Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள் 2

2021-06-11 19:35:40
အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ သတင်းမှား ဖြန့်ဝေလျှက်ရှိကြောင်းသိရပါတယ်။ အဆိုပါ သတင်းမှားမှာ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။ RFM ဆိုသည်မှ သတင်းမှားရေးသားမှုကို U Dham Mika အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာဖြစ်ပြီး အလားတူဖြန့်ဝေမှုများကိုလည်း တွေ့ရပါတယ်။

ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေနဲ့ပတ်သက်ပြီး အလှမယ်ဟောင်း ထားထက်ထက်က သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှုရှိပါကြောင်း ဇွန် ၅ ရက်ကတည်းက သူမရဲ့လူမှုစာမျက်နှာကနေ ပြန်လည်ရှင်းထားတာတွေ့ရပါတယ်။

Source -
https://myanmar.factcrescendo.com/false-claim-on-beauty-queen-htar-htet-htet-raped-and-prisoned-by-ethnic-armed-group/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.7K views16:35
திற / கருத்து
2021-06-11 16:58:50
စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း သေဆုံးခြင်းမရှိဘဲ ကျန်းမာစွာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက မီဒီယာသို့ ထုတ်ဖော်ပြောဆိုပြီး ယနေ့ညသတင်းများတွင်လည်း သက်ရှိထင်ရှားရှိနေသည်ကို ပြသသွားသည်။

စိုးဝင်းသည် သေဆုံးခြင်းမရှိဘဲ ကျန်းမာလျက်ရှိသည့်အပြင် ယနေ့ အမျိူးသားမြေယာ မူဝါဒအစည်းဝေးတက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဈေးကုန်းဆရာတော်ကြီးရုပ်ကလပ်ကိုကြည်ညိုခဲ့ကြောင်း၊ သတင်းများတွင် ပါမည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်ဟု သိရှိရသည်။

ယနေ့ည ၈ နာရီ ကြေညာသော စစ်ကောင်စီ ဝါဒဖြန့်သတင်းများတွင် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးလည်း သက်ရှိထင်ရှားရှိနေသည်ကို ပြသသွားပြီး စိုးဝင်းလည်း မြေယာ အစည်းအဝေးတက်ရောက်သည့်သတင်းကိုလည်း ကြေညာသွားသည်။

Khit Thit Media
https://m.facebook.com/story.php?story_fbid=1219702438467100&id=385165108587508

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.7K views13:58
திற / கருத்து
2021-06-11 14:01:59 EDM 017's Channel pinned a photo
11:01
திற / கருத்து
2021-06-11 13:57:58
"စာဖတ်ပရိသတ်များနှင့် တွဲဖက်လုပ်ကိုင်သူများထံ အသိပေးကြေညာချက်"

https://www.facebook.com/1089441034494182/posts/3662384357199824/
12.7K views10:57
திற / கருத்து
2021-06-11 12:25:44
ဇွန် ၉ရက်နေ့ညက ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အစ္စလာမ်ဘာသာ​ရေးစာသင်ကျောင်းတခု မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီသတင်းတက်လာပြီးချိန် မရှေးမနှောင်းမှာပဲ ဒလက ကမာကသွယ် ဗလီထဲမှာ သိုဝှက်ထားသော လက်လုပ်မှိုင်းများ ပေါက်ကွဲမီးလောင်ဆိုတဲ့သတင်း ပျံ့နှံ့လာပါတယ်။ ဒီသတင်းကို ပြန်လည်မျှဝေသူ 600 ကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။

"မီး​လောင်ချိန်ဟာ ည ၁၁ နာရီ​ကျော်ဖြစ်ပြီး ကာဖျူးထုတ်ထားတဲ့အချိန်ဖြစ်တယ်။ အရပ်ဝတ်စစ်သားတွေနဲ့ စစ်ကား​တွေ လှည့်ပတ်​နေတာသာ ရှိ​နေတဲ့ကြားက​နေ မီးထ​လောင်တာပါ။ ​ကျောင်း​တော်မှာလည်း ​လောင်စရာ ​လောင်စာဆိုလို့ ဘာမှမရှိပါဘူး။ ဒီမီး​လောင်မှုဟာ ဘာသာ​ရေးပဋိပက္ခဖြစ်​အောင် လုပ်​နေတယ်လို့ သုံးသပ်တယ်" လို့ ​ဖြေဆိုပါတယ်။ တခြားလွတ်လပ်တဲ့ သတင်းမီဒီယာ​တွေမှာလည်း လက်လုပ်မိုင်း​တွေပေါက်ကွဲမီးလောင်တယ်ဆိုတာမျိုး ဖော်ပြထားတာ မရှိပါဘူး။

Source -
https://thinkbeforeyoutrust.com/2021/06/11/dala-mosque-fake/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.9K views09:25
திற / கருத்து
2021-06-10 21:18:33
နိုင်ငံတော်အတိုင်ပင်ခံအား စစ်ကောင်စီမှ အဂတိလိုက်စားမှုပုဒ်မတစ်ခု ထပ်တိုးပြန်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ငွေကြေးနှင့်ရွှေ လက်ခံရယူသည်ဟုလည်းကောင်း၊ ရန်ကုန် ဗဟန်းရှိ ဒေါ်ခင်ကြည် ဖောင်ဒေရှင်းနေရာနှင့် နေပြည်တော်ရှိ လရောင်တော်စိုက်ပျိုးသက်မွေးပညာကျောင်း စီမံကိန်း တို့၌ လုပ်ထုံးကိုဖောက်ဖျက်သည့်အတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အမြား နစ်နာရသည်ဟုလည်းကောင်း စွတ်စွဲကာ အမှုထပ်တိုးခြင်းဖြစ်သည်။

အဆိုပါ အမှုထပ်တိုးခြင်းနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယခုလိုထပ်တိုးတာဟာ အခြေအမြစ်မရှိဘူးဟု ပြောသည်။ ‌နိုင်ငံတော်အတိုင်ပင်ခံဟာ ယခုပုဒ်မပါဆိုလျှင် စစ်ကောင်စီမှ အမှုဖွင့်စွတ်စွဲသည့် ပုဒ်မပေါင်း ၇ခုရှိပြီဖြစ်သည်။

ဘီဘီစီမြန်မာပိုင်း
https://www.bbc.com/burmese/institutional-57433532

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.1K views18:18
திற / கருத்து
2021-06-10 14:21:52
ဆေးဝါးရောင်းချသည့် နာမည်ကြီး ဆေးကုမ္ပဏီများသည် စစ်အစိုးရလက်အောက်တွင် ဖွင့်လှစ်ထားသည့် ဆေးရုံများရှိ ဆရာဝန်များထံ သွားရောက်၍ ၎င်းတို့၏ ဆေးများကို အသုံးပြုရန် ဆက်သွယ်ခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ဟု Mratt’s Channel က သတင်းရရှိသည်။

စစ်ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများရှိ Non-CDM ပြုလုပ်နေသည့် ဆရာဝန်များထံ ဆေးကုမ္ပဏီများက ၎င်းတို့၏ အရောင်း ဝန်ထမ်းများကို တိတ်တခိုး စေလွှတ်၍ ဆေးရောင်းချခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ “သူတို့ (ကုမ္ပဏီ လူကြီးပိုင်း) တွေက အတင်းသွားခိုင်းတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အရောင်း သတ်မှတ်ချက် မပြည့်ရင် ကုမ္ပဏီတွင်းမှာ ဖိအားပေးတယ်။ ဆိုတော့ မဖြစ်မနေသွားကြရတယ်” ဟု သတင်းပေးလာသူက ဆိုသည်။

Source -
https://mrattkthu.com/blogs/meds-companies-supports-non-cdm-doctors

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
16.0K views11:21
திற / கருத்து
2021-06-10 14:19:44
မြန်မာစစ်တပ်က အဓိကထိန်းချုပ်ထားသည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO) က ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်လိုက်ပြီဖြစ်သည်။

ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) သည် Mytel အော်ပရေတာတွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုအများပိုင်ကုမ္ပဏီ ၁၁ တွင် MAPCO က ကျပ် ၁ ဒသမ ၀၈ ဘီလျံတန်ဖိုးရှိသည့် အစုရှယ်ယာတစ်သန်းကျော် ပိုင်ဆိုင်ထားသည်။ MAPCO ကုမ္ပဏီက ထိုရှယ်ယာအားလုံးကို ပြန်လည်ရောင်းချပြီးဖြစ်ကြောင်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရေးသားသည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၀) တွင် သတင်းထုတ်ပြန်သည်။

Myanmar Now
https://www.myanmar-now.org/mm/news/7064

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
13.4K views11:19
திற / கருத்து
2021-06-10 11:01:40
ပြင်ဦးလွင်မြို့၌ စစ်တပ်လေယာဉ်ပျက်ကျပြီး ဆရာတော်တစ်ပါး၊ စစ်တပ်ရာထူးကြီးတချို့ အပါအဝင် စုစုပေါင်း ၁၂ဦး သေဆုံးခဲ့သည့်သတင်းမှာ မှန်သော်လည်း အဆိုပါသတင်းကို ဗီဒီယိုအမှားများနှင့် တွဲလျက် ပို့စ်တင်နေကြကြောင်း သိရသည်။ Thandaung Mupoe အမည်ဖြင့် အကောင့်မှတင်ထားသည့် လေယာဉ်ပျက်ကျမှုသတင်းဗီဒီယိုမှာ သတင်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ဗီဒီယိုအမှားသာဖြစ်သည်။

သတင်းဗီဒီယိုအမှန် -
1) https://www.facebook.com/elevenbroadcasting/videos/836092943955438/

2) https://www.facebook.com/watch/?v=531074221407771

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
15.8K views08:01
திற / கருத்து
2021-06-09 19:50:21
ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာ

မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆက်စစ်အုပ်စုနှင့် အပေါင်းအပါများကို ဦးတည်တိုက်ဖျက်နိုင်ရန် ရည်ရွယ်၍ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကို ဖွဲ့စည်းကြောင်း ကြေညာထားသည်။

https://m.facebook.com/story.php?story_fbid=1513519372331565&id=100010205493778

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
4.5K viewsedited  16:50
திற / கருத்து