအတွက် သတင်းအမှား တွေပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မနေ့က (၂၃-၅-၂၁) ည (၈) နာရီ MWD သတင်း၊ ဒီနေ့ (၂၄-၅-၂၁) ထုတ် ကြေးမုံ၊ မြန်မာ့အလင်း၊ မြဝတီသတင်းစာတို့ကို အထပ်ထပ်အခါခါ စစ်ဆေးကြည့်ရှုခဲ့ရာ ကယားပြည်နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတဲ့သတင်း လုံးဝ မတွေ့ပါဘူး။

ဒါကြောင့် ဒီသတင်းက သတင်းအမှားဆိုတာနဲ့ ယခုလို အခြေအမြစ် အထောက်အထားမရှိတဲ့ သတင်းတွေကို မဖြန့်ဝေကြဖို့ ပြောကြားလိုပါတယ်ခင်ဗျာ။

We Check
https://m.facebook.com/story.php?story_fbid=157527943052122&id=103070615164522

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.3K views05:00
திற / கருத்து
2021-05-23 17:16:34
ယနေ့ မေ ၂၃ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.8K views14:16
திற / கருத்து
2021-05-23 15:00:50
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏သစ္စာဓိဌာန် (၄) ချက်၊ ရည်ရွယ်ချက်၊ အဓိကတာဝန်၊ လုပ်ငန်းတာဝန်များ၊ စစ်ဘက်ဆိုင်ရာတန်ဖိုးထားမှု၊ စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှု၊ Chain of Command စသည့် PDF နှင့်ပတ်သက်သည့် အချက်အလက်များထုတ်ပြန်ခဲ့ပါတယ်။

https://www.facebook.com/105408625013111/posts/120535930167047/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.5K views12:00
திற / கருத்து
2021-05-23 14:45:52
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့အတိုင်း NLD ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုရင် စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြောင်ပြောင်းတင်းတင်း မျက်ကွယ်ပြုတဲ့ လုပ်ရပ်တခုကို ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂက မေလ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ စစ်တပ်ကခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သောကြာနေ့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲအတွင်း ပြောကြားလိုက်တဲ့အပေါ် အီးယူ ဥရောပသမဂ္ဂက တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com/a/eu-nld-dissolvement/5901068.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.8K views11:45
திற / கருத்து
2021-05-23 10:12:33
အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားခြင်းမရှိပါ။ သတင်းထုတ်ပြန်ရေးလမ်းကြောင်းတွေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ Facebook စာမျက်နှာ https://www.facebook.com/NUGmyanmar ၊ ဝန်ကြီးဌာနများ၏ လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးလမ်းကြောင်းတစ်ခုဖြစ်သော Public Voice Television (PVTV) ၏ သတင်းထုတ်ပြန်မှု အစီအစဉ်များဖြစ်သည့် Public Voice Television www.youtube.com/c/pvtvmyanmar တို့မှတဆင့်လဲ ထုတ်ပြန်ပေးလျက်ရှိပါသည်။

ယခုဖော်ပြထားသော Ministry of Information Team အမည်ရ ဖေ့စ်ဘုတ်စာမျက်နှာသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လက်အောက်မှ လုပ်ကိုင်ဆောင်ရွက်နေသော လူမှုကွန်ယက်စာမျက်နှာမဟုတ်ကြောင်း အသိပေးလိုပါသည်။

ထုတ်ပြန်ချက်
https://m.facebook.com/story.php?story_fbid=120468776840429&id=105408625013111

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
3.7K views07:12
திற / கருத்து
2021-05-22 17:18:05
ယနေ့ မေ ၂၂ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.7K views14:18
திற / கருத்து
2021-05-22 15:37:15
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စိတ်ချရတဲ့ အခြေအနေရောက်မှ ရွေး‌ကောက်ပွဲလုပ်မယ်လို့ တရုတ်သတင်းဌာန Phoenix TV ကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ တပ်မတော်က လက်ခံထားတာကတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါပဲ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့ အခြေအနေ ရှိတယ်ဆိုရင် ကျနော်တို့ လုပ်မှာပါပဲ။ တကယ်လို့ တစ်နှစ်အတွင်းမှာ ရသွားရင်လည်း တစ်နှစ်အတွင်းမှာပေါ့လေ။ နောက်ထပ် ၆ လတိုးပြီး ၆ လအတွင်းမှာ ရရင်လည်း ရပေါ့လေ”

VOA Burmese
https://burmese.voanews.com/a/myanmar-elction-sen-gen-min-aung-hlaing/5900427.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.1K views12:37
திற / கருத்து
2021-05-22 09:39:33
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးနေရကြောင်း မီဒီယာတွေရဲ့ ပြောကြားချက်ဟာ ချဲ့ကား ပြောတာသာ ဖြစ်ပြီး တကယ်တမ်းက ထက်ဝက်လောက်ပဲ ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ကြာသပတေးနေ့ တရုတ်ရုပ်သံ Phoenix နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

"ဒီ ၇၀၀ လောက် စာရင်းမရှိပြောကြတဲ့ ၇၀၀ လောက် သေတဲ့ ကိစ္စကို မီဒီယာတွေချဲ့ပြောတာက မျှတမှုမရှိဘူးလို့ ကျနော်ပြောလိုတယ်။ တကယ်သေတာကတော့ ၃၀၀ နီးပါးလောက်ရှိပါတယ်။ ရဲမှာလည်း သေတဲ့လူတွေအများကြီးရှိတယ် ရဲမှာလည်း ၄၇ ယောက်သေခဲ့တယ် ၊ ရဲ ၄၇ ယောက် ၂၀၀ ကျော်ဒဏ်ရာရတယ်။” ဟုဆိုသည်။

VOA Burmese
https://burmese.voanews.com/a/myanmar-death-number-min-aung-hlaing-/5899943.html

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.2K views06:39
திற / கருத்து
2021-05-22 09:30:20
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃၇ ဦး KNU တပ်မဟာ ၁ သို့ လက်နက်ချပြီး CDM ပြုလုပ်သည်ဆိုသည့်သတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း KNU တပ်မဟာ ၁ ပြောခွင့်ရ ပဒိုစိုးမြင့်မှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြု ပြောဆိုသည်။ အဆိုပါသတင်းမှားကို လူပေါင်း သုံးထောင်နီးပါးက ပြန်လည် မျှဝေထားသည်။

"အဲဒီသတင်းက သတင်းမှားပါ၊ ကျနော်တို့ဆီမှာ အဲ့လိုမျိုးတော့ မရှိသေးဘူး၊ ဒါပေမယ့် ကျနော်တို့ဆီကို ကျိုက်ကော် အထက် ပိန္နဲတောတပ်ရင်းကနေ ဆက်သွယ်ရေးတပ်သားတစ်ယောက်အပါအဝင် ၄ ယောက် လွန်ခဲ့တဲ့ ၃ ရက်က CDM လုပ်ပြီး လာခဲ့တာတော့ ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ပြောခွင့်ရ ပဒိုစိုးမြင့်က ပြောသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1201743510262993&id=385165108587508

သတင်းမှားစတင်ရာနေရာ
https://m.facebook.com/story.php?story_fbid=495674654916890&id=100034230797374

အိပန်ဆယ်လို (ယခုအခါ post ဖျက်သွား)
https://www.facebook.com/100007040014800/posts/3015373785373926/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.3K viewsedited  06:30
திற / கருத்து
2021-05-21 19:26:42
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် R2P နှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ကြသည်ကို မြန်မာ့အရေးဟု အထင်မှားနေကြောင်း သိရသည်။

ယမန်နေ့ မေ ၁၇ နှင့် ယနေ့ မေ ၁၈ နှစ်ရက်တာ ကြာမြင့်ခဲ့သည့် R2P နှင့် ကုလအထွေထွေညီလာခံ အစည်းအဝေးမှာ မြန်မာအရေးမဟုတ်ပါ၊ ကုလအထွေထွေအစည်းအဝေးတွင် R2P နှင့်ပတ်သက်၍ နှစ်စဉ် Agenda ၌ ထည့်သွင်းစေရန်နှင့် ကုလအတွင်းရေးမှူးချုပ်မှ R2P နှင့်ပတ်သက်၍ နှစ်စဉ် Report ပေးဖို့ တောင်းဆိုရန် ဆွေးနွေးမဲခွဲကြခြင်းသာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Agenda တွင် R2P အကြောင်း နှစ်စဉ်ပါဝင်ရေး ဆုံးဖြတ်ချက်မူကြမ်းကို ခရိုအေးရှားနိုင်ငံမှ အဆိုတင်သွင်းခဲ့ပြီး ထောက်ခံမဲ ၁၁၅မဲ၊ ကြားနေမဲ ၂၈မဲ၊ ကန့်ကွက်မဲ ၁၅မဲဖြင့် မူကြမ်းကို အတည်ပြုလိုက်ကြောင်းသိရသည်။ အကျိုးဆက်အနေဖြင့် R2P ခေါင်းစဉ်ဖြင့် ကုလအထွေထွေညီလာခံ အစည်းအဝေး Agenda တွင် နှစ်စဉ်ပါဝင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

Source -
https://www.globalr2p.org/resources/unga-r2p-debate-2021/

Adopted Draft Resolution - https://www.globalr2p.org/resources/2021-unga-r2p-resolution/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.8K views16:26
திற / கருத்து