Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 15

2021-05-21 18:54:13
မြန်မာလူငယ်အမျိုးသမီးတစ်ဦး တောထဲမှာ အချင်းချင်းပစ်သတ်မိလို့ သေဆုံးဆိုသည့် သတင်းမှားကို ဓာတ်ပုံမှားနှင့်အတူ စစ်တပ်​ထောက်ခံသောအ​ကောင့်တချို့က စတင်ဖြန့်​ဝေလာတယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ဖွဲ့က​နေ စစ်ပညာသင်လာတဲ့ လူငယ်တစ်ဦးကို ပစ်သတ်ထားသ​ယောင် ဖြန့်ထားပြီး ဒီသတင်းကိုပဲ ဟန်ငြိမ်းဦး ဆိုသူက ထပ်မံဖြန့်​ဝေထားပါတယ်။

အဆိုပါဓါတ်ပုံဟာ လက်ရှိမြန်မာမှ လုံးဝမဟုတ်သည့် ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယ​​မြောက်မြို့​တော်၊ ​Sorsogon မှာ အစိုးရတပ်နဲ့ New People’s Army (NPA) အကြားတိုက်ပွဲတွင်း ဖြစ်ပွားခဲဲ့တဲ့ ဖြစ်ရပ်တစ်ခုက ပုံတစ်ခုမျှသာဖြစ်ပါတယ်။

တွေးပြီးမှယုံ https://thinkbeforeyoutrust.com/2021/05/21/politicalfakenews/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.2K views15:54
திற / கருத்து
2021-05-21 17:43:05
ယနေ့ မေ ၂၁ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်သည့် ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူများ စာရင်း

ယနေ့ထုတ်ပြန်ချက်တွင် ဆရာဝန်များပါဝင်ခြင်းမရှိတော့ဘဲ ဆရာ၊ဆရာမများနှင့် သူနာပြုများသာ ပါဝင်လာသည်ကို တွေ့ရပြီး သမဂ္ဂကျောင်းသားများစာရင်းမပါလာပါ။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
12.1K views14:43
திற / கருத்து
2021-05-21 11:12:33
ဒေါက်တာ မောင်ဇာနည်အား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ အကြံပေးပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်
https://www.facebook.com/105838768320086/posts/124888876415075/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.0K views08:12
திற / கருத்து
2021-05-21 09:09:52
စစ်ကောင်စီက သူတို့ ထုတ်လုပ်ရောင်းချနေတဲ့ အောင်ဘာလေထီကို ဝယ်ထိုးသူမရှိလို့ ပညာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေမှာ မဝယ်မနေရပုံစံ အကြောင်းကြားစာပို့ပြီး ထီတွေ ရောင်းချ‌နေကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းတက်ကြမယ့် ကျောင်းသားတွေကို ထီ မဖြစ်မနေ ဝယ်ရမယ်ဆိုတဲ့ စနစ်မျိုးနဲ့ ထီရောင်းချဖို့ ကြိုးစားလာတာလို့လည်း ဝန်ထမ်းအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

Khit Thit Media
https://www.facebook.com/385165108587508/posts/1200828077021203/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.8K views06:09
திற / கருத்து
2021-05-21 08:48:02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မှတ်ပုံတင်ပယ်ဖျက်၍ ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ်အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်း ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဌ ဦးသိန်းစိုးက ထုတ်ဖော်ပြောကြားလိုက်သည်။

မကြာမီတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်မှု ပြီးစီးမည်ဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ မဲမသမာမှု လုပ်ခဲ့သည့် NLD ပါတီကို အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ (မေ ၂၁) ပြုလုပ်သည့် နိုင်ငံ ရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar Now
https://www.myanmar-now.org/mm/news/6834

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.6K views05:48
திற / கருத்து
2021-05-21 08:30:27
နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီ ယနေ့ မေလ ၂၁ ရက်နေ့တွင် တွေ့ဆုံလျက်ရှိသည်။

The Irrawaddy
https://m.facebook.com/story.php?story_fbid=4508716329172484&id=121507374560090

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.5K views05:30
திற / கருத்து
2021-05-21 08:24:43
ထိုင်းပိုင်နက်ထဲသို့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပေါ် ထိုင်းစစ်တပ်က မြန်မာဘက်သို့ ထိုင်းနယ်မြေတွေထဲ တိုးချဲ့စစ်ဆင်ရေးတွေ မလုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကော်မတီကတဆင့် သတိပေးစာ ပေးပို့သွားမှာဖြစ်ကြောင်း နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဖီချက် ဆူးဆက်က ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းလောက်က မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်းကျေး ရွာတစ်ရွာထံ လက်နက်ကြီးကျည် ၃ လုံး ကျရောက်တာဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က မြန်မာသို့ မီးခိုးဗုံးပစ်ကာ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

Source -
https://www.bangkokpost.com/thailand/general/2118983/army-warns-myanmar-over-shots

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
8.7K views05:24
திற / கருத்து
2021-05-21 07:26:35
အသက် ၁၈ ပြည့်ပြီး အလုပ်အကိုင်မရှိတဲ့ တပ်မတော်သားတွေရဲ့ သားသမီးတွေကို လက်နက်ငယ် ရက်တို သင်တန်းပေးပြီး စားရိတ်ငြိမ်း တစ်နေ့ ၇၀၀၀ ကျပ်နဲ့ မြို့တွင်းလုံခြုံရေးတွေမှာ စစ်ကောင်စီဘက်တာ ဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ အာဏာဖီဆန်မှုလုပ်ဆောင်လာတဲ့ တပ်မတော်အရာရှိစစ်သည်တွေဆီက ပြောတယ်လို့ သိရပါတယ်။

အဲဒီအပြင် အငြိမ်းစားပေးလိုက်တဲ့ တပ်မတော်သားတွေကိုလည်း လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ လွန်ခဲ့တဲ့ လကတည်းက စစ်ကောင်စီဘက်က ပြင်ဆင််နေခဲ့တာလို့ဆိုပါတယ်။ လက်ရှိအချိန်ထိ တပ်ထဲကနေထွက်ခွါလာတဲ့ တပ်မတော်သားအရာရှိ ထောင်နဲ့ချီ ရှိနေပြီး တချို့တပ်မတော်သားတွေကို လူငယ်တွေကို စစ်သင်တန်းတွေ ပြန်လည်ဝေမျှနေပါတယ်။

ဓာတ်ပုံ - ပုံဟောင်း

DVB TV News
https://m.facebook.com/story.php?story_fbid=4339984092706724&id=191574990881009

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.4K views04:26
திற / கருத்து
2021-05-21 07:16:32
အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ဝီလဆင်စင်တာကနေ မနေ့ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်နှစ်ဦး တက်ရောက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ NUG အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်းလည်း ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“စစ်တပ်က အာဏာရယူထားပြီး၊ နယ်စပ်လုံခြုံရေး နဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေကို ကိုင်တွယ်နေသရွေ့ ဒီရိုဟင်ဂျာ ပြဿနာက ပိုဆိုးလာမှာ သေချာပါတယ်။ နိုင်ငံကို NUG အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်အောင် အရင်လုပ်ဖို့နဲ့ ဒါမှလဲ ဒုက္ခသည်တွေကို ပြန်ပို့ရေး၊ နိုင်ငံသားဖြစ်ခွင့် ကိစ္စတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ စဉ်းစားနိုင်မှာပါ။”

ဒါဟာ NUG အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း ပထမဆုံးအကြိမ် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/watch/?v=213692710346108

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.8K viewsedited  04:16
திற / கருத்து
2021-05-20 19:45:35
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်နဲ့ နိုင်ငံရေးပါတီတွေ မနက်ဖြန်တွေ့ကြဖို့ ရှိနေပြီး အဲဒီတွေ့ဆုံမှုမတိုင်ခင် ဒီကနေ့ နိုင်ငံရေးပါတီ ၂၄ ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာတွေ့ခဲ့တယ်လို့ အဲဒီပါတီက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ဘယ်ပါတီတွေ တက်ရောက်တယ်ဆိုတာ အသေးစိတ်မဖော်ပြထားပေမဲ့ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ထားတဲ့ ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်လည်း အဲဒီ ၂၄ ပါတီမှာ ပါဝင်တာကို တွေ့ရပါတယ်။ ဒီကနေ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/live/burma-57072578

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
1.8K views16:45
திற / கருத்து